Buying Guide: Shopမှာ မိမိနဲ့သင့်တော်တဲ့ Power Bank တွေဝယ်ယူနိုင်ဖို့အတွက် သိမှတ်စရာများ 0 354

ဖုန်းအသုံးပြုမှုအချိန် များပြားလာတာနဲ့အမျှ ဖုန်းဘတ္ထရီအားသုံးစွဲမှုတွေဟာလဲပိုပိုများလာပါတယ်။ အဲ့တာကြောင့် အနည်းဆုံး Power Bank တွေကို ဘတ္ထရီအားအပိုအနေနဲ့ဆောင်ထားလာကြပါပြီ။ တစ်ခါတစ်ရံ အရေးပေါ်ကိစ္စပေါ်လာတာ ဒါမှမဟုတ် ဖုန်းအရေးကြီးအသုံးပြုဖို့လိုအပ်လာတဲ့ အချိန်တွေမှာ ဖုန်းအားမရှိတာတွေဖြစ်တတ်ပါတယ်။ ဒီလိုချိန်တွေမှာနောင်တရတတ်တာကတော့ အားသွင်းကြိုးတွေ Power Bank တွေကို မိမိတို့နှင့်အတူမဆောင်ထားတတ်တာကိုပဲဖြစ်ပါတယ်။ ကဲဒါဆိုရင် Power Bank တွေကိုဆောင်ထားဖို့အတွက် ဝယ်ယူတော့မယ်ဆိုရင်တော့ မိမိလိုချင်တဲ့ Power Bank က ဘယ်လိုအချက်တွေနဲ့ကိုက်ညီတဲ့ အမျိုးအစားလဲဆိုတာသိရှိဖို့ ပြည့်စုံတဲ့လမ်းညွှန်မှုတွေကို ဖတ်ကြည့်လိုက်ရအောင်။

Power Bank ရဲ့ ဘတ္ထရီပမာဏ

Power Bank တစ်ခုမဝယ်ခင် စဉ်းစားသင့်တဲ့အရာတစ်ခုက ဘတ္ထရီပမာဏပဲဖြစ်ပါတယ်။ ဘတ္ထရီပမာဏများများပိုဆန့်တာဝယ်လေပိုကောင်းလေပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ဖုန်းအားပြည့်ဖို့အတွက် အချို့ဖုန်းတွေက အားသွင်းချိန်နည်းပေမယ့် အချို့ဖုန်းတွေက အားသွင်းချိန်ကြာမြင့်လို့ပဲဖြစ်ပါတယ်။ Power Bank တွေရဲ့ အမှန်တကယ်သိုလှောင်ထားတဲ့ ဘတ္ထရီပမာဏကို သိရှိနိုင်ဖို့အတွက် mAh (milliamp hours)နဲ့ တိုင်းတာပါတယ်။ ဒါ့ကြောင့် ဘတ္ထရီပမာဏ များလေ Power Bank ကပိုကောင်းပြီးတော့ ဖုန်းကို အားမြန်မြန်သွင်းနိုင်မှာပဲဖြစ်ပါတယ်။ Power Bank တွေဝယ်ယူမယ်ဆိုရင်တော့ဖုန်းသုံးတဲ့ အချိန်များလား နည်းလားကို ချင့်ချိန်၍ အနည်းဆုံး 5000 mAh ကနေ 50000 mAh အထိပါတဲ့ Power Band အမျိုးအစားကိုသင့်တော်သလိုဝယ်ယူနိုင်ပါတယ်။

Power Bank အားသွင်းနှုန်း

Power Bank တွေဟာ တစ်ခုနဲ့တစ်ခု အားသွင်းမြန်နှုန်း နှေးနှုန်းတွေမတူကြပါဖူး။ တိုးတက်လာတဲ့ခေတ်ကြီးထဲမှာ အချိန်တိုအတွင်း အားအပြည့်ဖြည့်ပေးနိုင်တဲ့ Power Bank တွေရှိသလို အချိန်များများယူတဲ့ Power Bank တွေလဲရှိပါတယ်။ ဒီလိုအမျိုးအစားတွေကတော့ စျေးနှုန်းကြောင့်ဖြစ်စေ Power Bank ဘတ္ထရီပမာဏအလိုက်ဖြစ်စေကွဲပြားသွားကြပါတယ်။ ပြီးတော့ အချို့ Power Bank တွေမှာဆိုရင် ဖုန်းကို Wireless အားသွင်းနိုင်တဲ့အပြင် Power Bank ကို Solar System နဲ့ အားသွင်းလို့ပါရနေပြီပဲဖြစ်ပါတယ်။

Power Bank အလေးချိန်

ဘတ္ထရီပမာဏများတဲ့ Power Bank တွေမှာပြသနာတစ်ခုရှိပါတယ်။ အဲ့တာကတော့ Power Bank ကလေးနေခြင်းပဲဖြစ်ပါတယ်။ သင်ကပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာအမြဲလုပ်တဲ့သူဆိုရင်တော့ ပေါ့တဲ့ ဘတ္ထရီတွေနဲ့ပိုသင့်တော်ပါတယ်။ Power Bank ကဖုန်းထက်ပိုလေးနေတာမျိုးတွေကသယ်ရပြုရအဆင်မပြေနိုင်ပါဖူး။ အကယ်၍ သင်က အလုပ်ကိုတစ်နေရာထဲမှာလုပ်ရတဲ့သူ ဒါမှမဟုတ် ဂိမ်းကစားတဲ့သူတွေဆိုရင်တော့ ဘတ္ထရီအားများတဲ့ Power Bank တွေကို ဝယ်သင့်ပါတယ်။ ဒါမှအချိန်ကြာကြာအသုံးပြုနိုင်ပြီး ဘတ္ထရီကုန်သွားမှာတွေကိုစိတ်ပူစရာမလိုတော့ပါဖူး။

Power Bank တွေမှာ ထက်မံပါဝင်လာတဲ့ နည်းပညာသစ်များ

အခုဆိုရင် Power Bank တွေမှာ ဘတ္ထရီပမာဏကို ဒစ်ဂျစ်တယ်ဖြင့်ဖော်ပြတာတွေ Power Bank တွေမှာ ဓာတ်မီးတွေ သီချင်းနားထောင်လို့ရတာတွေစသဖြင့်တဖြည်းဖြည်း နည်းပညာသစ်မှာတိုးချဲ့ပါဝင်လာကြပါပြီ။ ဒီ နည်းပညာတွေကိုပေါ်မူတည်၍ လည်းစျေးနှုန်းများလည်းကွာခြားသွားတတ်ပါတယ်။

To Download various kinds of Power Bank at Shop

📲 သင့်ဖုန်းထဲမှာ Shop App ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….

To Download Shop MM app

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် -🚚 ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *