”ခန္ဓာကိုယ်မှအဆီပိုတွေဖယ်ရှားချင်သူတွေအတွက် လုပ်ဆောင်သင့်တဲ့လေ့ကျင့်ခန်းများ” 0 566

ခန္ဓာကိုယ်မှအဆီပိုတွေဖယ်ရှားချင်တဲ့သူတွေအတွက် ပုံမှန်ပေါ့ပေါ့ပါးပါးလုပ်နိုင်တဲ့ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အဲ့တာတွေကတော့ –

ပြေးခြင်း (သို့) လမ်းလျှောက်ခြင်း

လေ့ကျင့်ခန်းလုပ်တဲ့အခါကယ်လိုရီတွေလောင်ကျွမ်းသွားပြီးသင့်ခန္ဓာကိုယ်အဆီရာခိုင်နှုန်းလျော့ကျသွားစေပါတယ်။ ထို့ကြောင့်လေ့ကျင့်ခန်းလုပ်ခြင်းသည်ဝမ်းဗိုက်အဆီဆုံးရှုံးမှုကိုအထောက်အကူပြုရုံသာမက ခန္ဓာကိုယ် အနှံ့မှ အဆီများကိုလည်းဖယ်ရှားပေးပါတယ်။ အပြေးနှင့်လမ်းလျှောက်ခြင်းဟာ အဆီကိုလောင်ကျွမ်းစေသည့် အကောင်းဆုံးလေ့ကျင့်ခန်းဖြစ်ပါတယ်…

စက်ဘီးစီးခြင်း

စက်ဘီးစီးခြင်းသည်အဆီပိုတွေဖယ်ရှားဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်သည်။စက်ဘီးနင်းတဲ့ အမြန်နှုန်းပေါ်မှာ မူတည်၍ ၃၀ မိနစ်စက်ဘီးစီးစဉ်တွင်လူတစ်ယောက်သည်ကယ်လိုရီ ၂၅၀ မှ ၅၀၀ ကြားလောင်ကျွမ်းနိုင်တဲ့အတွက်ပေါ့ပေါ့ပါးပါးနဲ့ အဆီတွေကို ဖယ်ရှားနိုင်မှာပဲဖြစ်ပါတယ်...

အိပ်ထမတင်ပြုလုပ်ခြင်း

အိပ်ထမတင်ပြုလုပ်ခြင်းကလဲခန္ဓာကိုယ်အဆီပိုတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ အိပ်ထမတင်ပြုလုပ်တဲ့အခါ ဝမ်းဗိုက်တစ်မျိုးထဲတွက်ပဲမဟုတ်ပဲ ခါးစောင်း တင်ပါး အတွက်ပါ အိပ်ထမတင်လေ့ကျင့်ခန်းများပါလုပ်ဆောင်ပေးခြင်းဖြင့် ခန္ဓာကိုယ်အဆီပိုတွေကို ဖယ်ရှားနိုင်ပါတယ်…

ကွင်းလှည့်ခြင်း

ကွင်းလှည့်ခြင်း လေ့ကျင့်ခန်းကတော့ များသောအားဖြင့် မိန်းခလေးတွေအဆော့များပြီး ဝမ်းဗိုက်ကအဆီတွေကို ထိထိရောက်ရောက်ကျဆင်းစေနိုင်ပါတယ်။ ပြီးတော့ ယောကျ်ားလေးတွေသာမက မိန်းခလေးတွေပါဆော့ကစားနိုင်ပါတယ်…

ယောဂဖျာဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်း

‌‌ယောဂဖျာဖြင့်လေ့ကျင့်ခန်းပြုလုပ်ခြင်းဆိုတာက ယောဂကျင့်တာခြင်းမျိုးမဟုတ်ပါဖူး‌‌။ ခန္ဓာကိုယ်ကို ဒိုက်ထိုးသဖွယ်အနေအထားဖြင့် အနည်းဆုံး ၅ မိနစ်မှ ၁၀ မိနစ်ထိ နေခြင်း။ အကယ်၍ ၅မိနစ်၁၀ မိနစ်လောက်ထိနေနိုင်လာပြီဆိုပါက အနည်းငယ်အလေးချိန်ရှိသော ပစ္စည်းသို့မဟုတ် 5kg ဝိတ်တုံးကို ကျောပေါ်တွင်ထား၍ ထိုသို့နေပေးပါ။ အချိန်ကြာကြာနေလေ အဆီများများလောက်ကျွမ်းလေဖြစ်တဲ့အတွက် ထိရောက်တဲ့ အဆီချနည်းလေ့ကျင့်ခန်းမျိုးဖြစ်ပါတယ်…

ယောဂဖျာနှင့် အလေးတုံးများ ခါးလှည့်‌ကွင်းများကို Shop မှာဝယ်ယူလို့ရနေပါပြီ…

ဝယ်ယူရန် – Link

📲 သင့်ဖုန်းထဲမှာ Shop App ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….

Shop app ကို download ရယူရန် – Link

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် –

✔️ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်..

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *