ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေမယ့် နည်းလမ်းများ 0 490

အမျိုးသားများဟာ တစ်နေ့တာကို လွယ်လင့်တကူ ဖြတ်ကျော်တတ်ကြပါတယ် … အသားအရေထိန်းသိမ်းခြင်းကို ပျိုမေတွေသာ လုပ်ဆောင်ရမယ့် အရာဟု သတ်မှတ်ထားကြပါတယ် … ယနေ့ခေတ်အချိန်အခါမှာတော့ အမျိုးသားများဟာလည်း အသားအရေကို ထိန်းသိမ်းမို့လိုအပ်ပြီး ပျိုမေတွေရဲ့ အသဲနှလုံးကို ရယူဖမ်းစားမို့အတွက် လိုအပ်နေပါပြီနော် … ကိုကိုညီညီတို့အတွက် နေ့စဉ်တစ်နေ့တာကို ဖြတ်သန်းမို့အတွက် အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ အဓိက အချက် ၆ ချက်ကိုဖော်ပြလိုက်ရပါတယ်နော် …

ခန္ဓာကိုယ်ကို တိုက်တွန်းသော ဆပ်ပြာနှင့် မျက်နှာမသစ်ပါနဲ့

သင်၏မျက်နှာကို ခန္ဓာကိုယ်ကို တိုက်တွန်းသော ဆပ်ပြာဖြင့် မျက်နှာသစ်ခြင်းဟာလည်း မျက်နှာသစ်ဆေးသုံးသကဲ့သို့ ထိရောက်မှု အတူတူဆိုပြီး အမျိုးသားအများစုဟာ ထင်မှတ်ကြပါတယ် … သို့သော် ခန္ဓာကိုယ်ကို တိုက်တွန်းသော ဆပ်ပြာများကို မျက်နှာကို ဆေးကြောခြင်းဟာ သင့်ရဲ့ အရေပြား၏ PH ကို ရှုပ်ထွေးစေပါတယ် … မျက်နှာအသားအရေ ခြောက်သွေ့ခြင်းများ၊ ရောင်ရမ်းခြင်းနှင့် ဝက်ခြံများကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ် … ထို့ကြောင့် မျက်နှာအတွက် သီးသန့်ထုတ်လုပ်ထားသော မျက်နှာသစ်ဆပ်ပြာကို အသုံးပြုသင့်ပါတယ် … သင့်ရဲ့ မျက်နှာသည် အခြား ခန္ဓာအစိတ်အပိုင်းများထက် အလွန်နူးညံ့သောကြောင့် အကောင်းမွန်ဆုံး ထိန်းသိမ်းရန်လိုအပ်ပါတယ် …

နေ့စဉ် လေ့ကျင့်ခန်း ပြုလုပ်ပါ ။

အမျိုးသားများအတွက် နေ့စဉ် ကိုယ်လက်လှုပ်ရှားမှုတစ်ခု ပြုလုပ်ရန် လိုအပ်ပါတယ် … သင်ဟာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်နိုင်လျှင် မနက်ခင်းတိုင်း (သို့) ညနေတိုင်း အပြေးလေ့ကျင့်ခန်းလည်း လုပ်နိုင်ပါသေးတယ်. .. လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှု ကောင်းစေပြီး ချွေးများထွက်ခြင်းကြောင့် သင့်အသားအရေတွင်ရှိသော အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အသားအရေကို သန့်ရှင်းစင်ကြယ်တောက်ပစေပါတယ်နော် … ဒါ့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် အဆီပိုများကို ဖယ်ရှားပေးပြီး အင်္ကျီဝတ်ဆင်ရာတွင်လည်း တောင့်တင်းပြီး ဖြောင့်မတ်သော Body ကြောင့် ပျိုမေတွေ သမင်လည်ပြန် ငေးမောစေမှာ အမှန်ပါ…

အိပ်စက်ချိန်ကို အပြည့်အဝယူပါ

အမျိုးသားများဟာ တောက်ပတဲ့ အသားအရေကို ပိုင်ဆိုင်မို့အတွက်ဆိုရင် တစ်နေ့ကို (၈) နာရီ အိပ်ချိန်အပြည့်အဝယူသင့်ပါတယ်နော် … အိပ်နေချိန်အတွင်းမှာ သင့်ရဲ့ နွမ်းလျမောပန်းနေတဲ့ အသားအရေကို အပြည့်အ၀ ပြန်လည်ပြုပြင်ပေးသောကြောင့်ဖြစ်ပါတယ် … ယနေ့ခေတ်အချိန်မှာတော့ ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတွေကို ပြုလုပ်ခြင်းများပြားလာတာကြောင့် အိပ်ချိန်ထဲက လျော့ပါပြီး သင့်ရဲ့ အသားအရေကို ထိခိုက်စေပါတယ်နော် … ဒါ့ကြောင့် ကြည်လင်အားပြည့်ပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်မို့အတွက် တစ်နေ့တာမှာ အိပ်ချိန်ကို အပြည့်အဝယူသင့်ပါတယ် ….

နေရောင်ခံလိမ်းဆေး (Sunscreen) ကိုအသုံးပြုပေးပါ

အရေးအကြောင်းများဖြစ်ပေါ်လာတဲ့ အကြောင်းအရင်းတစ်ခုကတော့ နေရောင်ဒဏ်ကြောင့်ပဲဖြစ်ပါတယ်…. နေရောင်ခြည်၏ ခရမ်းလွန်ရောင်ခြည်များနှင့် များစွာထိတွေ့ပါက အသက်အရွယ်ထက် ပိုမိုအိုမင်းသွားနိုင်ပါတယ်နော် … နေရောင်ဒဏ်၏ ပြင်းထန်သော ရောင်ခြည်များမှ ကာကွယ်ဖို့ရန်အတွက် SPF 30 (သို့) ၎င်းထက်ပိုမိုသော အရာများကို အသုံးပြုပေးပါ… SPF တွင် Moisturizer ပါဝင်သည့်အလှကုန်ကို အသုံးပြုခြင်းဖြင့် သင့်အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ပိုမိုရွေးချယ်သင့်ပါတယ်နော် ….

ရေများများသောက်ပေးပါ ….

ရေသောက်ခြင်းဟာ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး အသားအရေကို ကြည်လင်တောက်ပစေပါတယ်နော် … ရေဓာတ်သည် သင့်ရဲ့ခန္ဓာကိုယ်ကို ဂရုစိုင်ပြီး အသားအရည်ကို ထိန်းသိမ်းမို့ရန်အတွက် အကောင်းမွန်ဆုံးနှင့် အလွယ်ကူဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါတယ် … ဒါ့ကြောင့် တစ်နေ့ကို ရေ အနည်းဆုံး ဆယ်ခွက် သောက်ရန် လိုအပ်ပါတယ်နော် …

ဗီတာမင်များကို နေ့စဉ်စားသုံးပါ …

ကျန်းမာတဲ့အသားအရေကိုပိုင်ဆိုင်မို့အတွက် နေ့စဉ်ဗီတာမင်ဓာတ်များဟာလည်း မရှိမဖြစ် လိုအပ်ပါတယ်နော် … အရေပြားအတွက်လိုအပ်သော ဗီတာမင်များမှာ – အိုမင်းခြင်းကို ကာကွယ်မို့အတွက် ဗီတာမင် စီများ၊ မျက်လုံးအောက်ရှိ အမဲစက်နဲ့ မျက်ကွင်းအောက် ညိုမဲခြင်းတွေအတွက် ဗီတာမင်ကေများ၊ ကျန်းမာသောအသားအရေတွေအတွက် ဗီတာမင်အေနဲ့ ကော်လာဂျင်တွေထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်တဲ့ ဗီတာမင် ဒီများ ကိုလည်း နေ့စဉ်မျှတစွာ စားသုံးပေးမို့ရန်လည်း လိုအပ်ပါတယ် … ဗီတာမင်တစ်ခုခြင်းတွေအတွက် အချိန်ကုန်သက်သာစေရန် မီတာမင်များစွာပေါင်းစပ်ထားသော သစ်သီး (သို့) အခြားအထောက်အကူပြုဆေးဝါးတချို့ကိုလည်း စားသုံးပေးရပါမယ်နော် …

အမျိုးသားများဟာ နေ့စဉ်ဘဝမှာ ကျန်းမာရေးနှင့် အလှအပတွေကို ထိန်းသိမ်းမို့ လိုအပ်ပါတယ်နော် …ပျိုမေတွေရဲ့ အသဲစွဲကိုကိုဖြစ်စေပြီး အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်မို့အတွက် အခုပဲ နည်းလမ်းလေးတွေကို လုပ်ဆောင်လိုက်ကြရအောင်နော် ….

သင့်ရဲ့တစ်နေ့တာအတွက် လိုအပ်တဲ့ ပစ္စည်းတွေဖြစ်တဲ့ အလှအပဆိုင်ရာပစ္စည်းများ၊ အားကစားဆိုင်ရာပစ္စည်းများ နှင့်အခြားပစ္စည်းမျိုးကို ဝယ်ယူမို့အတွက် အခုပဲ Shop App ကို ဒေါင်းလုတ်ဆွဲလိုက်ကြရအောင်နော် …

Shop app ကို download ရယူရန် – Link

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် –

✔️ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်..

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *