❄Air con ကို မီတာခ အရမ်းမကုန်အောင်ဘယ်လိုအသုံးပြုကြမလဲ?❄ 0 2880

ပုံမှန်အားဖြင့် လူတွေဟာ အဲကွန်းအေးတာမအေးတာကို ရီမုနဲ့ လိုသလို ချိန်ဆပြီး အေးအောင်လုပ်နိုင်ကြတယ်လို့ထင်ကြပါတယ်။

တကယ်တော့မဟုတ်ပါဖူး။ အဲကွန်းမှထွက်လာတဲ့ အအေးဓာတ်ဟာတစ်သမက်ထဲပါပဲ။
အဲကွန်းရဲ့ Indoor Unit ဟာ အခန်းတွင်းကလေပူတွေကို စုပ်ယူလိုက်ပါတယ်။ အပြင်မှာ ၃၁ ဒီဂရီ ရှိနေချိန် အခန်းတွင်းမှာ အဲကွန်းကို ၂၇ ဒီဂရီ လုပ်ထားမယ် ဆိုရင် ၂၇ ဒီဂရီကို မရောက်မချင်း အဲကွန်းဟာ အခန်းတွင်းမှာရှိတဲ့ လေထုထဲက အပူတွေကို စုပ်ယူလိုက်ပြီးတော့ အခန်းတွင်းက အပူချိန်ကိုတဖြည်းဖြည်း ကျဆင်းလာစေပြီး အေးမြလာစေပါတယ်။

သက်မှတ်အပူချိန်ကို ရောက်ရှိပြီဆိုတာနဲ့ အဲကွန်းရဲ့ အပူစုတ်ယူမှု နဲ့ အအေးဓာတ် ထုတ်လွှင့်မှုဟာ ရပ်တန့်သွားပြီး သက်မှတ်အပူချိန်ကို ဆက်လက်ထိန်းထားပေးတာပဲဖြစ်ပါတယ်။အအေးဓာတ်ထုတ်လွှင့်မှုရပ်တာနည်းနည်းကြာသွားလို့ အပူချိန်အနည်းငယ်ပြန်တက်လာပြီဆိုရင် ထိုနည်းအတိုင်းပဲ အပူချိန်ကို ပြန်လည်ထိန်းချုပ်ပေးပါတယ်။ ပြီးတော့ အပူချိန် ၂၅ ဒီဂရီမှာထားတဲ့သူနဲ့ အပူချိန် ၁၆ ဒီဂရီမှာထားတဲ့ သူတို့ရဲ့ လျှပ်စစ်သုံးစွဲမှုနှုန်းဟာမတူပါဖူး။

အခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီ ၁၈ ဒီဂရီ အထိ ချဖို့ဟာ အဲကွန်းတစ်လုံးအတွက် ခက်ခဲပါတယ်။ အဲကွန်းကအခန်းတွင်း အပူချိန်ကို ၁၆ ဒီဂရီထိချဖို့အတွက် ဆက်တိုက် လည်ပတ်ရတဲ့အတွက် မီတာခလဲတက်ပါတယ်။ ပြီးတော့ စက်လဲ ပိုပြီးအလုပ်လုပ်ရတဲ့အတွက် သုံးစွဲမှုကြာချိန်ကိုလျှော့ကျစေပါတယ်။ပုံမှန်အားဖြင့် လူ့အရေအပြားဟာ ၂၅ဒီဂရီဆိုရင် သက်တောင့်သက်သာနေနိုင်တဲ့ အအေးချိန်ဖြစ်ပါတယ်။ ပြီးတော့ များသောအားဖြင့် ပန်ကာလည်နှုန်းမြင့်လေ ပိုပြီးအေးတယ်လို့ထင်ကြပါတယ်။ တကယ်က အခန်းတွင်းမှာရှိတဲ့ အပူချိန်ကို လည်ပတ်စီးဆင်းမှုနှုန်းသာမြင့်စေတာဖြစ်ပြီး ထိုသို့ပန်ကာ အမြင့်ဆုံးထားခြင်းက မီတာခကိုပို၍ ကုန်ကျစေပါတယ်။အဲ့တာကြောင့်စစဖွင့်ချင်းသာ Fan Speed ကို မြှင့်ပြီး အေးလာတဲ့ အခါ ပုံမှန်ကို ပြန်လျှော့ချခြင်းဖြင့် မီတာခကိုသက်သာစေနိုင်ပါတယ်။

အဲကွန်းကို တောက်လျှောက်သုံးပြီး မီတာခကို လျှော့ချချင်တယ်ဆိုရင်တော့ Cool Mode ကိုအသုံးမပြုပဲ Dry mode ကိုအသုံးပြုသင့်ပါတယ်။ Dry Mode မှာတော့ လေထုထဲက ရေငွေ့ကို ဖယ်ရှားပေးဖို့ Evaporator သာ အလုပ်လုပ်တဲ့အတွက်ဓာတ်အားသုံးစွဲမှု ပိုနည်းပါတယ်။ ပြီးတော့ Cool Mode နဲ့ မသုံးဘဲ Dry Mode ကို ၂၅ ဒီဂရီလောက်မှာ ထားပြီး Fan Speed ကိုလည်း လျှော့ပြီး သုံးမယ် ဆိုရင်တော့ အခန်းတွင်း ရေငွေ့ပါဝင်နှုန်းကို လျှော့ချပေးတဲ့အတွက်အခန်းတွင်းမှာ မှိုမတက်ခြင်း၊ ရောဂါပိုးမွှားတွေ မပေါက်ပွါးနိုင်ခြင်း စသည်တို့ကို ထိန်းချုပ်ပေးနိုင်တဲ့ အပြင် မီတာကိုလဲ အသင့်အတင့်လျှော့ချနိုင်မှာပဲဖြစ်ပါတယ်။ Shop မှာ လေထွက်အားလဲ ကောင်းပြီး ခဏတာအတွင်း အခန်းကို အေးမြစေမည့် မီးအားမစားတဲ့ အဲကွန်းတွေကို ဝယ်ယူနိုင်ပါတယ်…

အဲကွန်းများဝယ်ယူရန်လင့်ခ် >>> Link

📲 သင့်ဖုန်းထဲမှာ Shop App ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….

Shop app ကို download ရယူရန် – Link

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် –

✔️ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်..

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *