အိမ်မှာနေပြီး လတ်ဆတ်တဲ့ အသီးအနှံလေးတွေနဲ့ အသားအရေကို ထိန်းသိမ်းကြမယ် 0 346

လတ်ဆတ်တဲ့ အသီးအနှံလေးတွေက သင်တို့ရဲ့ အသားအရေကို များစွာအကျိုးသက်ရောက်မှု ရှိစေပါတယ်။ ဓာတုဆေးဝါးလုံး၀ မပါဝင်ဘဲ အသီးအနှံလေးတွေနဲ့ Mask လေးတွေ ပြုလုပ်ခြင်းဟာ အသားအရေအတွက် လွန်စွာကောင်းမွန်ပါတယ်။ ဒီနေ့မှာတော့ အိမ်မှာနေတဲ့ သူလေးတွေအတွက် အပျင်းလည်းပြေပြီး အသားအရေကို လှစေမယ့် အသီးအနှံတွေနဲ့ Mask တွေ ဘယ်လိုပြုလုပ်လို့ရပြီး သင့်အသားအရေကို ဘယ်လိုအကျိုးပြုစေမလဲဆိုတာ ဖော်ပြလိုက်ပါတယ်နော်

(၁) သရက်သီးဖြင့် ပြုလုပ်နိုင်သော Mask လေး

သရက်သီးတွင် သင့်ရဲ့ အရေပြားကိုယောင်ယမ်းတာကို သက်သာစေသော antioxidants များပါဝင်တာကြောင့် သင့်ရဲ့အသားအရေကို လွန်စွာကောင်းမွန်စေပါတယ်။ Beta-carotene ၊ vitamins C နှင့် E တို့ပါဝင်တာကြောင့် သင့်အသားအရေအတွင်းပိုင်းထိ သက်သာစေပါတယ်။

လိုအပ်သောပစ္စည်းများ –

  • သရက်သီးမှည့်တစ်လုံး
  • မျက်နှာပေါင်းတင်ရာတွင် အသုံးပြုသောရွှံ့ (Fuller’s earth) ၂ ဇွန်း- ၃ ဇွန်း ခန့်

ပြုလုပ်နည်း – သရက်သီးမှည့်တစ်လုံးတွင်ရှိသော အခွံများကိုခွာပြီး အသားများကိုချေကာ Fuller’s earth နဲ့ အတူနှံ့စပ်စွာရောနယ်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းကို နှံ့စပ်စွာလိမ်းပြီး မိနစ် ၃၀ ခန့်ထားပေးပါ။ မျက်နှာပြင်တစ်ခုလုံး ခြောက်သွေ့သွားသည်နှင့် တစ်ပြိုင်နက် စက်ဝိုင်းပုံသဏ္ဍာန်ပြုလုပ်ပြီး မျက်နှာကို အသာအယာနှိပ်နယ်ကာ ရေဆေးချပေးပါ။ ထို့နောက် ကြည်လင်ချောမွေ့တဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်

(၂) သခွားသီးဖြင့် ပြုလုပ်သော Mask

သခွားသီးသည် အရေပြားခြောက်သွေ့ခြင်းနှင့် အရေပြားခြောက်သွေ့ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်သည့်ရောင်ရမ်းမှု၊ ကုထုံးများနှင့် ပြန်လည်နုပျိုစေသောဂုဏ်သတ္တိများကို ပေးစွမ်းနိုင်ပါတယ် …သခွားသီးသည် ၉၆% သောရေဖြစ်ပြီး သင့်အသားအရေကိုရေဓာတ်များစွာ ဖြည့်တင်းပေးပြီး သင့်အသားအရေကို ချောမွေ့စေပြီး ယားယံမှုဖြစ်ပေါ်ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် အရေးအကြောင်းများကိုလည်း သက်သာစေပါတယ်။

လိုအပ်သောပစ္စည်းများ

  • သခွားသီးတစ်ဝက်
  • နွားနို့တစ်ခွက်
  • ပျားရည်တစ်ဇွန်း
  • အညိုရောင် တစ်ဇွန်း

ပြုလုပ်နည်း – သခွားသီးကို အခွံခွာပြီး စင်ကြယ်အောင်ပြုလုပ်ပါ။ ထို့နောက် သခွားသီးကို အခွံခွာပြီး နို့၊ ပျားရည်နှင့် အညိုရောင်သကြားတို့ကို ရောမွှေပါ။ ထိုရောစပ်ထားသော အရာကို မျက်နှာပေါ်တွင်လိမ်းပြီးမိနစ် ၂၀ ခန့်ထားပါ။ ထို့နောက် မျက်နှာကိုရေဆေးချပြီး ခြောက်သွေ့အောင်ပြုလုပ်ပေးပ်။ ထို့နောက် နူးညံ့ပြီး အညစ်အကြေးကင်းစင်သော အသားအရေလေးကို ရရှိမှာ ဖြစ်ပါတယ်။

သတိပြုရန်: နို့တွင်အက်တမ်အက်စစ်ရှိသည်။ သင့်အသားအရေက ထိခိုက်လွယ်သော အသားအရေမျိုးဆိုပါက သုံးရန်မသင့်တော်ပါ။

(၃) ခရမ်းချဉ်သီးဖြင့် ပြုလုပ်သော Mask

ခရမ်းချဉ်သီးသည် အိုမင်းရင့်ရော်ခြင်းများကို နှောင့်နှေးစေရုံသာမက အရေပြားကိုပျက်စီးစေသော UVရောင်ခြည်များမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သင့်အသားအရေကိုလည်းတောက်ပစေပြီး နူးညံ့ချောမွေ့စေပါတယ်။

လိုအပ်သည့်ပစ္စည်းများ

  • ခရမ်းချဉ်သီး (၁) လုံး
  • လက်ဖက်ရည်ဇွန်း (၁) ဇွန်းခန့်ဒိန်ချဉ်
  • အုတ်ဂျုံ

ပြုလုပ်နည်း – ခရမ်းချဉ်သီးကို ကြေညက်စွာ ချေမွပါ။ ထို့နောက် ဒိန်ချဉ်၊ အုတ်ဂျုံနှင့် ခရမ်းချဉ်သီးတို့ကို နှံ့စပ်စွာရောလိမ်းပါ။ မျက်နှာနှင့် လည်ပင်းပေါ်တွင်လိမ်းပြီး ၁၀ မိနစ်ခန့်ကြာအောင် တင်ထားပေးပါ။ ထို့နောက် နူးညံ့ချောမွေ့တဲ့အသားအရေ ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဒိန်ချဉ်တွင် Lactic အက်စစ် ပါဝင်သောကြောင့် ထိခိုက်လွယ်သော အသားအရေပိုင်ရှင်များ အသုံးပြုရန် မသင့်ပါ။

(၄) ငှက်ပျောသီးဖြင့် ပြုလုပ်သော Mask

ငှက်ပျောတွင် ဗီတာမင် B6၊ ဗီတာမင်စီ၊ ပိုတက်စီယမ်နှင့်အခြားအာဟာရများပါဝင်ပြီး အရေပြားကို တင်းရင်းစေပါပြီး အရေးအကြောင်းတွေဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ် ။ အသားအရေအားနေရောင်ခြည်ဒဏ်မှကာကွယ်ပေးပြီး ခြောက်သွေ့သော အသားအရေပိုင်ရှင်များနှင့် အလွန်သင့်တော်ပါတယ်။

လိုအပ်သည့်ပစ္စည်းများ

  • ငှက်ပျော်သီးတစ်ဝက်
  • ပျားရည်( လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်)
  • သံပုရာရည် (လက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်)

ပြုလုပ်နည်း – ငှက်ပျောသီးတစ်ဝက်ကို ကျေညက်စွာချေပြီး ပျားရည်၊ သံပုရည်တို့နှင့်အတူ နှံ့စပ်စွာရောမွှေပါ။ ထို့နောက် သန့်ရှင်းသော မျက်နှာပေါ်ကို နှံ့စပ်စွာလိမ်းပါ။ ထို့နောက် မိနစ် ၂၀ ခန့်ထားပြီး ခြောက်သွေ့သည်နှင့် ရေဆေးချပြီး ကြည်လင်သန့်ရှင်း အသားအရေလေးကို ပိုင်ဆိုင်နု်ငမှာဖြစ်ပါတယ်။

သင်သည် ခြောက်သွေ့သောအသားအရေနှင့် ထိခိုက်လွယ်သော အသားအရေဖြစ်ပါက သံပုရည် မပါဘဲ ပြုလုပ်နိုင်ပါတယ်။

အိမ်မှာနေရင်း လှစေမို့အတွက် လွယ်ကူပြီး လတ်ဆတ်တဲ့ အသီးအနှံလေးတွေကို အသုံးပြုပြီး လှနိုင်ကြပါစေနော်..

အလှကုန်ပစ္စည်းမျိုးစုံကိုလည်း အိမ်မှာနေပြီး အွန်လိုင်းမှတစ်ဆင့် Shop မှ ဝယ်ယူလို့ရပြီနော်…

🛡 Shop.com.mm မှပစ္စည်းပို့ဆောင်ပေးသူများဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအကြံပြုထားသော ကာကွယ်မှုများကို ထိရောက်စွာလိုက်နာပြီး ဝယ်ယူသူများထံသို့ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနေပါတယ်။ဒါ့ကြောင့် အိမ်မှာနေပြီး အွန်လိုင်းကနေ ဈေးဝယ်လိုက်ပါ …🛡

Shop app ကို download ရယူရန် – Link

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် –

🔔 ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။🔔

အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *