Shop.com.mm သည် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက် အခွင့်အလမ်းအသစ်များရရှိရန်နှင့် ငွေကြေးအကျပ်အတည်းများကိုဖြေရှင်းရန် မြန်မာငွေကျပ် ၄၂၃ သန်းတန်ဖိုးရှိသော စီမံကိန်းတစ်ခုကိုစတင် 0 458

မြန်မာနိုင်ငံ၏စီးပွားရေးပြန်လည်ကုစားရေး : Shop.com.mm သည် COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံနှံ့ မှုကာလအတွင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အတွက် အခွင့်အလမ်းအသစ်မျာရရှိရန်နှင့် ငွေကြေးအကျပ်အတည်းများကိုဖြေရှင်းရန် မြန်မာငွေကျပ် ၄၂၃ သန်းတန်ဖိုးရှိသော စီမံကိန်းတစ်ခုကိုစတင်လိုက်ပါတယ်

ကမ္ဘာ့ကပ်ရောဂါ COVID19 ကူးစက်ပျံ့နှံ့ မှုကြောင့် မြန်မာနိုင်ငံ၏စီးပွားရေး အခြေအနေထိခိုက်မှုများ မည်မျှရှိသည်ဟု အပြည့်အဝတိုင်းတာထားခြင်းမရှိသေးသော်လည်း ကုန်သွယ်မှုများ ရပ်တန့်လျှော့ကျသွားခြင်း၊ စီးပွားရေးကျဆင်းမှုတို့ကြောင့် တိုင်းပြည်၏စီးပွားရေး ၉၀% ကျော်ကို အထောက်အကူပြုနေသော အသေးစားနှင့် အလတ်စား လုပ်ငန်းများအပေါ်လည်း ကြီးမားစွာထိခိုက်မှုရှိလာပါသည်။

ကပ်ရောဂါရဲ့ အကျိူးသက်ရောက်မှုကိုလျှော့ချရန်နှင့် စီးပွားရေးပြန်လည်ရှင့်သန်ရေးအတွက် အသေးစားအလတ်စားလုပ်ငန်းများပြန်လည်ရပ်တည်လာဖို့အရေးကြီးပါတယ်

စီးပွားရေးတွင် အသေးစား၊အလတ်စားလုပ်ငမ်းများ၏ အရေးပါမှုများ ကြောင့်တိုင်းပြည်ရဲ့အွန်လိုင်းဈေးကွက်တွင် ထိပ်တန်းမှဦးဆောင်နေသော Shop.com.mm သည် အသေးစားနှင့်အလတ်စား လုပ်ငန်းများကို ထောက်ပံ့ပေးသည့် SMEs အထောက်အပံ့အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။ Shop သည်မြန်မာနိုင်ငံ၏ e-commerce ဈေးကွက်တွင် ၅ နှစ်ကျော်ဦးဆောင်လာခဲ့ပြီး လက်ရှိတွင်ရာင်းသူ ၅ထောင်ကျော်နှင့် တစ်လလျှင် သုံးစွဲသူ ၁ သိန်းကျော်ရှိပါသည်။ Shop သည်မြန်မာနိုင်ငံအတွင်းရှိဒေသအားလုံးသို့ဖြန့်ဖြူးရောင်းချနေသည့်ကျယ်ပြန့်သော ပို့ဆောင်ဆက်သွယ်ရေး ကွန်ယက်ကိုလုပ်ဆောင်နေပြီး ရောင်းချသူများနှင့်ဝယ်ယူသူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရောင်းဝယ်ဖောက်ကားလျှက်ရှိပါတယ်

SMEs အထောက်အပံ့အစီအစဉ် သည် ခန့်မှန်းငွေကျပ် ၄၂၃ သန်းခန့် တန်ဘိုး ရှိပြီး အသေးစား၊အလတ်စားလုပ်ငန်းပေါင်း ၃၀၀၀ ကျော်၏လက်ရှိဈေးကွက်တွင်ရင်ဆိုင်နေရသော စိန်ခေါ်မှုများဖြစ်သည့် ငွေသားစီးဆင်းမှု၊ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်များ နှင့် လက်ရှိဈေးကွက်အခြေအနေတွင် ဝယ်ယူသူများထံ ရောက်ရှိရေး အစရှိသည်တို့ကို ကူညီထောက်ပံ့ပေးနိုင်ရန်အတွက်စီစဉ်ထားပါတယ်။

အစီအစဉ်တွင် ငွေသားပေးချေမှုကောင်ခံသော အခကြေး ဝ% ရာခိုင်နှုန်း၊ ဈေးကွက်အရောင်းမြှင့်တင်ခြင်းအစီအစဉ်များ အခမဲ့ လုပ်ဆောင်ပေးခြင်း၊ ပစ္စည်းထုတ်ပိုးမှုသုံးကုန်ကြမ်းများအတွက် အထောက်အပံ့ ပေးခြင်းနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များလျှော့ချပေးခြင်း များပါဝင်ပါတယ်။ ထိုအချက်များအပြင် ယခင်ကကဲ့သို့ ရောင်းသူ၏အရွယ်အစားမည်သို့ပင်ရှိစေကာမူ Shop ပလက်ဖောင်းရှိရောင်းသူအားလုံးအတွက်ကော်မရှင်နှုန်း 0% ဖြင့်ထားရှိပေးထားပါသည်။

အရောင်းမြှင့်တင်ခြင်းအစီအစဉ်တွင် followers ၁.၅ သန်း ထက်ရှိသော Shop ရဲ့ Facebook စာမျက်နှာတွင် ကြော်ငြာပေးခြင်း၊ ဝက်ဘ်ဆိုက် တွင်ကြော်ငြာပေးခြင်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများရောင်းချသူများအတွက်ရောင်းအားတက်စေရန် အစီအစဉ်များ ပြုလုပ်ပေးခြင်းတို့ပါဝင်ပါသည်။

ပရိုဂရမ်အတွင်းရှိအခြားအထောက်အပံ့ပေးမှုများတွင်စီးပွားရေးလုပ်ငန်းသစ်များကိုမှတ်ပုံတင်ပြီး ၂ ရက်ထက်နည်းသောအချိန်တွင်စတင်ရောင်းချနိုင်ခြင်းနှင့်ရောင်းချသူကုန်သည်များကို ငွေသားလည်ပတ်မှု ပိုမိုလျှင်မြန်စေရန်လုပ်ဆောင်ထားပါသည်။ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ရေတိုကာလ အတွင်း အောင်မြင်ရန်ဤအချက်နှစ်ချက်သည်မရှိမဖြစ်လိုအပ်ပါတယ်။

”အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများသည်စီးပွားရေး၏အခြေခံအုတ်မြစ်ဖြစ်ကြသော်လည်း၊လည်ပတ်ငွေအရင်းအနှီး မြောက်များစွာမရှိကြပါဘူး။လက်ရှိအခြေအနေမှာဆိုရင် စီးပွားရေးအခြေအနေများ ကျပ်တည်းနေကြပါတယ်၊ ထို့ကြောင့် ရောင်းချသူများအတွက် ရောင်းချရန်စာရင်းပေးသွင်းခြင်းများ၊ငွေပေးချေမှုလုပ်ငန်းစဉ်ကိုမြန်ဆန် အောင်ပြုလုပ်ပေးခြင်းဖြင့် ရုန်းကန်နေရသောစီးပွားရေးလုပ်ငန်းများကိုအမြန်ဆုံးငွေသားလည်ပတ်နိုင်စေမှာဖြစ်ပါတယ်။ထို့အပြင် ဝန်ဆောင်မှုကော်မရှင် 0% ရာခိုင်နှုန်း၊0% ပေးဆောင်ခနှင့် Shop Application တွင် ထူးခြားသော campaign အစီအစဉ်များပြုလုပ်ပေးခြင်းဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများကိုဤအကျပ်အတည်းမှလွတ်မြောက်ရန်အခွင့်အလမ်းများပေးလိမ့်မည် ” ဟု Managing Director, Frans Maas မှပြောကြားထားပါသည်။

မြန်မာနိုင်ငံတွင်အဓိကအာရုံစိုက်ရာများထဲမှတစ်ခုမှာစီးပွားရေးလုပ်ငန်းများကိုဒစ်ဂျစ်တယ်စနစ်ဖြင့်ပြောင်းလဲခြင်းဖြစ်ပါတယ်။အထူးသဖြင့် COVID-19 ကူးစက်ပျံနှံ့ချိန်တွင် ဒစ်ဂျစ်တယ် Channel များမှာအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်ထွက်ပေါက်အသစ်တစ်ခုကိုပေးစွမ်းနိုင်ပြီ လက်လီ လက်ကားအရောင်းဆိုင်များမှာတော့ အသွားအလာနည်းပါးလာပြီး ရောင်းအားများကျဆင်းလာတာတွေ့ရပါသည်။

အစီအစဉ်ကို အရှိန်အဟုန်ဖြင့်တိုးတက်အောင်ဆောင်ရွက်နေသောလည်း အသုံးပြုသူများပညာပေးရေးဟာ မြန်မာနိုင်ငံ၏ စီးပွားရေးစနစ်ကို ဒစ်ဂျစ်တယ်စနစ်သို့ အသွင်ပြောင်းရာတွင်အတားအဆီးတစ်ခုဖြစ်နေပါသေးတယ်။Shop ရဲ့ SMEs အထောက်အပံ့အစီအစဉ်တွင်အွန်လိုင်းအရောင်း၌အသစ်ဖြစ်နေသောအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်လျှင်မြန်စွာ စာရင်းသွင်းခြင်း၊ သင်တန်းများပို့ချခြင်း နှင့် ပညာပေးခြင်းတို့ကို စီစဉ်ထားပါတယ်။ Shopရှိ Shop University’ တွင် e-commerceနှင့်ပတ်သက်သည့်အကန့်အသတ်မရှိအခမဲ့သင်ကြားပေးသောသင်ခန်းစာများ ပါဝင်ပြီး အခမဲ့သင်ကြားနိုင်မှာ ဖြစ်ပါသည်။

ပရိုဂရမ်တွင်ပေါင်းစပ်ထားသောဈေးကွက်ပိုင်း အရည်အသွးဆိုင်ရာ တို့သည် လည်း စားသုံးသူများကြားပေါက်အောင် ဆောင်ရွက်ချက်များလည်းပါဝင်ပါသည်။ဤသို့ အခြေအနေ နှစ်ဘက်မှ ချဉ်းကပ်မှုဖြင့် Shop မှ အွန်လိုင်းစီးပွားရေးစနစ်နှင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက်အရောင်းအခွင့်အလမ်းများဖန်တီးပေးရန်မျှော်လင့်သည်။

Shopရဲ့အဓိကရည်ရွယ်ချက်မှာဒစ်ဂျစ်တယ်ခေတ်တွင်မည်သူမဆိုစီးပွားရေးလုပ်ရန်လွယ်ကူစေရန်ဖြစ်ပြီး ၊ Shopပလက်ဖောင်းမှရောင်းသူနှင့်စီးပွားရေးလုပ်ငန်းများကို ဒီဂျစ်တယ်ခေတ်တွင်း စီးပွားရေးလုပ်ခြင်းနှင့် ပတ်သတ်သည့် ပညာပေးလုပ်ငန်းများကို အာရုံစိုက်ပြီးလုပ်ဆောင်နေပါတယ်။

ဒီလိုခက်ခဲနေတဲ့အချိန်မှာ Shop ကနေ ရောင်းချသူအသစ်များအတွက်လျှင်မြန်စွာ စာရင်းသွင်းခြင်း၊ အခမဲ့ သင်တန်းများပို့ချခြင်းနှင့်အခြား အထောက်အပံ့များကို လုပ်ဆောင်နိုင်တဲ့ အတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ပံ့ပိုးမှု အပြည့်အစုံနှင့်အတူ ဤအစီအစဉ်ဟာ မြန်မာနိုင်ငံရှိအသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအားလုံးအတွက် အွန်လိုင်းမှရောင်းချရန်နှင့်သူတို့၏စီးပွားရေးကိုအမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရန်လုပ်ရန်ရည်ရွယ်သည်။ ” ဟု Daraz Myanmar ရဲ့ Managing Director,Frans Maas မှပြောကြားပါသည်။

Shop မှ SMEs အထောက်အပံ့အစီအစဉ် ကနေ ကနေ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ၃၀၀၀ ခန့် သည် Shop ပေါ်မှ နိုင်ငံ တစ်ဝှမ်းရှိ ဝယ်သူသူပေါင်း ၁သန်းကျော် ကိုရောက်ရှိနိုင်မည့်အပြင်၊ E-commerce ဆိုင်ရာ အခြားအကြိုးကျေးဇူးများကြောင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း ၃၀၀၀ ခန့် စီးပွားရေးအခြေအနေများပြန်လည်ထူထောင်နိုင်မည်ဟုခန်မှန်းထားပါတယ်။ အွန်လိုင်းသို့ပြောင်းလဲလိုသောစီးပွားရေးလုပ်ငန်းအားလုံး Shop ရဲ့ seller sign up page သို့စာရင်းသွင်းခြင်း Shop အွန်လိုင်းတွင် စတင်ရောင်းချနိုင်မှာပဲ ဖြစ်ပါသည်။

Shop မှ အခြားစီးပွားရေးဆိုင်ရာအထောက်အပံ့များတွင် အခမဲ့ သင်ကြားပေးသောသင်ခန်းစာများပါဝင်သည့် ‘Shop University‘ နှင့် စီးပွားရေးလုပ်ငန်းသစ်များအားဆိုင်အတွင်း၌ ၂ ရက်အတွင်းစတင်ရောင်းချနိုင်ပြီး (https://www.shop.com.mm/sell-on-shop/) တစ်လလျှင်အွန်လိုင်းဈေး ဝယ်သူ တစ်သန်းကျော်ကို ရောင်းချနိုင်မှာဖြစ်ပါသည်။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *