အမေများနေ့တွင် ချစ်ခြင်းမေတ္တာကို ဖော်ပြရန်အတွက် အကောင်းဆုံးလက်ဆောင်လေးများ …. 0 727

မေလ (၁၀) ရက်နေ့မှာ ကျရောက်လာမယ့် အမေများနေ့မှာ ကျွန်ုပ် တို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို အကောင်းမွန်ဆုံးဖော်ပြကြမှာပါ။ မွေးကျေးဇူးကုန်အောင် မဆပ်နိုင်သော်ငြားလည်း ကျွန်ုပ်တို့ကို ချစ်ခြင်းမေတ္တာတွေပေးတဲ့ အမေ့မေတ္တာတွေကို ဒီရက်လေးမှာ အမေ့ကိုလက်ဆောင်လေးပေးရင်းနဲ့ ပျော်ရွှင်စရာ အမှတ်တရနေ့ကို ဖန်တီးလိုက်ကြရအောင် ..

အမေများနေ့မှာ လက်ဆောင်ပေးမို့အတွက် အကောင်းဆုံးလက်ဆောင်လေးများကို စုစည်းတင်ပြလိုက်ရပါတယ်နော် ။

(၁) လှပသော လက်ဝတ်ရတနာများ
အမေများဟာလည်း မိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တဲ့အတွက် သူမကြိုက်နှစ်သက်သော ဒီဇိုင်း(သို့) လှပသော လက်ဝတ်ရတနာများကို ဝယ်ပေးသင့်ပါတယ်။ လက်ဝတ်ရတနာများကို ရွေးချယ်ရာတွင်လည်း အရိုးရှင်းဆုံးဒီဇိုင်းသာ အလှဆုံးဖြစ်တဲ့အတွက် ရိုးရိုးရှင်းရှင်းနှင့် အမြင်တင့်တယ်သော ဒီဇိုင်းများကိုသာ ရွေးချယ်သင့်ပါတယ်။

(၂) ပန်းစည်းများနှင့် ပန်းပင်များ
ကျွန်ုပ်တို့ကို ဒီအရွယ်ကာလကြီးပြင်းသည်အထိ စောင့်ရှောက်ခဲ့သော မိခင်အား ဂုဏ်ပြုချီးကျူးသည့်အနေဖြင့် ပန်းစည်းများ ပေးခြင်းဟာလည်း အကောင်းဆုံးလက်ဆောင်လေးပါပဲနော်။ နွေးထွေးဂရုတစိုက် စောင့်ရှောက်တတ်သော သူမအား ပန်းပင်များကို လက်ဆောင်ပေးခြင်းဟာလည်း သူမအတွက် စိတ်ကျေနပ်စရာကောင်းတဲ့ လက်ဆောင်တစ်ခုဖြစ်စေမှာပါ။

(၃) လက်ကိုင်အိတ်များ
မိန်းမသားတွေတစ်ဦး အပါအဝင်ဖြစ်တဲ့ ကျွန်ုပ်တို့မိခင်ဟာလည်း အလှအပကြိုက်တတ်သော မိန်းမသားတစ်ဦးပင်ဖြစ်ပါတယ်။ လက်ကိုင်အိတ်ကောင်းကောင်းလေး တစ်လုံးကို ပေးခြင်းအားဖြင့်လည်း သင့်ရဲ့ မေတ္တာများကို ဖော်ပြပေးလိုက်ပါနော်

(၄) အဝတ်အစားများ
ကမ္ဘာပေါ်ရှိ မိန်းမသားများထဲတွင် ကျွနု်ပ်တို့၏ မိခင်များသာ အလှပဆုံးဖြစ်ပါတယ်။ အလှပဆုံးမိခင်များအတွက် ပိုမိုလှပစေရန်အတွက် ပါတိတ်များကို ကန်တော့ခြင်းသည်လည်း အကောင်းမွန်ဆုံး လက်ဆောင်တွေထဲက တစ်ခုဖြစ်ပါတယ်။

(၅) နာရီများ
အချိန်တိကျလိုက်နာတတ်အောင် သင်ကြားပေးခဲ့သော မေမေတို့အတွက် အလှပဆုံး လက်ပတ်နာရီတစ်လုံးကို လက်ဆောင်ပေးခြင်းဟာလည်း ကောင်းမွန်တဲ့ စိတ်ကူးအကြံဉာဏ်လေးပဲဖြစ်ပါတယ် ။

(၆) ဖန်ခွက်လှလှလေးများ
ကော်ဖီခွက် လှလှလေးတွေကို ဝယ်ယူပြီး ကိုယ့်စိတ်ကြိုက် ပုံနှင့် စာလေးတွေကို ခွက်လေးပေါ်တွင် ရိုက်နှိပ်ပြီး လက်ဆောင်ပေးခြင်းဟာလည်း လှပတဲ့ စိတ်ကူးလေးတစ်ခုပဲဖြစ်ပါတယ်။

(၇) ပုဝါများ
ကျွန်ုပ်တို့ရဲ့ မိခင်များအတွက် ဘုရားဝတ်ပြုသည့်အချိန်တွင်ဖြစ်စေ၊ အလှဝတ်တဲ့အချိန်ဖြစ်စေ အမေ့ရဲ့ လှပကြော့ရှင်းတဲ့ လည်တိုင်ပေါ်တွင် လှပသော မာဖလာ ပုဝါလေးများကို ပေးခြင်းဟာလည်း ဆန်းသစ်တဲ့ လက်ဆောင်လေးတစ်ခု ဖြစ်စေမှာပါ။

လက်ဆောင်လှလှလေးတွေ ဝယ်မို့အတွက် အိမ်ပြင်ထွက်စရာလည်း မလိုဘဲ အွန်လိုင်းမှတစ်ဆင့် Shop မှာ ဈေးဝယ်ယူလို့ ရပြီနော်…

🛡 Shop.com.mm မှပစ္စည်းပို့ဆောင်ပေးသူများဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအကြံပြုထားသော ကာကွယ်မှုများကို ထိရောက်စွာလိုက်နာပြီး ဝယ်ယူသူများထံသို့ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနေပါတယ်။ဒါ့ကြောင့် အိမ်မှာနေပြီး အွန်လိုင်းကနေ ဈေးဝယ်လိုက်ပါ …🛡

Shop app ကို download ရယူရန် – Link

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် –

🔔 ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။🔔

အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *