ဆံပင်ကျွတ်ခြင်းမှ ကင်းဝေးစေနိုင်မည့် အကောင်းဆုံးနည်းလမ်းများ… 0 375

အလှအပရေးရာတွေထဲမှာ ဆံကေသာ ကောင်းမွန်ခြင်းဟာလည်း အပါအဝင်ဖြစ်ပါတယ် .. ဆံကေသာကောင်းမွန်ဖို့ အတွက်ဆိုရင် ဆံပင်တွေကို မကျွတ်စေဘဲ ဆံကေသာကောင်းမွန်ဖို့က အဓိကပဲဖြစ်ပါတယ် …

ဒီနေ့တော့ မင်မင်က ဆံကေသာ မကျွတ်စေဘဲ ဆံကေသာကောင်းမွန်မို့အတွက် အိမ်မှာနေပြီး ဆံကေသာကို ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ် …

ဆံကေသာကောင်းမွန်ရန်အတွက် နည်းလမ်းလေးတွေကတော့

၁. Shampoo များ
Shampoo များကို ရွေးချယ်တဲ့အခါမှာတော့ သင့်ရဲ့ဦးရေပြားအပေါ်မူတည်ပြီး ရွေးချယ်ရန် အလွန်အရေးကြီးပါတယ်နော် … ဦးရေပြားအေ့ါ်မူတည်ပြီး ခေါင်းလျော်ရန်လည်း လိုအပ်ပါတယ်နော် … ခြောက်သွေ့သော ဦးရေပြားပိုင်ရှင်များသည် အချိန်ကြာမြင့်စွာ ခေါင်းလျော်ချိန်ကြောင့် ဆံပင်ကျွတ်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ် … အဆီပြန်တတ်သော ဦးရေပြားပိုင်ရှင်များသည်လည်း တစ်ပတ်တွင် သုံးကြိမ်ထက်မနည်း ခေါင်းမလျော်ခြင်းကြောင့် ဆံပင်ကျွတ်ခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ် … Shampoo များကို ရွေးချယ်သည့်အချိန်တွင်လည်း sulfate, paraben နှင့် silicone တို့မပါဝင်သော Shampoo များကိုသာ အသုံးပြုပေးရန်လိုအပ်ပါတယ် … ထိုဓာတ်များ ပါဝင်လာလျှင် သင့်ရဲ့ ဦးရေပြားနဲ့ ဆံကေသာများကို ဆိုးရွားစွာထိခိုက်နိုင်စေခြင်းကြောင့်ပဲဖြစ်ပါတယ် …

၂. Conditioner များ
ကောင်းမွန်သော Conditioner ကို အသုံးပြုခြင်းဖြင့် သင့်ရဲ့ဆံပင်တွေကို အကောင်းမွန်ဆုံးနဲ့ အလှပဆုံးဆံကေသာကို ဖန်တီးပေးနိုင်မှာမို့ Conditioner ကိုတော့ မဖြစ်မနေ သုံးပေးရန် လိုအပ်ပါတယ်နော် … Conditioner များတွင် ဆံသားများကို ပြန်လည်ပြုပြင်နိုင်သော amino အက်စစ်များပါဝင်သောကြောင့် ဆံကေသာများကို ချောမွေ့စေရန်အထောက်အကူပြုပေးပါတယ် …

၃. အာဟာရဓာတ်နှင့် လေ့ကျင့်ခန်းများ
သင်၏ ဆံနွယ်ကောင်းမွန်သန်စွမ်းရန်အတွက် ပရိုတင်းဓာတ်များနှင့် သံဓာတ်များစွာ လိုအပ်ပါတယ် …မျှတသော အာဟာရဓာတ်များကို ကောင်းမွန်စွာ စားပေးရန် လိုအပ်ပါတယ်နော် … ဒါ့အပြင် သွေးလည်ပတ်မှုကောင်းမွန်စေရန်အတွက် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကိုလည်း လုပ်ပေးသင့်ပြီး စိတ်ဖိစီးမှုများကို လျော့ချပေးရန်အတွက် ယောဂများနှင့် တရားထိုင်ခြင်းများကို ပြုလုပ်ပေးသင့်ပါတယ် .. စိတ်ဖိစီးမှုများပြားခြင်းဟာ သင့်ရဲ့ဆံပင် ကျွတ်မှုနှုန်း ကိုတိုးတက်စေတာကြောင့်ဖြစ်ပါတယ် …

၄. Chemical Treatments
ဆံပင်ဖြောင့်ခြင်းများ၊ ဆံပင်ကောက်ခြင်းများ၊ အရောင်ဆိုးမှုများဟာ သင့်ရဲ့ဆံပင်များကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ် … ဆံပင်အခြောက်ခံစက်များကို အနိမ့်ဆုံးအပူချိန်ဖြင့်သာ အသုံးပြုသင့်ပါတယ် … ထိုအရာများကို စိုစွတ်နေသော ဆံပင်ပေါ်တွင် အသုံးပြုခြင်းဟာ ဆံပင်ကျွတ်မှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သောကြောင့် ဆံပင်အခြောက်ခံစက်တွေအစား တဘတ်များကိုသာ အသုံးပြုပြီး အခြောက်ခံသင့်ပါတယ် …

၅. ဆီများ
ဆီများကို လိမ်းပေးခြင်းအားဖြင့် သွေးလည်ပတ်မှုနဲ့ ဦးရေပြားကို အကောင်းမွန်ဆုံး အာဟာရကို ပေးစွမ်းနိုင်ပါတယ် … သင့်ဦးရေပြားကို သင့်တော်သော ဆီကို ရွေးချယ်ပြီး တစ်ပတ်လျှင် တစ်ကြိမ် အကောင်းမွန်ဆုံး နှိပ်နယ်ပေးရန်လည်း လိုအပ်ပါတယ် … ထိုသို့နှိပ်နယ်ပြီးရင်တော့ ရေချိုးခန်းသုံးခေါင်းစွပ်လေးကို အသုံးပြုပြီး ခနအကြာ ပေါင်းပြီးသည်နှင့် ခေါင်းလျော်လိုက်ရင်တော့ သင်ဟာ အလှပဆုံးဆံကေသာကိုပိုင်ဆိုင်နိုင်မှာပါ …

၆. ဆံပင်ပုံဖော်ရန် အလှကုန်ပစ္စည်းများ
သင့်ရဲ့ ဆံကေသာပေါ်တွင် ပုံဖော်ရန် ဂျယ်လ်များ၊ ဆီများနှင့် ဆံပင်ဖြန်းဆေးများတွင် ဓာတုဗေဒပစ္စည်းများ များစွာပါဝင်တာကြောင့် ရေရှည်တွင် သင့်ရဲ့ဆံကေသာကို ပျက်စီးစေနိုင်ပါတယ် …. ဆံကေသာပုံဖော်သည့် အလှကုန်ပစ္စည်းများအစား အိမ်တွင် အလွယ်တကူပြုလုပ်နိုင်သော ပေါင်းတင်နည်းများ လုပ်ဆောင်ခြင်းသည် သင့်ကို အလှပဆုံးနှင့် ကျန်းမာသော ဆံကေသာများကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ် …

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *