နေ့စဉ် သင့်ရဲ့အသားအရည်ကို ဘယ်လိုထိန်းသိမ်းကြမလဲ …. 0 308

အသားအရည်ကျန်းမာကောင်းမွန်ခြင်းဆိုတာ အလှကြိုက်တတ်တဲ့သူ ကိုကိုမမတွေရဲ့ အိပ်မက်တစ်ခုပါ …

ဒီနေ့မှာတော့ မင်မင်က ကိုယ့်ရဲ့ အသားအရည်ကောင်းမွန်အောင်၊ ကျန်းမာအောင်နေ့စဉ်ဘယ်လို ထိန်းသိမ်းစောင့်ရှောက်သင့်တယ်ဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ် … အကောင်းဆုံးရလဒ်တွေကို ရရှိနိုင်မို့ဆိုရင် အတိအကျနဲ့ အလှကုန်ပစ္စည်းတွေကို သေချာစွာအသုံးပြုပေးသင့်ပါတယ် …အလှကုန်ပစ္စည်းကို ရွေးချယ်ရာတွင်လည်း ကိုယ့်ရဲ့ အသားအရည်နဲ့ ကိုက်ညီသော အလှကုန်ပစ္စည်းကိုသာ အသုံးပြုသင့်ပါတယ်နော် … ဒါမှသာ သင်ရဲ့ အသားအရည်ဟာ ကျန်းမာကောင်းမွန်တဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ် …

နံနက်ခင်းတွင် အသားအရည်ထိန်းသိမ်းခြင်းအတွက် အဓိကလိုအပ်ချက်တွေမှာ နေမှကာကွယ်ခြင်း၊ လေထုညစ်ညမ်းခြင်းနှင့် ဖုန်မှုန့်တွေရန်မှကာကွယ်နိုင်တဲ့ အဓိကအလှကုန်ပစ္စည်းတွေကိုပဲ အသုံးပြုရမှာပဲ ဖြစ်ပါတယ် …

ပထမအဆင့် – Cleansing
မနက်ခင်းလေးမှာတော့ မျက်နှာကို ရေနွေးနွေး(သို့)ရေအေးဖြင့် ညင်သာစွာ နှိပ်နယ်ပြီး မျက်နှာကိုသန့်စင်ပေးရပါမယ်… ကိုယ်နှင့်ကိုက်ညီသော မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး မျက်နှာကိုသေချာစွာ သန့်စင်ပေးရပါမယ်… မျက်နှာသန့်စင်ခြင်းဟာ အသားအရည်ထိန်းသိမ်းခြင်းတွင် အရေးအကြီးဆုံးမို့ သင့်ရဲ့မျက်နှာကို သေချာဂရုတစိုက် သန့်စငင်ပေးသင့်ပါတယ် ….

အဆင့်(၂) – Toner
လူအများစုကတော့ မျက်နှာသစ်ပြီးလျှင် Toner ကို အသုံးမပြုဘဲ အခြားအလှကုန်ပစ္စည်းများကို အသုံးပြုကြပါတယ် … အကြောင်းအရင်းမှာ Toner အများစုက သင့်ရဲ့အသားအရည်ကို ပျက်စီးစေခြင်း (သို့) ပြင်းထန်စွာထိခိုက်စေခြင်းတို့ကိုကြောင့် ရှောင်ရှားကြတာပဲဖြစ်ပါတယ် … Toner အမျိုးအစားများသည် မတူညီသောအရေပြားပြသနာများအတွက် ရည်ရွယ်သောကြောင့် သင့်အရေပြားအတွက် မှန်ကန်သောအမျိုးအစားကို အသုံးပြုရန်အရေးကြီးသည်…. သို့သော် Toner အသုံးမပြုဘဲ အသားအရည်ကောင်းမွန်သူများဟာ နောင်တွင်လည်း အသုံးပြုစရာမလိုဘဲ အသားအရည်မကောင်းသောသူများဟာ အသားအရည်ကို PH Level ပြန်ညှိပေးရန်အတွက် အသုံးပြုပေးရန်လိုပါတယ် ….

အဆင့်(၃) – Antioxidant Serum
Serum လေးကို အသုံးပြုခြင်းဟာ သင့်ရဲ့အသားအရည်ကို သိပ်သည်းသော ကုသခြင်းပဲဖြစ်ပါတယ် … Serum ကို အသုံးပြုခြင်းက သင်၏အရေပြား ယောင်ယမ်းမှုများကို လျော့ချပေးတဲ့အပြင် ခရမ်းလွန်ရောင်ခြည်နှင့် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေသော ဖုန်မှုန့်များနှင့် မျက်နှာကိုအဆိပ်အတောက်ဖြစ်စေသော မီးခိုးငွေ့များထံမှ ကာကွယ်ပေးပါတယ်နော် …

အဆင့်(၄) – Eye Cream
အသက်(၂၀) ကျော်မှသာ Eye Cream ကို အသုံးပြုရန်သင့်တော်ပါတယ်နော် … သင်၏မျက်လုံး အားစိုက်ရမှု (သို့) ကွန်ပျူတာဖုန်းများအကြည့်များလွန်းသောကြောင့် မျက်လုံး၏အောက်တွင် အရေအကြောင်းများဖြစ်ပေါ်လာတတ်ပါတယ် … ထိုအရေးအကြောင်းများ ပေါ်လာမှသာ Eye Cream များကို တစ်ရက်တွင် တစ်ကြိမ်(သို့) နှစ်ကြိမ် သုံးစွဲသင့်ပါတယ် … သင့်ရဲ့မျက်လုံးအောက်တွင် အရေးအကြောင်းများဖြစ်ပေါ်ခြင်း မရှိပါက သုံးစွဲရန်မလိုအပ်ပါ …

အဆင့်(၅) – Spot Treatment
ဒီအဆင့်လေးကတော့ မျက်နှာတွင် ဝက်ခြံရှိသူများ (သို့) အမဲအစက်အပြောက်ရှိသူများသည် သုံးစွဲသင့်သော ကုသမှူအဆင့်လေးပဲဖစြစ်ပါတယ် … ဝက်ခြံကုသမှုများပြုလုပ်လျှင်တော့ ဆရာဝန်နှင့် သေချာတိုင်ပင်ပြီးမှသာ သုံးစွဲသင့်ပါတယ်နော် … ဝက်ခြံအစက်အပြောက်ကုသမှုက သင့်အသားအရေကို ခြောက်သွေ့စေကြောင်းလည်း သတိရပါ…. ထို့ကြောင့် အမှန်တကယ် အသုံးပြုရမည့် နေရာများတွင်သာ အသုံးပြုပေးပါနော် …

အဆင့်(၆) – Moisturizer
Moisturizer ကိုတော့ မည်သည့်အသားအရည်ပိုင်ရှင်မဆို အသုံးပြုသင့်ပါတယ်နော် …. အဆီပြန်တဲ့အသားအရည်မို့ ပိုပြီး အဆီပြန်သွားမလားဆိုတဲ့ သဘောတရားဟာ အမှန်မဟုတ်ပါ … မည်သည့်အသားအရည်မဆို Moisturizer ကိုလိုအပ်သောကြောင့် အသုံးပြုသင့်တဲ့ အဆင့်တစ်ဆင့်ပဲဖြစ်ပါတယ် … သင့်ရဲ့ခန္ဓာကိုယ်မှာ သဘာဝဆီချောဆီစနစ်ရှိပေမယ့် ပြင်းထန်တဲ့ အပြင်ဘက်အခြေအနေနဲ့ ကူးစက်ရောဂါတွေကိုကာကွယ်နိုင်ဖို့အတွက် ဆီ (ဒါမှမဟုတ် sebum) ကိုထုတ်ပေးတဲ့ဂလင်းတွေပါဝင်ပေမယ့် နေရောင်၊ ရာသီဥတုနဲ့ကြမ်းတမ်းတဲ့ဓာတုပစ္စည်းတွေကို ကျွန်တော်တို့အများစုက ရင်ဆိုင်မို့အတွက် အစိုဓာတ်အများကြီးကို လိုအပ်ပါတယ် …

အဆင့်(၇) – Sunscreen
သင်၏ အသားအရည်ကို ကာကွယ်မို့အဆင့်တွေအနေနဲ့ နောက်ဆုံးအဆင့်နဲ့ နေရောင်ခံကာကွယ်လိမ်းဆေးကို အသုံးပြုသင့်ပါတယ်နော် …. နေရောင်ခံကာကွယ်လိမ်းဆေးကို နောက်ဆုံးအနေနဲ့ အသုံးပြုသင့်တဲ့အချက်မှာတော့ ခရမ်းလွန်ရောင်ခြည်များဒဏ်မှ အသားအရည်ကို အပြည့်အ၀ ပိတ်ဆို့ထားသောကြောင့် ဖြစ်ပါတယ် … ထိရောက်သော ထိရောက်မှုရှိစေရန် ဓာတုနေရောင်ခြည်ကို အရေပြားအတွင်းသို့စုပ်ယူရန်လိုအပ်ပါတယ် … သို့သော်သင်သည် သင်၏ဓာတုနေရောင်ကာကွယ်ဆေးကို သင်၏ moisturizer မတိုင်မီအသုံးပြုပါက အရေပြားသည် နေရောင်ခံကာကွယ်လိမ်းဆေးဖြင့် ဖုံးအုပ်ထားသဖြင့် သင်၏ moisturizer ဟာတော့ အလုပ်မလုပ်နိုင်တော့ပါ … နေရောင်ခံကာကွယ်လိမ်းဆေးကို အမြဲတစေလိမ်းသောသူများ၏ အသားအရည်ဟာ အပြည့်အဝအစိုဓာတ်ကို ရရှိစေမှာပဲဖြစ်ပါတယ် …

တစ်နေ့တာလုံး သင့်ရဲ့အသားအရည်ပင်ပန်းခဲ့သမျှ ညအချိန်တွင် ပြန်လည်အားဖြည့်တင်းပေးရန်နှင့် ပြန်လည်ပြုပြင်ရန် အကောင်းဆုံးပဲဖြစ်ပါတယ် … သင့်ရဲ့အသားအရည်ဟာ နေလောင်ဒဏ်၊ ဖုန်မှုန့်ဒဏ်တွေကြောင့် ညစ်နွမ်းနေပြီဆိုရင်တော့ သင့်ရဲ့အသားအရည်ကို အပြည့်အ၀ ရေဓာတ်ပေးသင့်ပါတယ်နော် ….

အဆင့်(၁) – ( Double ) Cleansing
တစ်နေ့တာရဲ့ မိတ်ကပ်များ၊ အညစ်အကြေးများကို ဖယ်ရှားရန်အတွက် နူးညံ့သော မိတ်ကပ်ဖျက်ဆေးဖြင့် အရင်မိတ်ကပ်နှင့် အညစ်အကြေးများကို ဖယ်ရှားပေးရန်လိုအပ်ပါတယ် … မိတ်ကပ်ဖျက်ပြီးမှသာ မျက်နှာသစ်ဆေးဖြင့် သင့်မျက်နှာကို ငြင်သာစွာ နှိပ်နယ်ပေးပြီး ကိုယ်နှင့်သင့်တော်သည့် မျက်နှာသစ်ဆေးကို ရွေးချယ်ပြီး မျက်နှာသစ်ပေးရန် လိုအပ်ပါတယ် …

အဆင့်(၂) – Toners , Essences And Boosters
Toners ကိုတော့ မနက်တွင် အသုံးပြုသည့်နည်းအတိုင်း သုံးစွဲပေးသင့်ပါတယ်နော် …. ညဘက်တွင် သင့်ရဲ့အသားအရည်နှင့် ကိုက်ညီသော Essences (သို့) အသားအရည်ကို ပြန်လည်အားဖြည့်ပေးနိုင်သော Boosters များကို အသုံးပြုပေးသင့်ပါတယ် …. ဒါမှသာ သင့်ရဲ့အသားအရည်ကို အားဖြည့်ပြန်လည် လန်းဆန်းပြီး ကျန်းမာတဲ့အသားအရည်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ် …

အဆင့်(၃) – Eye Cream
Eye Cream ကိုလည်း အမှန်တကယ်လိုအပ်တဲ့ သူများသာ သုံးစွဲရန် လိုအပ်ပါတယ် … မနက်ခင်းတွင် ပြောပြခဲ့သည့်နည်းအတိုင်းပဲ ညဘက်တွင်လည်း အသုံးပြုပေးရန်လိုအပ်ပါတယ် …

အဆင့်(၄) – TREATMENT Serums , Peels And Creams
ညဘက်တွင် အသားအရည်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်းသည် အသားအရည်အတွက် ပိုမိုထိရောက်စေသလို အလှကုန်ပစ္စည်းများကို အသုံးပြုခြင်းသည်လည်း သင်၏အသားအရည်ကို ပိုမိုထိရောက်စွာ ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ် …. ညဘက်အချိန်အခါတွင် ဝက်ခြံပျောက်ဆေးများ နှင့် အမဲအစက်ပျောက်ဆေးများကို အရေပြားဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးပြီး ထိန်းသိမ်းပေးမို့အတွက် လိုအပ်ပါတယ် …
သွေးရည်ကြည်ကုထုံးများ အသားအရည်ကို ထိန်းသေးပေးမယ့် အပျော့စား အက်စစ်များ အလှကုန်ပစ္စည်းများကို ညဘက်တွင် အသုံးပြုခြင်းက အသားအရည်အတွက် အကောင်းမွန်ဆုံးပင်ဖြစ်ပါတယ် …

အဆင့်(၅) – Hydrating Mask Or Face Oil
အသားအရည်ကို အစိုဓာတ်ကောင်းမွန်စွာ ရရှိစေမို့အတွက် ကိုယ့်အသားအရည်နှင့်ကိုက်ညီသော ပေါင်းတင်ကပ်ခွာများ(သို့) အသားအရည်အတွက် အစိုဓာတ်ပေးနိုင်တဲ့ အလှဆီများကိုလည်း သုံးစွဲပေးသင့်ပါတယ်နော် … ထိုအရာနှစ်မျိုးလုံးသည် အသားအရည်အစိုဓာတ်ကို ကောင်းမွန်စွာပေးနိုင်တဲ့ အလှကုန်ပစ္စည်းများပင် ဖြစ်ပါတယ် …

အဆင့်(၆) – Moisturizer Or Night Cream
Moisturizer အသုံးပြုသူများသည် မနက်ခင်းတွင်အသုံးပြုသော Moisturizer များကို ညဘက်တွင်လည်း ပြန်လည် အသုံးပြုကြသည် … ညဘက်တွင် အသုံးပြုရန်ထုတ်လုပ်ထားသော Moisturizer များသည် နာရီပေါင်းများစွာ အစိုဓာတ်ပေးနိုင်စေရန် ပိုမိုထူပြီးလေးလံအောင် ပြုလုပ်ထားခဲ့ပါတယ် … ထို့ကြောင့် မနက်ခင်းတွင်အသုံးပြုသော Moisturizer နှင့် ညဘက်တွင် အသုံးပြုသော Moisturizer များကို သေချာအထူးဂရုစိုက် အသုံးပြုသင့်ပါတယ် …. အဆင့်အားလုံးပြီးဆုံးလျှင်တော့ ညဘက်အစိုဓာတ်နှင့် အသားအရည်ကို အထူးဂရုပြုနိုင်တဲ့ Night Cream များကို အသုံးပြုပြီး ကျန်းမာလှပတဲ့ အသားအရည်ကို ရရှိနိုင်မှာဖြစ်ပါတယ် …

ကျန်းမာတဲ့အသားအရည်ကို ပိုင်ဆိုင်ချင်လိုတဲ့ စကင်းကဲချစ်သူများလည်း အထက်ပါဖော်ပြထားတဲ့ အလှကုန်ပစ္စည်းများကိုလည်း နည်းလမ်းတကျအသုံးပြုပြီး ကျန်းမာသော အသားအရည်များကို ပိုင်ဆိုင်ယူလိုက်ပါနော် …

အလှကုန်ပစ္စည်းများစွာကို ဝယ်ယူလိုလျှင်တော့ Shop.com.mm ကနေ ဝယ်ယူပြီး သင့်ရဲ့အသားအရည်ကို ကျန်းမာလှပတဲ့အသားအရည်သို့ ပြောင်းလဲလိုက်ပါနော် ….

အလှကုန်ပစ္စည်းများ ဝယ်ယူရန်လင့်ခ်> > > https://bit.ly/3bT5tCh

Shop.com.mm မှပစ္စည်းပို့ဆောင်ပေးသူများဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအကြံပြုထားသော ကာကွယ်မှုများကို ထိရောက်စွာလိုက်နာပြီး ဝယ်ယူသူများထံသို့ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးနေပါတယ်။ဒါ့ကြောင့် အိမ်မှာနေပြီး အွန်လိုင်းကနေ စျေးဝယ်လိုက်ပါ …

Shop app ကို download ရယူရန် – Link

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် –

🚚 ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *