သင်ဟာ ဘယ်လိုအသားအရည်မျိုးကို ပိုင်ဆိုင်ထားတာလဲ … 0 264

ဒီနေ့မှာတော့ အိမ်တွင်းအောင်းနေတဲ့သူလေးတွေအတွက် အလှအပဆိုင်ရာနည်းလမ်းတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ် …

သင့်က ဘယ်လိုအသားအရည်မျိုး ပိုင်ဆိုင်ထားလဲဆိုတာ သိပြီးပြီလား ? သင့်ရဲ့အသားအရည်က အဆီပြန်တဲ့ အသားအရည်အမျိုးအစာလား ၊ ခြောက်သွေ့တဲ့အသားအရည်ပိုင်ရှင်လားဆိုတာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို သေချာလိုက်လုပ်ပြီး ခွဲခြားလိုက်ရအောင်နော် …

(၁) မျက်နှာကို သန့်စင်ခြင်း
ပထမဆုံးအနေနဲ့တော့ သင့်ရဲ့မျက်နှာပေါ်မှာရှိနေတဲ့ မိတ်ကပ်တွေသာမက အညစ်အကြေးတွေကိုပါ မိတ်ကပ်ဖျက်ဆေးလေးသုံးပြီး ဖယ်ရှားပစ်ရမှာဖြစ်ပ့ါတယ် …

(၂) မျက်နှာသစ်ပါ
မိတ်ကပ်ဖျက်ဆေးသုံးပြီးရင်တော့ မျက်နှာသစ်ဆေးကို အသုံးပြုပြီး ရေနွေး(သို့)ရေအေးဖြင့် မျက်နှာကို ညင်သာစွာ နှိပ်နယ်ပြီး သစ်ပေးပါ …. မျက်နှာသစ်ရာတွင် ကြာရှည်စွာသစ်ခြင်း၊ အပြင်းအထန်မျက်နှာကို ပွတ်တိုက်ခြင်းနှင့် မျက်နှာသစ်ဆပ်ပြာ အလွန်အကျွံ အသုံးပြုခြင်းတို့ကို ရှောင်ကြည်ပေးပါ …

(၃) အချိန်ခနစောင့်ဆိုင်းပါ
မျက်နှာသစ်ပြီးလျှင်တော့ နာရီတစ်ခုကြာ စောင့်ဆိုင်းပေးပါ …. မျက်နှာသစ်ပြီးသည်နှင့် မည်သည့်အသားအရည်ပစ္စည်းကိုမှ မလိမ်းဘဲ သဘာဝအတိုင်း တစ်နာရီကျော်ကြာစောင့်ဆိုင်းပေးပါ … သင့်ရဲ့ လက်ဖြင့် မျက်နှာကို ထိခြင်းမှလာည်း ရှောင်ကြည်ပေးပါ ..

(၄) သင့်အသားအရည်ကို တစ်သျူးဖြင့် စမ်းသပ်ပါ
အချိန်တစ်ခုကြာမြင့်စွာစောင့်ဆိုင်းပြီးနောက် နှာခေါင်း၊ နဖူးနှင့် မေးစေ့အောက် (T-Zone) ပေါ်တွင် တစ်သျူးဖြင့်ကပ်ပါ … တစ်သျူးပေါ်ရှိ အဆီများထွက်ခြင်းကိုကြည့်ပြီး အဆီပြန်တဲ့အသားအရည် ၊ ပေါင်းစပ်အသားအရည်နှင့် ခြောက်သွေ့အသားအရည်ဆိုပြီး သုံးမျိုးခွဲခြားနိုင်ပါတယ်နော် ….

(၅) မှန်ကြည့်ပါ

မျက်နှာသစ်ပြီးလျှင် မျက်နှာတွင် အဆီထွက် စိုစွတ်ခြင်းမရှိဘဲ ခြောက်သွေ့နေပါလိမ့်မယ် …ဒါဆိုရင်တော့ သင်ရဲ့ အသားအရည်ဟာ ခြောက်သွေ့တဲ့ အသားအရည်ပိုင်ရှင်ဖြစ်ပါလိမ့်မယ် …

ပေါင်းစပ်အသားအရည်ကတော့ သင်၏ မျက်နှာ T-Zone တဝိုက်တွင် အဆီထွက်စိုစွတ်ခြင်းမရှိဘဲ သင့်ရဲ့ တချို့မျက်နှာနေရာများတွင်တော့ အဆီကွက်လေးများ ထွက်လာခြင်းကို ဖြစ်ပေါ်လာပါလိမ့်မယ် …

အဆီပြန်တဲ့ အသားအရည်ဆိုလျှင်တော့ မျက်နှာသစ်ပြီးသည်နှင့် ခနအကြာတွင် အဆီပြန်ပြီး သင့်ရဲ့ တစ်သျူးစဟာတော့ အဆီနှင့်ချွေးကြောင့် စိုစွတ်စေမှာပါ …

အထိအခိုက်မခံတဲ့ အသားအရည်ပိုင်ရှင်များကတော့ မျက်နှာသစ်ဆေး၊ မိတ်ကပ်နှင့် အမျိုးမျိုးသောအလှကုန်ပစ္စည်းများကို အရေပြားအလှအပဆိုင်ရာ ဆရာဝန်များနှင့် သေချာတိုင်ပင်ဆွေးနွေးပြီးမှသာ ဝယ်ယူလိမ်းခြယ် သုံးစွဲသင့်ပါတယ်နော် …

ဒီလိုနည်းလေးတွေ လိုက်လုပ်ပြီးပြီဆိုရင်တော့ သင်ဟာ ဘယ်အသားအရည်ဖြစ်ကြောင်းကို သိရှိနိုင်ပါတယ် …

အလှအပနဲ့ ပတ်သတ်ပြီး အလှကုန်ပစ္စည်းမျိုးကို အိမ်ပြင်ထွက်ဝယ်စရာမလိုဘဲ အွန်လိုင်းကမှာယူလိုက်ရုံဖြင့် သင့်ရဲ့ အိမ်ရှေ့သို့ လုံခြုံစွာပို့ဆောင်ပေးမှာဖြစ်ပါတယ် …🙋🏻 Shop.com.mm မှပစ္စည်းပို့ဆောင်ပေးသူများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအကြံပြုထားသော ကာကွယ်မှုများကို ထိရောက်စွာလိုက်နာပြီး ဝယ်ယူသူများထံသို့ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးပါသည် ။ ဒါ့ကြောင့် အိမ်မှာနေပြီး အွန်လိုင်းကနေ ဈေးဝယ်လိုက်ပါ ။

📲 Shop app ကို download ရယူရန် – http://bit.ly/2SjcJ0i

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် –
🚚 ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *