
Jack Ma Foundation နှင့် Alibaba Foundation မှ ထောက်ပံ့ လှူဒါန်း လိုက်သော ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများဖြစ်သည့် နှာခေါင်းစည်းများ၊ ရောဂါစမ်းသပ်ရေးကိရိယာများ၊ အကာအကွယ် ဝတ်စုံများ နှင့်အခြားသော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများကို မြန်မာနိုင်ငံ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန မှ ၂၀၂၀ ခုနှစ် ၊မတ်လ ၃၀ ရက် တွင်လက်ခံ ရယူထားပြီး ၊ အဆိုပါ ဝန်ကြီးဌာနမှ တစ်နိုင်ငံလုံးသို့ ဖြန့် ဖြူးပို့ဆောင်ရေးတွင်ကူညီပေးသွားပေးမည်ဖြစ်သည်။
အဆိုပါ ပို့ဆောင်မှုသည် ယခင် ထုတ်ပြန်ထားသော ဖောင်ဒေးရှင်း ၂ ခုမှ အာရှနိုင်ငံ ၂၃ ခုသို့ လှူဒါန်းသော အရေးကြီးလိုအပ်သော ကျန်းမာရေးဆိုင်ရာ အထောက်အကူပစ္စည်းများ စုစုပေါင်း နှာခေါင်းစည်း ၇.၄ သန်း၊ ရောဂါစမ်းသပ်ရေးပစ္စည်းပေါင်း ၄သိန်း ၈သောင်း ၅ ထောင်၊ အကာအကွယ် ဝတ်စုံပေါင်း ၁ သိန်း ကျော် နှင့် အခြားသော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ ပစ္စည်းများ လှုဒါန်းသည့် အကြောင်းအရာ ၏ နောက်ဆက်တွဲ ထုတ်ပြန်မှုဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး၊ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ သာထွန်းကျော် သည် အထောက်အပံ့ ပစ္စည်းများအား Jack Ma Foundation နှင့် Alibaba ဖောင်ဒေးရှင်း ကိုယ်စား မြန်မာနိုင်ငံ Daraz Group ကုန်သွယ်ရေးဒါရိုက်တာ Ron Aung ထံမှ လက်ခံရရှိခဲ့ပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး HE Mr. Chen Hai မှလည်း ထိုပွဲသို့ တက်ရောက်ပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆောင်ရွက်ချက်ကိုထောက်ခံကြောင်းပြသခဲ့သည်။
အဆိုပါ ထောက်ပံ့ မှုများသည် Alibaba Foundation နှင့် Jack Ma Foundation မှ Covid-19 ကပ်ရောဂါနှင့် ကြုံတွေ့ရသော နိုင်ငံများအား ဆေးဘက်ဆိုင်ရာအထောက်အပံ့ အမျိုးမျိုးကို လှူဒါန်းပေး သည့်အစီအစဉ်များထဲမှတစ်ခုဖြစ်ပြီး၊ အာရှ၊ မြောက်အမေရိကနှင့်လက်တင်အမေရိက၊ ဥရောပနှင့်အာဖရိက သို့ ဆေးဘက်ဆိုင်ရာအထောက်အပံ့ အမျိုးမျိုးကို လှူဒါန်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
လာမည့်နေ့များနှင့်ရက်သတ္တပတ်များအတွင်း အခြား လှူဒါန်းခြင်းဆိုင်ရာ အကြောင်းအရာများကို ထပ်မံကြေငြာသွားမှာဖြစ်ပါသည်။

COVID-19 ကုသရေးနှင့် ကူးစက်ပြန့်ပွားမှု နှေးကွေးရေးအတွက် ရှေ့တန်းမှ ကုသတိုက်ပွဲဝင်ခဲ့ရသော Zhejiang ဆေးတက္ကသိုလ်(FAHZU)မှဆရာဝန်များ၊ ကျန်းမာရေးလုပ်သားများနှင့် ဆေးရုံအုပ်ချုပ်ရေး မှူးများ၏အဓိကသင်ခန်းစာများ၏ အတွေ့အကြုံများပါသော လက်စွဲစာအုပ် ထုတ်လုပ်ရေးအတွက်ကို လည်း JackMaFoundationနှင့်Alibabaဖောင်ဒေးရှင်းမှလည်းထောက်ပံ့ပေးခဲ့ပါတယ်။ ဤလက်စွဲစာအုပ်ကို ကမ္ဘာလုံးဆိုင်ရာဆေးဘက်ဆိုင်ရာကျန်းမာရေးကျွမ်းကျင်သူများအတွက် https://covid19.alibabacloud.com/ တွင်ရရှိနိုင်သည်။
ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေး ကိုထောက်ပံ့ ကူညီပေးနေသော Jack Ma Foundation နှင့် Alibaba Foundation တို့၏ ကြိုးစားအားထုတ်မှု သတင်းများကို အချိန်နှင့် တစ်ပြေးညီ သိရှိနိုင်ဖို့ @JackMa နှင့် @foundation_ma တွစ်တာ အကောင့်များကို follow လုပ်ထားနိုင်ပါတယ်။
ဂျက်မားဖောင်ဒေးရှင်းအကြောင်း
အလီဘာဘာကုမ္ပဏီကိုတည်ထောင်သူ Jack Ma မှတည်ထောင်ခဲ့သော Jack Ma Foundation ကို ၂၀၁၄ ခုနှစ်ဒီဇင်ဘာ ၁၅ရက်တွင်တည်ထောင်ခဲ့ပြီးပညာရေး၊စီးပွားရေးစွမ်းဆောင် ရှင်၊ အမျိုးသမီးခေါင်းဆောင်မျ ားနှင့် သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာတို့ကိုအာရုံစိုက်ခဲ့သည်။ အဆိုပါဖောင်ဒေးရှင်းသည် ယုံကြည်စိတ်ချ ရသော၊ပူးပေါင်းပါဝင်ဆောင်ရွက်သော၊ရေရှည်တည်တံ့သောပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ရန်ရည်ရွယ်သည်။ Jack Ma Foundation သည်ယခုအချိန်အထိကမ္ဘာအနှံ့ရှိစီမံကိန်းများဖြစ်သည့် Jack Ma ကျေးလက် ဒေသပညာရေးအစီအစဉ်၊ အာဖရိက Netpreneur ဆုပေးပွဲ၊ Ma & Morley ပညာသင်ဆုအစီအစဉ်နှင့်ဂျော်ဒန်ဘုရင်မRaniaဖောင်ဒေးရှင်းအ ပါအဝင်စီမံကိန်းများစွာကိုထောက်ပံ့ပေးခဲ့သည်။ ထို့အပြင် ဖောင်ဒေးရှင်းသည်၎င်း၏ ဦးစားပေးနေရာဒေသများ တွင်စီမံကိန်းများစွာကိုရန်ပုံငွေထောက်ပံ့ခဲ့သည်။ Jack Ma Foundation သည်ကျေးလက်ပညာတတ်များ၊စီးပွားရေးစွမ်းဆောင်ရှင်များ၊ ကျေးလက်ကလေးများ၊ လူငယ်များနှင့်အမျိုးသမီးများအားအနာဂတ်အတွက်အသုံးချရန်နှင့်ပိုမိုပျော်ရွှင်သော၊ ပိုမိုကျန်းမာသန်စွမ်းသော၊ ပိုမို၍ ရေရှည်တည်တံ့ခိုင်မြဲသောနှင့်ပိုမိုပါ ၀ င်မှုရှိစေရန်အားပေးမြှင့်တင်ရန်ကတိကဝတ်ပြုထားသည်။
အလီဘာဘာ ဖောင်ဒေးရှင်း
ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင်စတင်တည်ထောင်ခဲ့သော အလီဘာဘာဖောင်ဒေးရှင်းသည် ပြည်သူလုထုကို ပရဟိတလုပ်ငန်းများတွင်ပါဝင်စေရန်၊ ရေရှည်တည်တံ့စေရန်နှင့် လူထုအခြေပြုလုပ်ငန်းအဖွဲ့အစည်းနှင့် သဘာဝကို အထောက်အကူပြုရန်အားပေးသည့် ယဉ်ကျေးမှုကို ဖန်တီးရန်ရည်ရွယ်ခဲ့သည်။ အဖွဲ့အစည်း ရဲ့ အဓိကရန်ပုံငွေ ကဏ္ဏတွင် ရေကာကွယ်ခြင်း၊သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအသိအမြင်မြှင့်တင်ခြင်းနှင့် အစိမ်းရောင်အဖွဲ့အစည်းများဖွံ့ဖြိုးတိုးတက်ခြင်းတို့ပါဝင်သည်။အလီဘာဘာအဖွဲ့အစည်းသည်နှစ်စဉ်ဝင်ငွေ၏ရာခိုင်နှုန်းတစ်ချို့ကိုသဘာဝဘေးအန္တရာယ်များသို့မဟုတ်ပရဟိတစီမံကိန်းများတိုးချဲ့ခြင်းများ၌အချိန်မီတုန့်ပြန်မှုရှိစေရန်တည်မြဲသောရေရှည်ရန်ပုံငွေကိုသေချာစေရန်အလီဘာဘာဖောင်ဒေးရှင်းသို့ အပ်နှံရန်ကတိပြုထား သည်။