ချွေးပေါက်ထဲက အညစ်အကြေးတွေကို အစွမ်းကုန်သန့်စင်ပေးမယ့် Aztec Indian Healing Clay 0 435

ဒီတစ်ခါတော့ နာမည်ကြီး၊ လူသုံးများတဲ့ Aztec Secret ကထုတ်တဲ့ Calcium Bentonite Clay အကြောင်းကို မျှဝေပေးချင်ပါတယ် ။ 😊

ချွေးပေါက်ထဲက အညစ်အကြေးတွေကို ရှင်းထုတ်တဲ့နေရာမှာတော့ Clay Mask တွေကနာမည်ကြီးပါ ။ နာမည်ကြီး Clay Maskတွေအများကြီးထဲမှာမှ ဒီ Aztec Indian Healing Clay Mask က စျေးလည်းအရမ်းမကြီးဘဲနဲ့ ထိရောက်တဲ့ result ကိုရရှိစေလို့ သုံးစွဲသူတွေကြားမှာ ရေပန်းစားပါတယ် ။

ဒီ Aztec Indian Healing Clay Mask ကို သင့်ရဲ့ မျက်နှာပြင်ပေါ်မှာ အချိန် ၅ မိနစ် မှ ၂၀ မိနစ်အတွင်းထားရုံဖြင့် ချွေးပေါက်ထဲက အညစ်အကြေးတွေကို အမြန်ဆုံးရှင်းထုတ်ပေးပါတယ် ။ ၁၀၀% သဘာ၀ ကယ်လ်ဆီရမ် ဘန်တိုနိုက် ရွှံနဲ့ ပြုလုပ်ထားတဲ့အတွက် သင့်အသားအရည်အတွင်းပိုင်းအထိ အညစ်အကြေးတွေကို ရှင်းထုတ်ပေးနိုင်စွမ်းရှိပါတယ် ။ 😮

Aztec Indian Healing Clay Mask ကို ဘယ်လိုအသုံးပြုရမလဲဆိုတော့ … 💁🏻

♣️ Non-Metal ခွက်ထဲကို clay powder အနည်းငယ်ထည့်ပြီးရေသန့် (သို့) ပန်းသီးဗီနီဂါ နည်းနည်းထည့်ပြီး ရောပေးပါ။ (မရှိရင်တခြား ဗီနီဂါနည်းနည်းလေးထည့်သုံးလည်းရပါတယ်)

(နည်းနည်းလေးပဲအရင်ထည့်ပါနော် များသွားမှာစိုးလို့ပါ။ လိုသေးတယ်ဆိုထပ်လုပ်လို့ရပါတယ်။ ဗူးမှာပါတဲံအချိုးအဆကအရမ်းများပါတယ်။ မျက်နှာအတွက်ပဲဆို အများကြီးပိုနေမှာစိုးလို့ပါ)

♣️ ခပ်ပျစ်ပျစ်အနေတော်လောက်ဖြစ်ပြီဆိုရင်မျက်နှာပေါ်မျက်လုံးနားတဝိုက်ကလွဲလို့ မျက်နှာပေါ်အနှံ့သုတ်လိမ်းပေးပါ။

♣️ ဗီနီဂါနဲ့လုပ်တယ်ဆိုရင်ချွေးပေါက်ကျယ်တာလေးတွေ ဝက်ခြံအနာလေးတွေရှိရင်နည်းနည်းလေးစပ်ပါမယ်နော်။ စိတ်ပူစရာမရှိပါဘူးနော်။

♣️ ၁၀မိနစ်လောက်ကြာရင်တင်းလာပါလိမ့်မယ်။ မျက်နှာပေါ်မှာခြောက်သွားပြီဆိုရင်ရေနွေးနွေးလေးနဲ့ဆေးချပါ။ပြောင်အောင်ဆေးချပေးပါနော်
အသိသာဆုံးနေရာတွေက နှာခေါင်းနားတဝိုက် နှုတ်ခမ်းအောက် မှာချွေးပေါက်လေးတွေကျဉ်းသွားပါမယ်။အသားအရည်ပိုပြီး လင်းလာမယ်။ အမာရွတ်လေးတွေရှိရင် မှိန်သွားပါမယ်။

♣️ ၂ခါ ၃ခါလောက်လုပ်ပြီးရင် အများကြီးပြောင်းသွားတာတွေ့ရမှာပါနော်။

♣️ အသားခြောက်တဲ့လူတွေနဲ့ combination skinရှိသူတွေကခြောက်တယ်လို့ထင်ရင်ပထမဆုံးအကြိမ်သုံးပြီးနောက်တစ်ခါတွေမှာ T zone ကိုပဲ mask လိမ်းရင်ရပါတယ်နော် 🙂

♣️ ခန္ဓာကိုယ် ဝက်ခြံပေါက်တာတွေ လိမ်းလို့ရပါတယ်။ ဦးရေဖျား အဆီအရမ်းထွက်တာကိုလည်းသက်သာစေပါတယ်နော်။ခေါင်းမလျှော်ခင်ရေနဲ့ခပ်ကျဲကျဲဖျော်ပြီး လိမ်းပါ။ နည်းနည်းခြောက်ပီဆိုရင်ခေါင်းလျှော်ချပေးပါနော်

*သံဇွန်း သံပန်းကန် စသည့် သံပစ္စည်းကို အသုံပြုပြီးမမွှေပါနဲ့နော်။ Betonite clay အစွမ်းပျယ်တတ်လို့ပါ

ပုံမှန် Aztec Indian Healing Clay Mask မှာတော့ 1LB ပါပါတယ် ။ အဲ့တော့ စမ်းသုံးကြည့်ချင်တဲ့သူတွေ၊ အများကြီး ဝယ်မထားချင်တဲ့သူတွေအတွက် 50g ၊ 100g ဆိုပြီး ခွဲရောင်းပေးတာတွေလည်း Shop မှာအလွယ်တကူဝယ်ယူနိုင်ပါတယ် ။

🛒 Aztec Indian healing clay (1LB) ဝယ်ယူရန်လင့်ခ် >>> http://bit.ly/2HaagSh

🛒 Aztec Indian healing clay (50g/100g) ဝယ်ယူရန်လင့်ခ် >>> http://bit.ly/2HaagSh

📲 သင့်ဖုန်းထဲမှာ Shop App ရှိရုံနဲ့ အွန်လိုင်းပေါ်ကနေ အလွယ်တကူဈေးဝယ်နိုင်လို့ ခုပဲ Download လုပ်လိုက်ရအောင် ….
Shop app ကို download ရယူရန် – http://bit.ly/2SjcJ0i

Shop app ကို သုံးပြီး ဈေးဝယ်မယ်ဆိုရင် –
🚚 ပြည်နယ်နှင့်တိုင်း(၁၄)ခုနေရာအနှံ့ပို့ဆောင်ပေးပါတယ်။ ပြီးတော့ ပစ္စည်းအိမ်ရောက်မှ ငွေပေးချေလို့ရတဲ့ စနစ် (Cash On Delivery) လည်းရှိပါတယ်။

🏠 အော်ဒါတင်တဲ့အချိန်လိပ်စာမပြည့်စုံရင် အော်ဒါ cancel ဖြစ်မှာမို့ အိမ်နံပါတ်၊လမ်းနာမည်၊ မြို့နယ်၊တိုင်း လိပ်စာအပြည့်အစုံဖြည့်သွင်းပေးပါနော်…

Photo: Google

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *