မိတ်ကပ် ကြာရှည်ခံအောင် ပြုလုပ်ကြမယ်…။ 0 296

အဝတ်အစားတွေ မတော်တော့တာ၊ အမေ့ခံရတာ၊ သေချာလိမ်းထားတဲ့ မိတ်ကပ် တွေ ပျက်သွားတာစတဲ့ အရာတချို့က မိန်းကလေးတွေရဲ့ အိမ်မက်ဆိုးလို့ ပြောနိုင်ပါတယ်။ မိတ်ကပ် လှလှပပလေး ထွက်လာဖို့ နာရီဝက်လောက် အချိန်ပေးရပါတယ်။ ဒါပေမယ့် အပြင်ထွက်တာနဲ့ နွေရာသီဆိုလည်း မိတ်ကပ် တွေ မျက်နှာပေါ်က ပျော်ကျလာတာမျိုး ၊ မိုးရာသီဆိုလည်း အမြဲတမ်းမိုးကရွာနေတော့ ရေတွေနဲ့ထိပြီး မိတ်ကပ်ကပျက်ဆိုတာမျိုး ကြုံရပါတယ်။ ဆောင်းရာသီတစ်ခုပဲ မိတ်ကပ် ကသပ်သပ်ရပ်ရပ်လေးနဲ့ အလှမပျက်တာလို့ပြောရမယ်။ ဒါကြောင့် ဒီတစ်ခေါက် blog မှာ မိုးရွာရွာနေပူပူ အလွယ်တကူမပျက်နိုင်တဲ့ မိတ်ကပ်ပစ္စည်းများအကြောင်းကို ပြောပြချင်ပါတယ်။

မိုးရာသီအသားအရေထိန်းသိမ်းနည်း

ကြာရှည်ခံတဲ့မိတ်ကပ်အမျိုးအစားတွေ အကြောင်းမပြောခင် မိုးရာသီမှာလည်း အသားအရေထိန်းသိမ်းမှု လုပ်ဆောင်သင့်တယ်ဆိုတာကို အသိပေးပါရစေ။ UV rays တွေတော်တော်များများက တိမ်တိုက်တွေ၊မိုးတိမ်တောင်တွေ ကို ဖြတ်နိုင်ပါတယ်။ ဒါကြောင့် နွေရာသီမှာမှ UV rays တွေကြောင့် အသားအရေကိုထိခိုက်မှာ မဟုတ်ပါဘူး မိုးရာသီမှာလည်း အသားအရေကိုထိခိုက်နိုင်ပါတယ်။ ဒီတော့ နေလောင်ခံလိမ်းဆေးတွေကို နွေရာသီပြီးတာနဲ့ မလိမ်းဘဲထားလိုက်တာမျိုး မပြုလုပ်ဘဲ ပုံမှန်လေးလိမ်းပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ နွေရာသီမှာ ရာသီဥတုပူတာကြောင့်ရော၊ ချွေးတွေအထွက်များ တာကြောင့်ရော ရေကိုပုံမှန်လေးသောက်ဖြစ်ပါတယ်။ ဒါပေမယ့် မိုးရာသီမှာ အပြင်ရာသီဥတုကလည်း အေးပြီးမှုံမှိုင်းနေတော့ ရေသောက်ချင်စိတ် သိပ်ပေါ်မလာဘဲ တနေ့တာမှာ သောက်သင့်တဲ့ရေ၈ခွက် ကိုမသောက်ဖြစ်တက်ပါတယ်။ လိုအပ်တဲ့ရေဓာတ်မရတာမျိုးမဖြစ်ရအောင် ရေကိုသတိထားပြီး သောက်ပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း လိုချင်တဲ့အသားအရေ ကြည်ကြည်လေးရမှာပေါ့နော်။

PONY EFFECT Seamless Foundation SPF30, PA++

rainy makeup

Pony ဆိုတာ 2NE1 အဖွဲ့ဝင် CLရဲ့ မိတ်ကပ်ပညာရှင်ဖြစ်ပါတယ်။ သူမက ကိုးရီးယားနိုင်ငံမှာတင်မဟုတ်ဘဲ နိုင်ငံတကာမှာလည်း ပရိသက်တွေ သန်းနဲ့ချီရှိတဲ့ Beauty Blogger တစ်ယောက်ပါ။ PONY EFFECT မိတ်ကပ် Brand ကိုသူကိုယ်တိုင်ထုတ်လုပ်ထားပြီး မိတ်ကပ်အရည်အသွေးက သူမပရိသက်တွေကို ရူးခါနေအောင်နှစ်သက်စေခဲ့ပါတယ်။ အခု foundation ကိုလိမ်းထားရင်အရေပြားကို ကြည်လင်ပြီး ပြောင်ပြာင်တင်းတင်းလေး ဖြစ်စေပါတယ်။ ဒီFoundation က အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေရဲ့ မျက်နှာပေါ်မှာတောင် ၈နာရီထိခံပါတယ်။

The Face Shop Ink Gel Pencil Liner (0.5g)

မိတ်ကပ်

The Face Shop Ink Gel Pencil Liner သုံးဖူးတဲ့သူအများအပြားက မျက်ခွံပေါ်မှာPrimer ခံစရာတောင်မလိုဘဲ ကြာရှည်ခံတယ်လို့ မှတ်ချက်ပေးကြပါတယ်။ အသုံးပြုရတာလွယ်ရုံတင်မကပဲ စွန်းထင်းခြင်းမရှိ ရေစိုလည်းခံပါတယ်။ နောက်ပြီး ချွန်စက်လေးလည်းပါပြီးသားဆိုတော့ လွန်ခဲ့တဲ့နှစ်တစ်ထောင်ကလို တခါ Liner ဆွဲချင်ရင် တခါဓားနဲ့ချွန်နေစရာ မလိုတော့ဘူးပေါ့နော်။

L’Oreal Paris Infallible Pro Matte Gloss

နှုတ်ခမ်းနီဆိုးထားတာကိုလည်း အလွယ်တကူပျက်မသွားချင်ဘူး နှုတ်ခမ်းသားကိုလည်း အင်္ဂတေကိုင်ထားသလိုမျိုးမဖြစ်ချင်ဘူးဆိုတဲ့သူတွေအတွက် ဒီနှုတ်ခမ်းနီအမျိုးအစားက သင့်တော်ပါတယ်။ သူက နှုတ်ခမ်းသားကို နှုးညံ့စိုစွတ်မှုပေးတဲ့အပြင် အရောင်လည်း နှုတ်ခမ်းသားပေါ်မှာ အကြာကြီးခံပါတယ်။

The Face Shop Super Proof Mascara

မိတ်ကပ်

အငိုလွယ်တဲ့သူလား။ ဒါပေမယ့်အသုံးပြုထားတဲ့ mascara ကြောင့် မျက်နှာလှလှလေး တစ်ခုလုံး မည်းသွားမှာစိုးရိမ်လို့ ငိုချင်တိုင်းငိုခွင့်မရဘူးဆိုရင် စိတ်မပူပါနဲ့ ဒီmascara ကမိုးရေတင်မကဘူး မျက်ရည်စက်လေးတွေကိုပါ တောင့်ခံနိုင်ပါတယ်။ မျက်တောင်တစ်ချောင်းချင်းစီကိုလည်း လှလှလေးကော့ညွတ်စေတော့ ဘာလိုသေးလဲနော်….။

BYS Make up Setting Spray

မိတ်ကပ်

Setting spray က ပြီးပြည့်စုံအောင်လိမ်းခြယ်ထားတဲ့ မိတ်ကပ်ကို မျက်နှာပေါ်မှာ ကြာကြာစွဲမြဲနေအောင် ထိန်းပေးထားနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ BYS Make up Setting Spray က အဆီမပြန်စေဘဲ အပူချိန်ကိုလည်း ထိန်းညှိပေးတဲ့ Formulaကိုအသုံးပြုထားတော့ မိတ်ကပ်သားကို ပိုမိုပြီး ကြာရှည်ခံစေပါတယ်။

သတင်းကောင်းတစ်ခုက ဗုဒ္ဓဟူးနေ့တိုင်း မည်သည့်ပစ္စည်းကိုမဆိုမှာယူရင် ပို့ဆောင်ခမပေးစရာမလိုပါဘူး။ ပစ္စည်းတော်တော်များများကိုလည်း လျှော့ဈေးတွေပေး နေပါသေးတယ်။ ဒီတော့ ကိုယ်လိုချင်တဲ့ပစ္စည်းလေး Out of stock မဖြစ်သွားခင် မြန်မြန်လေးတော့ သွားဝယ်ဖို့လိုမယ်နော်။

 

 

 

 

 

 

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *