Shop.com.mm’s Application ကိုအသုံးပြုသင့်တဲ့ အကြောင်းရင်း (၄) ချက် 0 212

Shop.com.mm app အကြောင်း ဒီနေ့ပြောပြချင်ပါတယ်နော်။ ခုတလော မိုးကောင်းချက်က တချိန်ကုန် မိုးရွာလိုက်မိုးစဲလိုက်ဆိုတော့ ဖုန်းလေးသုံးလိုက်၊ laptop လေးသုံးလိုက်နဲ့ သာယာနေဖို့ အကောင်းဆုံးအချိန်လို့လည်း ပြောလို့ရပါတယ်။ မိုးအေးအေးထဲအပြင်မှာ shopping မထွက်ချင်တဲ့သူတွေအတွက် Shop.com.mm application အကြောင်း ဒီနေ့ မိတ်ဆက်ပေးချင်ပါတယ်။ customers တစ်ယောက်အနေနဲ့ application ကိုသုံးရင် ပိုမိုသက်သာတဲ့ဈေးနှုန်း App price တွေ၊ လျှော့ဈေးတွေ၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်ခြင်း စတဲ့ ကောင်းကျိုးအချက်တွေကို ပြောပြပေးမှာဖြစ်ပါတယ်။

App price တခုထဲ စိတ်ဝင်စားဖို့ကောင်းတာမဟုတ်ဘူး တခြားကောင်းကျိုးတွေလည်းရှိသေးတယ်။ ကိုယ့်လိုပဲ အဆင်ပြေစေလိုတဲ့ စိတ်နဲ့တခြားကောင်းတဲ့ အချက်တွေကိုပြောပြတာပါရစေ။ အောက်မှာ Application သုံးရင် ရနိုင်တဲ့အကျိုးခံစားခွင့်တွေကို ရေးပေးထားပါတယ်။

သက်မှတ်ထားတဲ့ပစ္စည်းအချို့ကို application နဲ့ဝယ်ရင် မူးရင်းဈေးထက်ပိုမိုသက်သာပါမယ်။

“App Price” ဆိုတာကြီးကိုခဏခဏပြောနေတာပဲလို့ ထင်တော့မှာပဲ။ တကယ်ကောင်းတဲ့အခွင့်အရေးကို လက်လွတ်သွားမှာစိုးလို့ ခဏခဏသတိပေးနေတာပါနော်။ ဒီလင့်ကနေတဆင့်သွားပြီး ဘယ်လိုပစ္စည်းတွေကို ဘယ်လောက်လျှော့ထားလဲဆိုတာ သွားပြီးကြည့်နိုင်ပါတယ်။

application အတွက် သီးသန့်ပေးတဲ့ voucher codes တွေနဲ့ ကုန်ကျစရိတ်ကိုလျှော့ချနိုင်ပါတယ်။

Application ကနေပစ္စည်းတခုခုဝယ်ရင် shop.com.mm ဘက်ကပေးတဲ့ voucher codes ကိုသုံးပြီးဝယ်လို့ရပါတယ်။ အနည်းဆုံးဘယ်လောက်ဝယ်ရမလဲ ဆိုတဲ့သက်မှတ်မှုတစ်ခုတော့ ရှိတာပေါ့နော်။ ဥပမာ ၁၀၀၀ လျှော့ဖို့ ငါးထောင်ဖိုးအနည်းဆုံး အလှကုန်နဲ့ပက်သက်တဲ့ ပစ္စည်းတွေဝယ်ဖို့လိုအပ်ပါတယ်။ shop.com.mm မှာ ပစ္စည်းတွေအတွက် ဘယ်လောက်အနည်းဆုံးဝယ်ရင် voucher code ဘယ်လောက်တန်သုံးလို့ရလဲ ဆိုတာ “Daily App Vouchers” မှာသပ်သပ်ပေးထားပါတယ်။

သုံးရတာအရမ်းလည်းလွယ်ပါတယ်။

Website မှာ URLကိုရိုက်ပြီး page ကျလာဖို့စောင့်ရတာ စိတ်ရှုပ်စရာကြီးနော်။ အခု browser ကနေသွားစရာမလိုတော့ပါဘူး။ Application ကိုသာ install လုပ်ထားပြီး ကိုယ့်အကောင့်ထဲ ဝင်ထားလိုက်ရင် ကိုယ်ဘယ်အချိန်ဖြစ်ဖြစ် ဝင်ပြီးနှစ်သက်တဲ့ပစ္စည်းတွေကို ကြည့်လို့၊ဝယ်လို့ရပါတယ်။

အချိန်အရမ်းပေးစရာမလိုတော့ဘူး။

အိမ်သာထဲမှာ ဖုန်းသုံးနေတုန်း shop.com.mm က ကြိုက်ပြီးဈေးကြီးလို့ မဝယ်နိုင်ပဲ တနေ့၂ခေါက်လောက် ဈေးလျှော့ပြီလားဆိုတဲ့ မျှော်လင့်ချက်နဲ့ သွားသွားကြည့်နေရတဲ့ ဂျင်းဘောင်းဘီလေး ၇၀ ရာခိုင်နှုန်းလျှော့ဈေးပေးထားတာကို သူတို့ facebook page မှာ ရုတ်တရက်တွေ့လိုက်ရတော့ မြန်မြန်ဝယ်မှ သူတို့ ပစ္စည်းကုန်သိပ်မြန်တာဆိုတဲ့ ခံစားချက်မျိုးဖြစ်ဖူးကြလားမသိဘူး။ တကယ်လည်း website ကနေတဆင့် account ထဲ ဝင်ပြီး Buy Now လည်းနှိပ်လိုက်ရော ပစ္စည်းလက်ကျန်မရှိတော့ပါဘူး ဆိုတဲ့အသိပေးစာတက်လာရင် စိတ်အနှောင့်အယှက်ဖြစ်မိမှာပါနော်။ အချိန်နဲ့တပြေးညီ ဝယ်ရတာမျိုးက သာမန်အချိန်မှာ သိပ်မသိသာပေမယ့် ဈေးလျှော့ပေးတဲ့ရာသီ Black Friday Sale တို့ Thingyan Sale တို့မှာကျ သိသာပါတယ်။ App သာအသုံးပြုရင် သူတို့ဘက်ကနေ Discount နဲ့ပက်သက်တဲ့ အသိပေးစာလေးတွေလည်း ကြိုသိရတယ်ပြီးတော့ websiteမှာ အဝိုင်းလည်တာ ထိုင်စောင့်နေစရာလည်း သိပ်မလိုတော့ဘူးပေါ့နော်။

Application ပဲသုံး website မသုံးနဲ့ဆိုပြီး အတင်းကာရောတွေ တိုက်တွန်းနေရအောင် ကိုယ်လည်းဘာမှမဟုတ်ပါဘူးနော်။ ကိုယ့်ဘာသာစိတ်ကြိုက် platform သုံးပြီးဝယ်လို့လည်းရပါတယ်။ ဈေးဝယ်တဲ့အခါမှာ ပိုပြီးမြန်ဆန်Discount တွေပိုရစေလိုတဲ့ စေတနာနဲ့ အကြံညဏ်လေးပေးတာပါလေ။ ဒါပေမဲ့ application သုံးဖို့စိတ်ဝင်စားသွားတယ်ဆိုလျှင်လည်း google play မှာ ဖြစ်ဖြစ် apple store မှာဖြစ်ဖြစ် သွားပြီး download လုပ်နိုင်ပါတယ်။ Application စအသုံးပြုတဲ့သူတွေကို 5000 voucher code ပေးထားပါတယ်လို့ …………..။

 

 

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *