မိုးတွင်းအခက်အခဲတွေကို ဖြေရှင်းနိုင်တဲ့ Monsoon Sale 0 385

နွေနေပူရဲ့ချွေးတွေကိုတိတ်ပေးလို့ မိုး စရွာတုန်းက မိုး ရွာတာကိုကျေးဇူးအရမ်းတင်ခဲ့ကြမယ်နော်။ မိုးစစရွာချင်း ကြည့်လေရာက စိမ်းလန်းပြီး စိတ်အေးချမ်းဖို့ကောင်းခဲ့တာ။ ဒါပေမဲ့ တကယ်လည်းမိုးရာသီစရော မိုး ကအဲ့လောက်စိတ်ချမ်းသာစရာ မကောင်းးတော့ဘူး။ မြေသင်းနံ့ကဆွဲဆောင်ဖို့မကောင်းတော့သလို ကဗျာလည်းမဆန်တော့ဘူးနော်။ မိုး စက်တွေကိုချစ်ချင်ချစ်နို်င်ပေမယ့် မိုးရာသီကို မုန်းကောင်းမုန်းနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ တခြားနိုင်ငံတွေထက်စာရင် မြန်မာနိုင်ငံမှာ မိုး က၂၄နာရီမှာ ၁၈နာရီလောက်က ရွာနေလို့ဖြစ်တယ်နော်။ ကျောင်းသွားသွား၊ရုံးသွားသွား၊ဘယ်နေရာဖြစ်ဖြစ် အဝတ်အစားတွေ၊ဆံပင်တွေကို ညစ်ပတ်ပြီးရေတွေနဲ့အမြဲ စိုနေစေပါတယ်။

ဒီဆိုးရွားတဲ့ မိုးတွင်းကာလကို ဘယ်လိုကျော်ဖြတ်ကြမလဲ။ အနည်းဆုံးကြုံရမယ့်ပြသနာ ၆ခုလောက်ရှိပါတယ်။ ဒါပေမယ့် shop ရဲ့ Monsoon Sale မှာ မိုးတွင်းကာလကို အခက်အခဲနဲနဲ နဲ့ကျော်ဖြတ်လို့ရလောက်တဲ့ Product အချို့ရှိနေလို့ သူတို့အကြောင်းလေးတွေကို ပြောပြပေးလိုက်ပါတယ်နော်။

အိပ်ရာကထလို့မရဖြစ်နေပါသလား။ – ကော်ဖီသောက်ပါ။

မိုးစက်မိုးဖျောက်သံကြားပြီး အိပ်ရာပေါ်ကမထချင်တာမျိုးတို့ မိုးတွင်းကြီး ရုံးသွားတဲ့လမ်းမှာ ခွေးချီးကို ရွှံ့နဲ့မှားပြီး နင်းမိမှာကြောက်တာတို့ နားလည်ပါတယ်။ ဒါပေမယ့် အိပ်ရာပေါ်မှာကွေးကောင်းတိုင်းလည်း ကွေးလို့ရတာမှမဟုတ်တာနော်။ ထမင်းစားဖို့၊ရေဖိုး၊မီတာဖိုး ပေးဖို့ အလုပ်လုပ်မှဖြစ်တာဆိုတာဆိုတော့ အိပ်ရာကမထချင်လည်း ထဖို့ကြိုးစားရမှာပဲ။ မနက်မိုးလင်းလင်းချင်း ကော်ဖီကောင်းကောင်းတခွက်ကို သောက်လိုက်ခြင်းဖြင့် တနေ့တာမှာ လိုအပ်တဲ့Energy ကိုဖြစ်စေပါတယ်။ shop ကနေပြီး ကော်ဖီဖျော်စက်အချို့ကို 52% အထိ Discounts ပေးနေပါတယ်။ ကော်ဖီဖျော်စက်ထဲက ကော်ဖီကို မကြိုက်တဲ့သူတွေအတွက် ရိုးရိုး instant ကော်ဖီနဲ့ ရေနွေးအိုးတွေလည်း ရှိပါတယ်။

ခေါင်းလျှော်ပြီးရင် ဆံပင်အလွယ်တကူမခြောက်ဘဲ ဖြစ်နေပါသလား။ _ Dryer မှုတ်ပါ။

Dryer မှုတ်လို့ လက်မောင်းတွေအောင့်မှာ မစိုးရိမ်ပါနဲ့ ဘာလို့လဲဆိုတော့ Dryer က မိုးရာသီအတွက် မရှိမဖြစ် လက်နက်တခုဖြစ်လာမှာမို့ပါ။ ဂရုတစိုက်နဲ့ဆံပင်အခြောက်ခံတော့ မိုးတွင်းလည်းဆံပင်မပျက်ဆီးတဲ့အပြင် သပ်ရပ်လှပတဲ့ ဆံပင်ကေကို ရရှိမှာဖြစ်ပါတယ်။ Dryer ကို ရုံးကအံဆွဲထဲ ထည့်ထားဖို့လည်း မမေ့နဲ့ဦး။ meeting ကို အခုမှရေကူးကန်ထဲက တက်လာတဲ့ပုံစံနဲ့သွားရင် သိပ်အဆင်ပြေမယ် ထင်ဘူးလေနော်။Dryers တွေကို 14% discount နဲ့ shop’s Monsoon Sale မှာဝယ်လို့ရပါတယ်။

ရုတ်တရတ် မိုးရွာချရင် အမိုးခိုဖို့အမြဲ အသည်းအသန်ရှာနေရပါသလား။ _ ထီးဆောင်ထားပါ။

ပါတီပွဲတွေကို ချိန်းထားတဲ့အချိန်ထက် နဲနဲနောက်ကျပြီး ရောက်ရင် Fashionable Late ဆိုပြီး သတ်မှတ်လို့ရပေမဲ့ ရုံးကို Fashionable late သွားလုပ်တဲ့ အကြိမ်ရေများလာရင် boss က ကန်ထုတ်လိုက်မှာဖြစ်ပါတယ်။ boss ကိုသွားပြီးတော့ မိုးခိုနေလို့ မိုးအရမ်းရွာလို့ဆိုပြီး အကြောင်းပြချက်တွေပြောလို့မရပါဘူးနော်။ ဒီတော့ ရုံးသွားရင်ထီးယူသွားဖို့မမေ့ပါနဲ့။ shop မှာ ထီးတွေကို ၂၀၀၀ ကျပ်ကနေစပြီး ရောင်းချနေပြီး လေဒဏ်မိုးဒဏ်တော့ ခံနိုင်ရည်ရှိလောက်ပါတယ်။

လေအရမ်းတိုက်လို့ ထီးလန်ပြီး တကိုယ်လုံးမိုးတွေ ရွှဲရွှဲစိုသွားမှာစိုးရိမ်နေပါသလား။ _ မိုးကာဆောင်ထားပါ။

လေမတရားတိုက်လာရင် ထီးလည်းမကယ်နိုင်တော့ပါဘူးနော်။ မိုးတွေကအသည်းအသန်ရွာ လေတွေကတိုက် ထီးမိုးတွေလန် ဘေးနားကဗွက်အိုင်ထဲ ကားကဖြတ်သွား ဗွက်ထဲကရေတွေက ဗွမ်းဆိုပြီးကိုယ်ပေါ်ကို စင်။ ရုံးမရောက်ဘဲ လမ်းမှာတင် မျက်ရည်တွေဝိုင်းရလောက်မယ့် အကွက်တွေဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လိုလိုမယ်မယ် မိုးကာဆောင်ထားတော့ ဒီလိုစိတ်ညစ်စရာတွေမရှိတော့ဘူးပေါ့နော်။ shop ကမိုးကာတွေက ဒီဇိုင်းလည်း လန်းပြီး လူကိုမိုးလုံစေပါတယ်။ Monsoon Sale မှာဝယ်ရင် 50% off discount ရနိုင်ပါတယ်နော်။

အဝတ်တွေခြောက်ဖို့ခက်နေပါသလား။ _ Washing Machine

မိုးတွင်းမှာ အဝတ်တွေခြောက်အောင်လုပ်ရတာ သိပ်မလွယ်တဲ့အလုပ်ပါ။ အဝတ်ကိုလက်နဲ့လျှော်ပြီး အဝတ်တန်းမှာလှမ်းရင် သိပ်အဆင်ပြေမယ်မထင်ဘူး။ ဘာလို့ဆိုတော့ လျှော်ပြီးသားအဝတ်ကို လက်နဲ့လျှော်တော့ ညှစ်တဲ့အခါရေမစင်ဘဲ အဝတ်တန်းမှာလှမ်းတဲ့အချိန် ရေတွေတပေါက်ပေါက်ကျပြီး ကြမ်းတွေရေစိုနိုင်မယ့်အပြင် အဝတ်ခြောက်ဖို့လည်းပိုခက်နိုင်ပါတယ် ဒါမို့ အဝတ်ညှစ်စက်နဲ့လျှော်စက်တွေကို လိုအပ်တာပေါ့နော်။ အဝတ်လျှော်စက်တွေ 20% discount ရှိပါတယ်။

အိမ်မှာပျင်းနေပါသလား။ _ ဟင်းချက်ခြင်း၊ မုန့်ဖုတ်ခြင်းကို လုပ်လို့ရပါတယ်။

ပိတ်ရက် အပြင်မှာမိုးတွေအသည်းအသန်ရွာနေလို့ အပြင်မထွက်ဘဲ အိမ်မှာပဲနေချင်မှာပေါ့နော်။ အိမ်မှာဒီတိုင်းကြီးနေတာက အကြိမ်ရေများလာရင် ပျင်းဖို့ကောင်းလာနိုင်ပါတယ်။ shopက မီးဖိုချောင်အသုံးအဆောင်ပစ္စည်းတွေကို 15% ချထားပါတယ်။ ဒီတော့ အဲ့ကပစ္စည်းလေးတွေကို ကောင်းကောင်းအသုံးချပြီး ဟင်းလျာတွေ၊မုန့်တွေ၊ ပေါင်မုန့်၊ကိတ်မုန့်တွေကို စိတ်တိုင်းကျ နာမည်ကြီးစားဖိုမှုးချန်ဂင်လို ကိုယ့်ကိုယ်ကိုယ်သဘောပိုက်ပြီး အိမ်မှာ အချိန်ဖြုန်းနိုင်ပါတယ်။

blog ထဲမှာမပါပေမယ့် Monsoon sale ထဲမယ် စိတ်လှုပ်ရှားစရာကောင်းတဲ့ deals တွေရှိပါသေးတယ်။ Monsoon sale မပြီးသွားခင် ဒီလင့်လေးထဲကနေတဆင့် မြန်မြန်သွားဝယ်လိုက်ပါနော်။

 

 

 

 

 

 

 

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *