
ကိုယ်တွေ တက္ကသိုလ်ကျောင်းသား ဘဝ ပိုက်ဆံပြတ်နေလို့ လိုချင်တဲ့ပစ္စည်းကို ၂၀၀၀၀ ကျော်တာနဲ့မဝယ်ရတာမျိုးတွေ ရှိခဲ့ဖူးတယ်နော်။ တက္ကသိုလ်ကျောင်းသား ဘဝကပျာ်စရာကောင်းပြီး စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေတယ် လို့ဆိုနိုင်ပေမယ့် နဲနဲလည်းဈေးကြီးတာကိုလည်း သတိထားမိမှာပါ။ နောက်ပြီး ပထမနှစ်ကျောင်းသားဖြစ်ဖြစ် စတုတ္ထနှစ်ကျောင်းသားဖြစ်ဖြစ် လက်ဖက်ထမင်းနဲ့ ကြက်ဥကြော်ကတော့ တက္ကသိုလ်မှာ နှစ်နှစ်ခြိုက်ခြိုက်စားရတဲ့ အစားအစာတခုလဲဖြစ်မယ်ထင်တယ်။ ကျောင်းကိုပြည့်ပြည့်ဝဝ မတက်ရသေးခင် ကျောင်းအတွက်လိုအပ်တာတွေ ကြိုလုပ်ထားရမှာပေါ့။ ကျောင်းတက်တာပဲ အဲ့လောက်တကူးတက လုပ်စရာမလိုပါဘူးလို့ ယူဆလို့ရပေမယ့် ကြိုတင်ပြင်ဆင်တာ ဘယ်လိုပဲဖြစ်ဖြစ်ကောင်းတယ်မဟုတ်ဘူးလား။
တက္ကသိုလ်ကျောင်းသား က လူကြီးတွေလို ပိုက်ဆံကိုသုံးလို့မရဘူး။ ရတဲ့မုန့်ုဖိုးလေးနဲ့သုံးရတာ ဖြစ်တော့ ဈေးသက်သာတဲ့ လက်ဖက်ထမင်းနဲ့ကြက်ဥကြော်ကလည်း တက္ကသိုလ်ကျောင်းသား တွေရဲ့ Favorite ဖြစ်လာတာပေါ့နော်။ ဒါပေမဲ့ ကျောင်းသားတွေမှာလဲ လိုချင်တာနဲ့လိုအပ်တာ လူကြီးတွေလိုပဲရှိပါတယ်။ အုပ်ထိန်းသူတွေက လိုအပ်တာတွေကို ဝယ်ပေးနိုင်ပေမယ့် လိုချင်တာအားလုံးကိုတော့ ဖြည့်ဆည်းပေးချင်မှပေးနိုင်မှာပါ။ ဒါကြောင့် ကျောင်းသားတွေလိုချင်လောက်မယ့် ဈေးလည်းမကြီးတဲ့ ပစ္စည်းကောင်းလေးတွေအကြောင်းပြောပြချင်ပါတယ်။
စာရေးကိရိယာနဲ့ထမင်းဘူး
ကျောင်းမှာ အများဆုံးလုပ်ရမယ့် စာမှတ်တဲ့အလုပ်ကို အချိန်နဲ့တပြေးညီလုပ်နိုင်ဖို့အတွက် ဘောပင်ကောင်းကောင်းလေးတွေ လိုပါတယ်နော်။ ချစ်စရာဘောပင်ဒီဇိုင်းလေးတွေဖြစ်တဲ့ Doraemon ရုပ်ပါဘောပင်တို့၊ အခုခေတ်စားနေတဲ့ Emoji ဘောပင်တို့ကိုဝယ်ယူနိုင်ပြီး တခြား အထာကျတဲ့ ဘောပင်လေးတွေကို ဒီ link ကနေသွားရှာနိုင်ပါတယ်နော်။ Japan Store ကထမင်းဘူးတွေဆို တဘူးမှ ၂၀၀၀ လောက်ပဲရှိလို့ တန်တယ်လို့သတ်မှတ်နိုင်ပါတယ်။ အမေစိတ်ကောင်းဝင်နေတဲ့အချိန်ဆိုရင်တော့ Lock & Lock ထမင်းဘူးကို ပူဆာနိုင်ပါတယ်။
Shoes
အိပ်ရာကနိုးပြီး ဖုန်းကို ကြည့်လိုက်တဲ့အချိန်မှာ ၇ နာရီ ၅၀ ပဲရှိသေးတယ်ဟ ဆိုပြီး အိပ်ရာထဲပြန်ကွေး ဇိမ်ယူနေတုန်း ရုတ်တရတ် “ဟာ မနက်ပိုင်းtutorial ရှိတာပဲ” ဆိုပြီးအဲ့တော့မှ ကမူးရှုးထိုးထပြီး မျက်နှာသစ်သွားတိုက်တွေလုပ်ရတာ ကျောင်းသားတိုင်းဖြစ်ဖူးမှာပေါ့။ ဒီအချိန်မှာ အတန်းထဲကို အချိန်မှီပြေးရမှာ ဖြစ်တဲ့အတွက် ပြေးနေတုန်းဝတ်ထားတဲ့ဖိနပ်ကြောင့် ခလုတ်တိုက်ချော်လဲရင် မကောင်းဘူးပေါ့။ ဖိနပ်ကောင်းကောင်းတရံက အလွန်တရာ အရေးကြီးလာပါတယ်။ ရွှေမြို့သူ ဖိနပ်လေးက တရံမှ ၅၀၀၀ ပတ်ချာလည်ရှိပြီး ဒီဇိုင်းသပ်ရပ်တဲ့အပြင် ဝတ်ရလဲ သက်တောင့်သက်သာရှိပါတယ်။ ဈေးပေါလို့ အထင်သေးသွားနဲ့ဦး shop က ဖက်ရှင်ပစ္စည်းတွေကို နောက်ဆုံးပေါ်တွေချည်း တင်တာပါ။
Health & Beauty
Wardah lip palette ရှိရင် တခြားနှုတ်ခမ်းနီအရောင်အတွက် ပိုက်ဆံကုန်စရာမလိုတော့ဘူးထင်တယ် သူ့မှာ ၂၄ ရောင်ရှိပြီး မည်သည့်အသားအရေမဆို အသုံးပြုလို့ရပါတယ်။ Now How’s Moisture Cake ကအသားအရေကို အစိုဓာတ်ထိန်းပေးပြီး မျက်နှာကိုဝင်းဝင်းလေးဖြစ်သွားစေတယ်။ နောက်ပြီး အတန်းနောက်ကျလို့ ခေါင်းလျှော်ချိန်မရှိရင် Dry Shampoo အကူအညီ ယူနိုင်ပါတယ်။ ခေါင်းက ထွက်တဲ့အဆီတွေကို အနည်းဆုံးသူက ဖယ်ရှားပေးနိုင်ပါတယ်။
Outfit
Limit နဲ့ရတဲ့မုန့်ဖိုးကြောင့် လိုချင်တဲ့ ဝတ်စုံနားကနေ စိတ်မကောင်းစွာနဲ့ ထွက်လာရဖူးမှာပါ။ အခုထမီလေးတွေကျတော့ နောက်ဆုံးပေါ်ဒီဇိုင်းလေးတွေလည်းဖြစ်တယ် အသားလည်းကောင်းတယ် အဓိကကျတဲ့ ဈေးနှုန်းကလည်း ချိုသာပါတယ်။ shop.com.mm ရဲ့ new subscriber အသစ်ဖြစ်မယ်ဆိုရင် အနည်းဆုံးလေးသောင်းကျော်ဖိုးဝယ်ရင် အသုံးပြုလို့ရတဲ့ တစ်သောင်းတန် Voucher Code ရမှာပါ။ ဒါပေါ့ ပိုက်ဆံချွေတာပါတယ်ဆိုမှ လေးသောင်းကျော်ဖိုးလာဝယ်ခိုင်းနေတယ် ထင်ချင်စရာကြီး။ ဒါပေမယ့် သူငယ်ချင်းတွေနဲ့ စုဝယ်လိုက်ရင် ကျသင့်ငွေထက်တောင်ပိုပြီးလျော့သွားမှာလေနော်။ 😊
ကျောင်းပြီးသွားတဲ့ လုပ်ငန်းခွင်ဝင်နေတဲ့ အရွယ်ရောက်တဲ့သူတော်တော်များများ ကုန်ဆုံးခဲ့တဲ့ တက္ကသိုလ်နေ့ရက်တွေကို တခါတလေပြန်သွားချင်ပါတယ်။ ဒါကြောင့် နောင်မှ နောင်တတွေရနေမှာစိုးလို့ ကျောင်းတက်ခွင့်ရတုန်းမှာ ပျော်ပျော်ကြီးကျောင်းကို တက်ပါလို့ လိုချင်တာတွေကိုလည်း ဝယ်ပလိုက်ပါ။ shop မှာ လိုချင်စရာတွေအများကြီးရှိနေပါတယ်။