အဖေများနေ့အတွက် သင့်တော်မယ့်လက်ဆောင်လေးတွေ 0 565

အဖေ နဲ့ပတ်သက်တဲ့ အမှတ်တရတွေ သေးသေးလေးကနေအကြီးကြီးထိ ကိုယ်စီကိုယ်စီ ရှိကြမှာပါ။ ငယ်ငယ်တုန်းက အသက်ကြီးလာရင် ဘာလုပ်ချင်လဲမေးခံရရင် ဖေဖေ့လိုဆရာဝန်ကြီးလုပ်မှာတို့ ဖေဖေ့လို ကျောင်းဆရာ လုပ်မှာတို့ဖြေခဲ့ကြမယ် ထင်တယ်နော်။ ဘာလို့အဲ့လိုဖြေတာလဲ ဆိုတဲ့ အကြောင်းအရာ မယ်မယ်ရရ အကြီးကြီးမရှိဘဲနဲ့ ဒီတိုင်းမျက်လုံးထဲမှာ အဖေ က နေရင်းထိုင်ရင်းကိုသဘောကျစရာ ကောင်းနေခဲ့လို့ဖြစ်မယ်ထင်တယ်။

တဖြည်းဖြည်းနဲ့ ကိုယ်တွေလူကြီးဖြစ်လာတဲ့ အချိန်မှာ ကြုံနေရတဲ့ ပြသနာတွေ အခက်အခဲတွေကြောင့် အဖေ့ တန်ဖိုးကို မေ့သလိုလိုတွေဖြစ်လာကြပါတယ်။ သူ့ကြောင့်ကိုယ်လမ်းလျှောက်တက်ခဲ့တာပါလား၊ သူကိုယ်တွေကို ထမင်းကျွေးခဲ့တာပါလားဆိုတာတွေ မေ့ချင်သလိုဖြစ်လာတယ်နော် တခါတလေကျရင်။ ဒါပေမယ့် စိတ်မပူပါနဲ့ အဲ့ဒီအတွေးတွေအတွက် တာဝန်မကျေခဲ့မိတာတွေအတွက် အဖေများနေ့မှာ ကာမိအောင် လုပ်လို့ရပါသေးတယ်။

သူ့ကျန်းမာရေးကို ဂရုစိုက်ပါ။

အဖေ့ကျန်းမာရေးက အရေးကြီးဆုံးပါပဲနော်။ အဖေ့ကို Medical Checkup လိုက်လုပ်ပေးရင် အဖေ့မှာရှိလာနိုင်တဲ့ ရောဂါတွေ ပိုးမွှားတွေကို ကြိုတင်သိလာနိုင်ပါတယ်။ ဒီ Medical Checkup Package ကို CBL Medical Centre မှာသွားလုပ်လို့ရပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်၊ သန့်ရှင်းတဲ့ ဆေးရုံအပြင်အဆင်၊ အရည်အချင်းပြည့်မီတဲ့ ဆရာဝန်တွေ၊ ဝန်ထမ်းတွေ၊ နောက်ဆုံးပေါ် စက်ပစ္စည်းတွေ၊ နည်းပညာတွေနဲ့ပေါင်းစပ်ပြီး Medical Checkup ပြုလုပ်ပေးမှာပါ။ စက်ပစ္စည်းတွေအကုန်လုံးကို USA, UK နဲ့Germany နိုင်ငံတို့ကနေ တင်သွင်းပါတယ်။ နောက်ပြီး လိုအပ်မယ်ဆိုရင် Singapore Parkway Hospital ကဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးလို့ ရပါတယ်။

သူ့ကို အချိန်ပေးပါ။

တခါတလေ ဖခင်တစ်ယောက်အနေနဲ့သူ့ကို ဘယ်သူမှဂရုမစိုက်တော့ပါဘူး သူက မိသားစုအတွက်အသုံး မဝင်တော့တဲ့ သူဖြစ်နေပါပြီလို့ တွေးကောင်းတွေးလာနိုင်ပါတယ်။ (ကိုယ့်အပြုအမှုတွေကြောင့် အဲ့လိုတွေးသွားတာမျိုးလည်းဖြစ်နိုင်ပါတယ်။) ဒီတော့ ဘယ်လိုမျိုးမဖြစ်အောင်တားနိုင်မလဲ။ သူ့အတွက် သက်သက်အချိန်ပေးပါ။ တနေကုန်အချိန်မပေးနိုင်ရင် Fine dining ဆိုင်တွေဖြစ်တဲ့ The Marina Indian Restaurant လိုဆိုင်မျိုးမှာ ညစာသွားစားတာမျိုးလုပ်နိုင်ပါတယ်။ အိမ်မှာဟင်းချက်ကျွေးလို့ရတာမှန်ပေမယ့် သူကသင့်အတွက် အခုချိန်ထိ အရေးပါနေဆဲပဲ၊ သူ့အပေါ်အခုထိ ဂရုစိုက်တုန်းပဲဆိုတာပေါ်ဖို့ ဆိုင်ကောင်းကောင်းမှာ ဂရုတစိုက်ညစာကျွေးတာမျိုးလုပ်သင့်ခြင်းဖြစ်ပါတယ်နော်။ Marina ကပေးတဲ့ service အရမ်းကောင်းတဲ့အတွက် သူစိတ်ချမ်းသာကျေနပ်မှု အပြည့်ရနိုင်ပါတယ်။

စိတ်ဖိစီးမှုတွေကင်းဝေးတဲ့ ရက်တစ်ရက် ဖန်တီးပေးပါ။

အကယ်လို့ အဖေ က မိသားစုကို အဓိကရှာဖွေကျွေးမွေးတဲ့သူဖြစ်မယ်ဆိုရင် သူ့အနေနဲ့အမြဲတမ်း အလုပ်နဲ့ ပတ်သက်ပြီး၊ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုအမြဲရှိနေမှာပါ။ ငွေဆောင် Package ကိုပေးပြီး အပန်းဖြေခရီးအတူထွက်နိုင်ပါတယ်။ ဟိုတယ်နှစ်ညအိပ်ပါဝင်တဲ့အပြင် အသွားအပြန် ကားလတ်မှတ်ပါ ပါဝင်ပါတယ်။ ကမ်းခြေမှာလှဲရင်း အဖေ နဲ့အတူ ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကို ဝေမျှနိုင်ပါတယ်။ သူအမြဲတမ်းမှတ်မိနေမယ့် နေ့ရက်တခု ဖန်တီးပေးလို့ရပါတယ်။

Shower Him with Praise

သူ့ကို တန်ဖိုးထားတယ်ဆိုတာ သိစေတဲ့အနေနဲ့ ရှန်ပိန်ပုလင်းကောင်းကောင်းတလုံးကို လက်ဆောင်အဖြစ်ပေးနိုင်ပါတယ်။ ရှန်ပိန်က luxury beverage တခုအနေနဲ့ သတ်မှတ်လို့ရပါတယ်။ အနောက်တိုင်းမှာ လက်ဆောင်လက်ခံရရှိတဲ့သူကိုလေးစားတယ်၊ တန်ဖိုးထားတယ်ဆိုတာ သိစေချင်ရင် ရှန်ပိန် ကို လက်ဆောင်အဖြစ်ပေးကြပါတယ်။ ဈေးလည်းမတရားမကြီးပဲ အမျိုးအစားကောင်းတဲ့ ဒီရှန်ပိန်လေးကို အရည်အသွေးကောင်းတဲ့ စပျစ်စိမ်းနဲ့ အခြေခံပြီး အဓိက ထုတ်လုပ်ထားပါတယ်။

အဖေ များနေ့မှ မဟုတ်ဘဲ နေ့စဉ်နေ့တိုင်း မိဘတွေကို တန်ဖိုးထားပြီး လေးစားတာကိုသိစေချင်တယ် ဆိုရင် shop.com.mm မှာ မိဘတွေကိုပေးလို့ရမယ့်လက်ဆောင်တွေရှိပါတယ်နော်……….။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *