ကမ္ဘာ့ဖလားဘောလုံးပွဲ အကြိုလုပ်တဲ့ Football Fever Week မှာစိတ်ဝင်စားဖို့ကောင်းတဲ့ လျှော့ဈေးတွေရှိတယ်နော်…………..။ 0 957

ဒီနှစ်တော့ လေးနှစ်လုံးစောင့်ခဲ့ရတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ကြီးကို ဥရောပအရှေ့ပိုင်းမှာ ကျင်းပတော့မယ်နော်။ ဘောလုံးပွဲ ကိုကြည့်ပုံကြည့်နည်းပဲကွဲသွားတာ တချို့က ကိုယ်ကြိုက်တဲ့အသင်းကို အားပေးဖို့ ပြင်နေချိန်မှာ တချို့ကလဲ ဘောလုံးပွဲကြည့်ဖို့သက်သက်ကို စိတ်လှုပ်ရှားနေကြတာမျိုး။ လူငယ်တွေကလက်ဘက်ရည်ဆိုင်တွေမှာ လက်ဘက်ရည်တခွက်မှာပြီးစုကြပြီ။ ဆိုင်မှာရှိနေတဲ့ ဘောလုံးပရိသတ်ရဲ့ အော်သံဟစ်သံ ဒါမှမဟုတ် ကြည့်နေတဲ့လူအင်အားကို ကြည့်ပြီး ဘာလုံးပွဲကောင်းတခု ဟုတ်မဟုတ်သိနိုင်တယ်နော့။ ခုတလောတော့ တချို့တွေလည်း Barတွေမှာ စိတ်ကိုနဲနဲမြူးစေမယ့် ဘီယာနဲ့အမြည်းလေးစားပြီး ပွဲကြည့်ရတာကိုက အရသာလို့လည်း တွေးလာကြတာထင်ပါတယ်။ ဖုန်းထဲကနေဘဲ Live stream တွေကြည့်ကြတဲ့သူတွေလည်းရှိပါတယ်။

Football Fever Week

ကမ္ဘာ့ဖလားဘောလုံးပွဲ မစခင်လိုကောင်းလိုနိုင်တဲ့ အရာ ၇ခု ရှိပါတယ်။ အဲ့ဒီ ၇ခုကို shopကပေးတဲ့ discounts တွေနဲု့ဖြည့်ဆည်းလို့ရတာကလည်း ကံကောင်းတယ်လို့ပြောနိုင်တယ်နော်။ ဆက်ပြီး အသေးစိတ်ကို အောက်မှာပြောပြမယ်နော်။

Alcoholic beverages (Up to 50 % Off)

ရှုံးရှုံး၊ နိုင်နိုင်၊ သရေပဲကျကျ ဘီယာတွေအရက်တွေကတော့ ဘောလုံးပွဲ အကြောင်းပျော်ပျော်ကြီး သူငယ်ချင်းတွေနဲ့ဆွေးနွေးဖို့ ရှိနေမှာပါ။ “ငါဘီယာလည်းမသောက်ချင်ဘူး၊ ဘောလုံးပွဲ လည်းမကြည့်ချင်ဘူးကွာ” လို့ဘယ်ယောကျာ်းလေးမှ ပြောဖူးမယ်မထင်။ (အသက်၁၈တော့ပြည့်ဖို့တော့လိုတာပေါ့နော်)။ Heineken နဲ့ Tiger က များများဝယ်တဲ့သူတွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ bonus တွေပြန်ပေးဖို့ အစီအစဉ်ရှိပါတယ်။ နောက်ပြီး ဘီယာမဟုတ်ဘူးငါကဝီစကီမှ၊ဂျင်မှ ဆိုတဲ့သူတွေအတွက်လည်း Grand Royal နဲ့ Mandalay ကပေးတဲ့ Discounts တွေရှိပါတယ်။ Jack Daniel က ကိုလာကို တင်နယ်ဆီပြည်(US) က ဝီစကီနဲနဲ နဲ့ရောပြီး ထုတ်ထားတဲ့ Jack Daniel’s cola ကလည်း ရနံ့သင်းသင်းနဲ့သောက်ကောင်းတယ် လို့ပြောကြပါတယ်။ ဘူးရယ် ပုလင်းရယ်ဆိုပြီးသူက နှစ်မျိုးလာပါတယ်။

Beverage (Up to 30% Off)

ကမ္ဘာ့ဖလားပွဲ ကို ရုရှားနိုင်ငံမှာကျင်းပမှာပါ။ဒီတော့ ပွဲကျင်းပတဲ့အချိန်ကလည်း မြန်မာတွေအိပ်နေတဲ့ချိန်ဖြစ်နိုင်ပါတယ်။ ဒီတော့ ဘောလုံးပွဲ ကြည့်ရင်း အိပ်မငိုက်ရဘဲ တက်ကြွတဲ့ကြက်ဖဖြစ်နေအောင် တခုခုသောက်ထားသင့်ပါတယ်။ Shop ကနေပြီး အရက်ဘီယာမကြိုက်တဲ့သူတွေအတွက် Energy Drink တွေဈေးလျှော့ပေးထားပါတယ်။ Redbull, Carabao, နဲ့ Shark  က 10% Discount ပေးထားပါတယ်။ (များများဝယ်ထားတော့ ဘောလုံးပွဲ ပြီးသွားလည်း အအေးတွေတပုံကြီးရေခဲသေတ္တာထဲထည်ပြီး သောက်နိုင်တာပေါ့နော်)

Sportswear (Up to 15% Off)

ကမ္ဘာ့ဖလားဘောလုံးပွဲ မလာခင် သူငယ်ချင်းတွေနဲ့ ဘောလုံးကန်ချင်ကြမယ်ထင်တယ်။ shop ကနေပြီး အားကစားဝတ်စုံ၊အားကစားပစ္စည်းတွေကို 15% လျှော့ပါတယ်။ 15% ထဲဆိုပြီး စိတ်ဓတ်တွေ မကျသွားနဲ့ဦးနော်။ မူရင်းဈေးကိုက ချိုသာနေတာပါ။ ဥပမာ ဘောလုံးဝမ်းဆက်တစုံ မှ ၅၇၀၀ ပဲရှိတာပါ။ပြီးတော့ ဖိနပ်တရံ ၄၅၀၀ တန်လည်းရှိပါသေးတယ်။ နောက်ပြီး အချိန်အကန့်အသတ်အတွင်း လျှော့ပေးမယ့် အစီအစဉ်တွေလည်းရှိသေးတယ်ကြားတယ်။

Mobile Accessories and Headphones (Up to 59% Off)

Headphones ကတော့ကျိန်းသေလိုပါတယ်။ သူများအိပ်ချိန်မှာကိုယ်ဘောလုံးပွဲကြည့်ရမှာဆိုတော့ အသံမထွက်ဖို့ကလည်း လူမှုရေးအရ အရေးကြီးပါတယ်။ နောက်ပြီး ကမ္ဘာ့ဖလားဘောလုံးပွဲ ပြီးတာနဲ့ အမှိုက်ပုံးထဲ တန်းရောက်မယ့် headphones မျိုးလည်းမဖြစ်ရဘူးပေါ့။ shopမှာအရည်အသွေး အာမခံ ရှိတဲ့ Headphones တွေရှိပါတယ်။ 23%လောက်ထိ လျှော့မယ့် ဖုန်း accessories တွေလည်း ရှိပါတယ်။

Game Console & Accessories (Up to 15% Off)

အပြင်မှာဘောလုံးမကန်ချင်တဲ့ သူတွေအတွက် ဂိမ်းစက်ကောင်းကောင်းတခု လိုပါတယ်။ ဂိမ်းစက်တခုဝယ်ပြီး ဂိမ်းများများကိုကစားချင်တာ သဘာဝကျပါတယ်။ XBOX နဲ့ PS 4 နှစ်ခုလုံးကို 5% discount ပေးနေပါတယ်။ အကောင်းဆုံးလို့ Game series တွေထဲမှာ သတ်မှတ်ခံရတဲ့ FIFA 2018 ဂိမ်းခွေကိုလည်း shop ကနေပြီးဝယ်လို့ရပါတယ်။ တခြား ဂိမ်းခွေတွေကိုလည်း ဒီ link ကနေ သွားကြည့်နိုင်ပါတယ်။

TVs, Projectors and Speaker (Up to 31% Off)

Bar ပိုင်ရှင်ဖြစ်ရင်တော့ ဒီအချိန်က ကွာလတီကောင်းကောင်းတီဗီပရိုဂျက်တာတို့ကို စပီကာနဲ့တွဲဝယ်ထားဖို့ အချိန်ကောင်းဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဘောလုံးပွဲ စတာနဲ့လူတွေက ပွဲပြတဲ့ barတို့ လက်ဘက်ရည်ဆိုင်တို့မှာ ဘီယာသောက်အမြည်းစားရင်းကြည့်မှာ မို့ ကိုယ့်ဆိုင်လာရင် ကိုယ့်ဆိုင် အကျိုးအမြတ်ဖြစ်ထွန်းမှာပါ။ ဒါမှမဟုတ် လူအုပ်နဲ့မကြည့်ချင်ဘူး တစ်ယောက်တည်းပဲကြည့်ရတာ ကြိုက်တယ်ဆိုရင်လည်း ( အော်သံဟစ်သံတွေကို မကြိုက်ဘဲ တစ်ယောက်ထဲကြည့်ရတာကို ကြိုက်တာ နားလည်ပေးလို့ရပါတယ်။ ကိုယ်ကိုယ်တိုင်လည်း လူရှုပ်ရှုပ်မှာ ကြည့်ရတာသိပ်မကြိုက်ဘူး) shop ကနေပြီး ဈေးသိပ်မကြီးတဲ့ smart tv ကောင်းကောင်းတွေကို discount နဲ့ဝယ်လို့ရပါတယ်။

Cameras Accessories (Up to 44% Off)

ကင်မရာ accessories နဲ ကမ္ဘာ့ဖလားဘောလုံးပွဲ ဘာမှမဆိုင်ဘူး shop ကအတင်းတွေ ဈေးရောင်းနေပြန်ပြီလို့ ပြုံးပြီးတွေးကောင်းတွေးနိုင်ပါတယ်။ ဒါပေမဲ့ အခုခေတ်ကြီးမှာ ကင်မရာဆိုတာ ဈေးကြီးတဲ့ပစ္စည်းတခုပါ။ ဒီတော့ ကင်မရာ accessories ကလဲ ဈေးတွေကြီးနေတဲ့ချိန်မှာ shop ကပေး တဲ့ 44% ထိတောင်ချထားတဲ့ saleမှာ အခွင့်အရေးတခုလို့မြင်ပြီး ဝယ်ထားသင့်ပါတယ်။ (ဒါမျိုးအခွင့်အရေးက ရခဲပါ့လေနော်။)
ကံမကောင်းစွာနဲ့ စာရေးသူအားပေးတဲ့ အသင်းကအမြဲတမ်းကွာတားဖိုင်နယ်နဲ့ထွက်ရပါတယ်။ တချို့ဘောလုံးပရိတ်သက်တွေကျ ကံကောင်းပြီး သူတို့အသင်း ဖလားရတာကိုမြင်ခွင့်ရကြတယ်နော်။ ဒီတော့ကိုယ်အားပေးတဲ့ အသင်းဗိုလ်စွဲပါစေလို့ပြီးတော့ လိုချင်တဲ့ ပစ္စည်းတွေကို shop ကပေးတဲ့ “Football Fever Week” မှာရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *