50%ထိလျှော့ဈေးပေးမယ့် Back to School Campaign စနေပြီနော် …..။ 0 554

မေလအလယ်ပဲ ရှိသေးပေမဲ့ shop.com.mm ရဲ့ 50% ထိလျှော့ပေးမယ့် Back to School Campaign ကစနေပါပြီနော်။ စိန်ပန်းတွေပွင့် မိုးရိပ်မိုးယောင်သန်းပြီး မြေသင်းနံ့သင်းသင်းလည်း ရလာရင် စာသင်နှစ်တစ်ခု စတော့မှာပါ။ မိုးနံ့သင်းသင်းနဲ့အတူ ပါလာတာက ဖေဖေ၊မေမေတို့ရဲ့ ကြိုတင်ပြင်ဆင်မှု၊ ကျောင်းသားကျောင်းသူတွေရဲ့ စိတ်လှုပ်ရှားပျော်ရွှင်မှု။ ဖေဖေ၊မေမေတို့ရဲ့ ကြိုတင်ပြင်ဆင်မှုဆိုတာ သားသမီးတွေကျောင်း ပြန်တက်မယ့်အချိန်မှာ လိုအပ်တဲ့ကျောင်းသုံးပစ္စည်းတွေကို ကျန်သွားတာမျိုးမရှိဘဲ ပြည့်ပြည့်စုံစုံဝယ်ပေးနိုင်ဖို့။ ကျောင်းသားကျောင်းသူတွေ အနေနဲ့ကျတော့ ကျောင်းသုံးပစ္စည်း အသစ်လေးတွေရတော့မယ်ဆိုပြီး စိတ်လှုပ်ရှားတက်ကြွတာမျိုး။နောက်ပြီး ကိုယ်တွေတုန်းက ပျော်ခဲ့၊စိတ်လှုပ်ရှားခဲ့သလို ကိုယ့်သားသမီးတွေအလှည့်မှာလည်း စိတ်လှုပ်ရှားပျော်ရွှင်စေချင်မှာ ကလေးမိဘတိုင်းရဲ့ရင်တွင်းကလာတဲ့ ဆန္ဒစေတနာဖြစ်ပါတယ်နော်။

ခေတ်ကပြောင်းလဲလာတဲ့အလျောက် ကျောင်းမဖွင့်မီ ဆိုင်တွေမှာ ချွေးသံတရွှဲရွှဲနဲ့ စာရေးကိရိယာတွေကို အလုအယက် တိုးဝယ်စရာမလိုတော့ဘူးနော်။ shop.com.mm ကနေပြီး ဖေဖေ၊မေမေတို့ အလုပ်မရှုပ်အောင် Back To School Campaign တခုပြုလုပ်ထားပါတယ်။ ဒီ campaign မှာ ကျောင်းအတွက်လိုအပ်သည့် ပစ္စည်းတွေဖြစ်တဲ့ ခဲတံ၊ဘောပင်၊ပေတံ၊ လွယ်အိတ်၊ ကျောင်းဝတ်စုံစတဲ့ ပစ္စည်းအားလုံးကို အထူးလျှော့ဈေးတွေပေးထားတော့ တနေရာထဲကနေပြီး အချိန်မကုန်ဘဲ ဈေးသက်သက်သာသာ နဲ့နေပူပူ မှာ ချွေးမထွက်ဘဲ ဈေးနှုန်းတန်တန်နဲ့ ဝယ်နိုင်မှာဖြစ်ပါတယ်။ Campaign မှာ ပါတဲ့ကျောင်းသုံးပစ္စည်းအသေးစိတ်ကို ဒီ Link ကနေတဆင့် သွားရောက်လေ့လာနိုင်ပါတယ်။ အရည်အသွေးမြင့်ပြီး လျှော့ဈေးတန်တန်နဲ့ရနိုင်တဲ့ ပစ္စည်းတွေအကြောင်းကိုပြောပြပါရစေ။

Stationary – Up to 40% Off

ငယ်ငယ်တုန်းက မနက်ဖြန်ကျောင်းမတက်ခင်မှာ ဗလာစာအုပ်လေးတွေကို အဖုံးဖုံးကြတယ်။ ကွန်ပါဘူး အသစ်လေးထဲကို မြနေအောင်ချွန်ထားတဲ့ခဲတံ၊ နောက်ပြီးမရမက ပူဆာထားလို့အမေက ဝယ်ပေးတဲ့ ခဲသားဘောပင်၊ခဲသားဘူးလှလှလေးတွေကို တယုတယ စီရီပြီးထည့်ကြတယ်နော်။ 20% Off ပေးထားတဲ့ Stabilo ခဲသားဘောပင်က ကိုင်ရတာအဆင်ပြေပြီးတော့ ခဲသားဘောပင် ထိပ်မှာ ခဲဖျက်လေးပါ ရှိပါတယ်။ အရေးကြီးတာတွေကို မှတ်မယ့် Highlighter တွေလည်း discount ပါပြီးဘောပင်တွေ Correction Pen တွေ၊ ခဲဖျက်တွေလည်းရှိသေးတယ်။ Golden Tiger ကနေပြီး ကျောင်းသုံးပစ္စည်းတွေကို ၁၅%ရာခိုင်နှုန်းထိလျှော့ပေးထားပါတယ်။ ကျောင်းသားတွေလက်စွဲ ကျောက်ကျောပေတံSuper Reynold ဘောပင်၊ မှတ်ချင်တာလေးတွေမှတ်နိုင်တဲ့ မှတ်စုစာအုပ်တွေ ကိုဈေးတန်တန်နဲ့ရနိုင်ပါတယ်။ ချစ်စရာကောင်းတဲ့ ကာတွန်းပုံလေးတွေအဖုံးမှာပါတဲ့ ဗလာစာအုပ်တွေလည်းရနိုင်သလို Minion ရုပ်လေးတွေနဲ့လုပ်ထားတဲ့ Stationary Set ကိုလည်း အခုဝယ်ထားရင် ၄၀၀၀ ထဲနဲ့ ရနိုင်ပါတယ်။

Uniform – Up to 5% Off

ကျောင်းဝတ်စုံဝတ်ဆင်ခြင်းက ကျောင်းသားတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အရေးပါမှုကိုဖော်ကျူးစေပြီး ကျောင်းရဲ့ image ကိုလည်း ဆောင်စေပါတယ်။ shop.com.mmမှာ ကလေးတွေအတွက် ဦးလေးကြီး ကထုတ်တဲ့ ကျောင်းဝတ်စုံတွေရှိပါတယ်။ ချည်သားလေးတွေဖြစ်တော့ ကလေးတွေ ကျောင်းမှာ ဝတ်စုံကြောင့်စိတ်အိုက်မှုမဖြစ်ဘဲ လွတ်လပ်ပေါ့ပါးစွာနဲ့ စာသင်နိုင်မှာပါနော်။ကျောင်းဝတ်စုံဒီဇိုင်း စုံစုံတွေကို ရွေးချယ်ဝယ်ယူလို့ရပြီး ဦးလေးကြီးကျောင်းဝတ်စုံတိုင်းကို 5% လျှော့ဈေးရမှာဖြစ်ပါတယ်။

Accessories – Up to 20% Off

Lock & Lock ကထုတ်တဲ့ ဘူးတွေခွက်တွေက လေအရမ်းလုံအောင်ပြုလုပ်ထားပြီး ပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပါဘူး။ ပြီးတော့ ထမင်းဘူးဇောက်ထိုးဖြစ်သွားရင်တောင် အထဲက အဆီတွေ အပြင်ကို လျှံထွက်လာခြင်းလုံးဝမရှိပါဘူး။ Lock & Lock ကထမင်းဘူးနဲ့ရေဘူး အချို့ကို Back To School Campaign အတွင်း 20% လျှော့ပေးမှာပါ။ မူလတန်းကလေးတွေအတွက်လည်း 20%လျှော့ပေးထားသည့် Flash Cards တွေရှိပြီး သချာင်္နဲ့ပတ်သက်တဲ့ ပေါင်းနှုတ်မြှောက်စားတွေကို ကျောင်းမထားခင် ဖေဖေ၊မေမေတို့က ကြိုပြီးသင်ပေးထားလို့ရပါတယ်နော်။ စာမေးပွဲမေးခွန်းစာရွက်တွေကို သိမ်းထားလို့ရတဲ့ ဖိုင် တွေ၊ နောက်ပြီး ကျောင်းသားကတ်ထည့်လို့ရတဲ့ Card Clip တွေကအစ shop.com.mm မှာရရှိနိုင်ပါတယ်။

School Supply – Up to 15% Off

တချို့ကျောင်းသုံးပစ္စည်းတွေက ကျောင်းသားတွေအတွက် အရမ်းကြီးမရှိမဖြစ်မဟုတ်ပေမဲ့ ဝယ်လည်းဝယ်ထားသင့်တဲ့စာရင်းတွင်း ထည့်ထားသင့်တဲ့ အထဲပါပါတယ်။ ခဲတံချွန်ဖို့ အိမ်မှာ ချွန်စက်ကျန်ခဲ့ရင် မောင်းချဓား ပါတော့ တခြားသူဆီကငှားစရာမလိုတော့ဘူးပေါ့။ နောက်ဘောပင်ခဲတံထည့်လို့ရတဲ့ ခွက်တွေဆိုရင်လည်း စာရေးစားပွဲပေါ်မှာထားရင် အနည်းဆုံးစားပွဲလေးက သပ်သပ်ရပ်ရပ်ဖြစ်တော့ စာကျက်ချင်စိတ်ပိုဖြစ်ပါတယ်။

နောက်ပြီး စာမျက်နှာဘယ်လောက်ရောက်ပြီလဲဆိုတာ မှတ်ထားလို့ရတဲ့ Bookmark တွေ စာရွက်စာတမ်းတွေ ကိုတစုတစည်းထဲထားလို့ရတဲ့ L File တွေလည်းရှိပါတယ်။ ဘာသာရပ်အလိုက် စာရွက်တွေကိုတစုတစည်းထဲ ဖြစ်စေဖို့ ချုပ်ထားလို့ရတဲ့ stapler တွေကိုလည်း ၁၆၀၀ ကျပ်လောက်နဲ့ ရရှိနိုင်ပါတယ်။

Back to School Campaign ကို မေလ ၁၄ ရက်ကနေပြီး မေလ ၂၅ရက်နေ့ထိ ကျင်းပသွားမှာဖြစ်ပြီးတော့ ဈေးတန်တန်နဲ့ အရည်အသွေးကောင်းတဲ့ ကျောင်းသုံးပစ္စည်းတွေကို Shop.com.mm ရဲ့ Application ကနေတဆင့်ဝယ်ရင် Delivery ကြေးအခမဲ့ဖြစ်ပါတယ်။

 

 

 

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *