ဦး စာအုပ်၊ ဒေါ်စာအုပ်များအတွက် ရွေးချယ်စရာ (၅)ခု 0 952

5 out of 10

Shop.com.mm က ဖက်ရှင်ချစ်သူတွေ နည်းပညာချစ်သူတွေအတွက်ပဲလို့ ထင်ရင်မှားတယ်လို့ ပြောပါရစေနော်။ ကိုယ်တွေဆီမှာ မိုးလေးဖွဲတုန်း ကော်ဖီတခွက်ဘေးထားပြီး ဖတ်လို့ကောင်းတဲ့ စာအုပ် မျိုးတွေရှိသလို၊ Instagramလို့ကောင်းတဲ့ စာအုပ် တွေလည်းရှိပါတယ်။ “အခုဖတ်နေတဲ့ စာအုပ် ကအရမ်းကောင်းတယ် လက်ကနေတောင်မချချင်ဘူး” ဒါမှမဟုတ် “ဇာတ်လမ်းအစက နည်းနည်းတော့နှေးတယ် ဒါပေမဲ့နောက်ပိုင်း မြှုပ်ကွက်တွေက ဖတ်ရတာအရမ်းတန်တယ်” ဒီစကားနှစ်ခွန်းက စာဖတ်နာတဲ့သူတွေအမြဲတမ်းပြောတဲ့ လက်သုံးကိုယ်ပိုင်စကားတွေတောင် ဖြစ်နေပြီနော်။  shop.com.mm မှာ ဒီစကားနှစ်ခွန်းပြောရလောက်တဲ့ထိ ကောင်းတဲ့စာအုပ်တွေရှိပါတယ်။

စာအုပ်သမားတွေက စာအုပ် နဲ့ပတ်သက်ရင် လောဘကြီးကြပါတယ်။ စာအုပ်ဆိုင်ရောက်တာနဲ့ ဝယ်ချင်တဲ့ စာအုပ် တွေကအများကြီး ကိုယ့်မှာပါတဲ့ ပိုက်ဆံနဲ့မလောက်တာမျိုးတွေကြုံရစမြဲပဲ။ နောက်ပြီး လိုချင်တဲ့ စာအုပ် ကမရှိတာမျိုးတွေ bookmark လှလှလေးတွေက ကိုယ့်အကြိုက်နဲ့ မတွေ့တာမျိုးတွေရှိတတ်ပါတယ်။ အင်တာနက်ကနေ စာအုပ် ဝယ်တော့ အပေါ်ကပြောခဲ့တဲ့ စိတ်ညစ်စရာတွေမကြုံရတော့ဘူးပေါ့။ စာရွက်တွေနဲ့မစိမ်းတဲ့သူတွေအတွက် Shop.com.mm မှာ Book Category သက်သက်တခုထားပေးထားပါတယ်။ စာအုပ်တန်ဖိုးကို ပိုက်ဆံနဲ့မတိုင်းတာသင့်ဘူးနော်။ ဒါပေမဲ့လည်း Shop.com.mmမှာ ဈေးနှုန်းချိုချိုနဲ့ဖတ်ပြောတဲ့ စာအုပ် လေးတွေလည်းရနိုင်ပါသေးတယ်။ ရှားပါး စာအုပ် တွေလဲ ရှိပါတယ်။ ဥပမာ ဂျာနယ်ကျော်မမလေး ရဲ့ “သူလိုလူ” အင်္ဂလိပ်ဘာသာပြန် Shop.com.mm မှာရနိုင်တယ်။ ပြောပြပေးမဲ့ စာအုပ် တွေအကုန်လုံးက ဂရုတစိုက်ရွေးချယ်ပေးထားတာ ဖြစ်လို့ စိတ်ချလက်ချ ဖတ်ရှုနိုင်ပါတယ်။

 နိုင်ငံရေးစာအုပ်များ

စာအုပ်

Francis Fukuyama ရဲ့စာအုပ် ကနေပြီး Dr. Yan Myo Thein ရဲ့စာအုပ် တွေအထိ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ စာအုပ် တွေအများကြီး ရှိပါတယ်။ Francis Fukuyama က သူ့ရဲ့ “The End of History and the Last Man” နဲ့လူသိများတဲ့ နိုင်ငံရေးနဲ့စီးပွားရေးပညာရှင်တစ်ယောက်ဖြစ်ပြီးသူ့ကို ပညာရှင်တော်တော်များများက ကမ္ဘာသမိုင်းကို ခန့်မှန်းတဲ့နေရာမှာ မှန်ကန်တဲ့သူအဖြစ်လည်းသတ်မှတ်ကြတယ်။ မြန်မာနိုင်ငံရဲ့အတိတ်၊ပစ္စပ္ပု န်၊ အနာဂတ် နိုင်ငံရေးလမ်းကြောင်းနဲ့ပတ်သက်တဲ့ စာအုပ် တွေလည်းရှိပါတယ်။

ရသစာအုပ်များ

စာအုပ်

ခင်နှင်းယု ရဲ့ စိမ်းသင့်မှစိမ်းက  သဘာဝတရား နောက်ပြီးတစ်ဦးတစ်ယောက်ချင်း ဇာတ်ကောင်ကို ကိုဖော်ကြူးထားတာတဲ့နေရာတွေမှာ အရေးအသားသိပ်ပေါ်လွင်ပါတယ်။ စိတ်ဝင်စားစရာအကောင်းဆုံးက ကိုဝဏ္ဏရဲ့ယာတောအိမ်လေးနဲ့ ၄င်းနဲ့သက်ဆိုင်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို ပြောပြရေးသားချက်တွေက စာအုပ် ထဲကနေရာကိုသွားလည်ချင်စိတ်ဖြစ်အောင်ထိ လုပ်နိုင်ပါတယ်။ နောက်ပြီတော့ အင်္ဂလိပ်စာအုပ်မှာဆိုရင်လည်း The New York Times Best Seller list မှာ ရက်သတ္တပတ် (၄၀)ထိ နံပတ်တစ်နေရာကိုရယူနိုင်တဲ့ “To all the boys I’ve loved before” ဆိုတဲ့ စာအုပ် လေးရှိပြီး သူမတိတ်တခိုးကြိုက်နှစ်သက်ရတဲ့ကောင်လေး ကို ဦးတည်ပြီးစာလေးတွေရေးတဲ့ ဇာတ်လမ်းပုံစံသဘောမျိုးဖြစ်ပါတယ်။

Adapation

စာအုပ်

ဟိုးရှေးရှေးတုန်းက ဇာတ်ဆောင်ဆိုတာ စာအုပ် ထဲမှာပဲရှိတာပါ။ ဒါပေမဲ့တိုးတက်လာနေတဲ့ခေတ်ကြီးမှာ သိပ်ကိုအရေးအသားပြောင်မြောက်တဲ့ ဇာတ်ညွှန်းဖြစ်နေပြီဆိုရင်တော့ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ်ကူးပြောင်း ကြပါတယ်။ Game of Thrones (ကမ္ဘာပေါ်က လူထက်ဝက်လောက်ကြိုက်ပါတယ်)၊ Divergent နောက်ပြီး Hunger Games Trilogy စတာတွေလည်း shop.com.mm မှာရနိုင်ပါတယ်။ DC fanတွေအတွက် DC ကာတွန်းလေးတွေလည်းရှိပါတယ်။

စိတ်ခွန်အားဖြစ်စေသည့်စာအုပ်များ

စာအုပ်

Paulo Coelho က ထင်ရှားကျော်ကြားတဲ့ လူတစ်စုကိုနောက်ခံထားပြီး ဇာတ်လမ်းလေးရေးထားပါတယ်။ သူ့ရဲ့အခု “The winner stands alone”မှာ ကိုယ်တွေရဲ့အောင်မြင်မှုကို မတ်မောတဲ့စိတ်နောက်ပြီး၊ နာမည်ကြီးချင်စိတ်စတာတွေကို အကောင်းဆုံးဖော်ပြနိုင်စွမ်းရှိပါတယ်။ သူ့ စာအုပ် တွေမှာ အမြဲတမ်းဘဝနဲ့ပတ်သက်တဲ့ အမြင်လှလှလေးတွေပါတက်ပါတယ်။ အချိန်ပေးဖတ်ရတန်တဲ့စာအုပ်ကောင်း တအုပ်ဖြစ်ပါတယ်။ လူ့မှုပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့သဘောထားနောက်ပြီး မိမိကိုယ်မိမိအမြင်ကို ပြောင်းလဲစေနိုင်တဲ့ စာအုပ် ကောင်းကောင်းတွေလဲ ဒီ Link ကနေပြီး သွားရောက်ကြည့်နိုင်ပါတယ်။

ကလေးစာပေနှင့် ပညာရေးစာအုပ်များ

စာအုပ်

Third Story Children ကထွက်ရှိတဲ့ စာအုပ် တွေက ကလေးတွေကို လူအချင်းချင်းဆက်ဆံပြောဆိုပုံနောက်ပြီး၊ အပြောင်းအလဲကိုလက်ခံနိုင်အောင်လုပ်နည်း၊ မတူကွဲပြားမှုကို ဆက်ဆံရေးမခွဲခြားဘဲ ပြောဆိုဆက်ဆံခြင်းတွေ ကိုသင်ပေးပါတယ်။ စာအုပ် Dictionary ကိုအသုံးပြုတာ ခေတ်နဲ့ယှဉ်ရင် နည်းနည်း ဒိတ်အောက်တယ်လို့ပြောနိုင်ပေမဲ့ App ထက်စာရင် စာလုံးမှတ်မိမှုက စာအုပ်ကပိုလုပ်နိုင်စွမ်းရှိကောင်းရှိနိင် မယ်ထင်တယ်။ ဒီ Link နှိပ်ပြီး ကိုယ့်အတွက် တအုပ်လောက်ဝယ်ဆောင်ထားလိုက်ပါ။

Shop.com.mm မှာ စာအုပ် တွေထောင်ချီရှိပါတယ်။ အပေါ်မှာမပြောထားပေမဲ့ ဘယ်တော့မှ မေ့ထားလို့မသင့်တဲ့ စာအုပ် ကောင်းအချို့လည်း ရှိပါတယ်။ ဒါကြောင့်ကိုယ့်ဘာသာစိတ်ကြိုက် အင်တာနက် စာအုပ်စင်မှာ စာအုပ် တွေကိုရွေးချယ်ဝယ်ဖို့ ဒီမှာ Click နှိပ်နိုင်ပါတယ်။

 

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *