ဒီနွေမှာ ဂျင်းတွေနဲ့အဆက်ဖြတ်ပြီး ဂါဝန် လှလှလေးတွေ ဝတ်ရအောင်…..။ 0 374

အပြင်မှာရာသီဥတုက အင်မတန်ပူပါတယ်နော်။ ဒီအချိန်မှာဂျင်းနဲ့ပတ်သက်တာ မှန်သမျှက ကြောက်ဖို့ကောင်းနေပါတယ်။ ဂျင်းတွေက ဝတ်ဆင်သူကို နွေနေပူပူမှာ ချွေးသီးချွေးပေါက်ကျပြီး စိတ်ကျဉ်းကြပ်စေပါတယ်။ နွေရာသီကိုယ်စားပြုတဲ့ ဂါဝန် လှလှလေးတွေရှိနေပြီပဲနော် ဂျင်းတွေကို အဆက်ဖြတ်လို့ရပါပြီ။ ပေါ့ပါးလွတ်လပ်တဲ့ ဂါဝန်လေးတွေက ကိုယ်တွေကို နွေရာသီမှာ နည်းနည်းသက်တောင့်သက်သာရှိအောင်လုပ်ပေးပြီး နွေနေအပူဒဏ်ကို တောင့်ခံနိုင်အောင်လုပ်ပေးနိုင်ပါတယ်။ နွေရာသီနဲ့သင့်တော်တဲ့ ဂါဝန်လှလှလေးတွေ shop.com.mm မှာ အများကြီး ရှိပါတယ်။ ဒီထဲကမှ အလှဆုံးဆိုတာလေးတွေကို ပြောပြပေးပါမယ်နော်။

Why Dresses?

စွပ်ကျယ်တို့။ ဘောင်းဘီတိုနဲ့တီရှပ်အဖြူရော မရဘူးလား။ မေးလို့ရပါတယ်။ သူတို့ကလည်း နွေရာသီနဲ့သင့်တော်ပါတယ်။ ဒါပေမဲ့ ဂါဝန်မှာသူတို့ယှဉ်လို့မရတဲ့ အားသာချက်အများကြီး ရှိပါတယ်။ အကယ်လို့ ကိုယ်က စကပ်တိုရွေးဖို့ဆုံးဖြတ်လိုက်ပြီဆိုပါစို့။ ဒီအခါမှာ စကပ်နဲ့လိုက်မယ့် အပေါ်အင်္ကျီကို ရှာရတော့မယ်။ နွေရာသီက လူတွေကို ချွေးရယ်၊ ဒေါသရယ် အမြဲတမ်းထွက်စေပါတယ်။ အထူးသဖြင့် အချိန်သိပ်မရှိတဲ့အချိန်မှာ နဖူးပေါ်မှာချွေးတွေသီးပြီး စကပ်နဲ့လိုက်မယ့် အပေါ်အင်္ကျီကို ရှာရတာ စိတ်အနှောင့်အယှက်ဖြစ်ရသလို စိတ်လည်း တိုဖို့ကောင်းပါတယ်။ ဒါပေမဲ့ ဂါဝန်ကို ရွေးလိုက်မယ်ဆိုရင် ဒီလိုပြသနာတွေလည်း တွေ့မှာမဟုတ်ပါဘူး။ တခါထဲကောက်စွပ်လိုက်ရုံနဲ့ ပြီးပြည့်စုံပြီး သက်တောင့်သက်သာရှိတဲ့အလှကို ရရှိစေမှာဖြစ်ပါတယ်။

MDS Layered Ruffled Dress in Black Gingham

dress

GQ Magazine အရ ကွက်စိပ်တုံး(gingham) ဒီဇိုင်းတွေက နွေရာသီရဲ့ ဒီဇိုင်းဖြစ်လာပြီ ဖြစ်ပါတယ်။ ဂါဝန်က ရိုးရိုးလေးနဲ့လှပြီး အသားကောင်းပါတယ်။ Gigi Hadid အနီရောင် ကွက်စိပ်တုံး(gingham) ဒီဇိုင်း bikini ဝတ်လိုက်ထဲက ကမ္ဘာပေါ်မှာ gingham က ကြီးစိုးသွားတယ်လို့ပြောနိုင်ပါတယ်။ ဒီတော့ ဖက်ရှင် trend တစ်ခုကို မျက်ခြေမပျက်ချင်ဘူးဆိုသူများအတွက် ဒီဂါဝန်လေးကသင့်တော်ပါတယ်။

ZALORA Love Ruffle Sleeves Fit & Flare Dress – White

summer dress

ပန်းပွင့်သေးသေးလေးတွေ Print ရိုက်ထားတဲ့ဒီဇိုင်းနဲ့ ချစ်စရာကောင်းနေတဲ့ ဂါဝန်လှလှလေးက ဝတ်ဆင်တဲ့အမျိုးသမီးကို မိန်းကလေးဆန်ဆန်နဲ့ ချစ်စရာကောင်းစေမှာပါ။ ချုပ်ထားတာလေးက သပ်ရပ်မှုရှိတဲ့အတွက်လည်း ဝတ်ဆင်သူကိုပိုပြီး သပ်သပ်ရပ်ရပ်လေးနဲ့အလှတိုးစေမှာပါ။ ငေးကြည့်သူတိုင်းက ချီးကျူးအားကျရလောက်တဲ့အထိ ဒီဂါဝန်လေးက နှုးနှုးညံ့ညံ့လေးနဲ့ ချစ်ဖို့ကောင်းပါတယ်။

KODZ Chiffon Dress with Trumpet Sleeves-White

summer dress

နွေရာသီမှာ အဖြူရောင်ကိုမေ့ထားလို့မရပါဘူးနော်။ ငြိမ်သက်အေးဆေးတဲ့အလှကို ဖော်ကျူးနိုင်တဲ့ ဒီဂါဝန်အဖြူက stress တွေ ကိုတောင်ပျောက်စေမှာပါ။ သုံးထားတဲ့အသားက ကိုယ်ပေါ်မှာ အေးပြီး သက်တောင့်သက်သာ ရှိစေပါတယ်။

KODZ Toga Dress with Belt Detail-Dark Blue

dress

တစ်ချိန်ထဲမှာ ကျက်သရေလည်းရှိပြီး သက်တောင့်သက်သာလည်းဖြစ်စေတဲ့ ဂါဝန်မျိုးဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ခန္ဓာကိုယ်ပေါ်မှာ သက်တောင့်သက်သာရှိစေမှာပါ။ ညဘက် ပွဲတွေတတ်တဲ့အခါမျိုးမှာ ဝတ်ဆင့်ဖို့သင့်တော်ပြီး ခါးမှာပါတဲ့ ခါးပတ်လေးက ဝမ်းဗိုက်နား နည်းနည်းကြပ်တယ်လို့ခံစားရရင် ချောင်သွားအောင် ပြုလုပ်လို့ရပါတယ်။ ဒါကြောင့်လည်း နွေရာသီအတွက် ဂါဝန်တွေဝယ်ဖို့စဉ်းစားတော့မယ် ဆိုရင် KODZ ကို ရွေးချယ်ကြတာများခြင်းလည်း ဖြစ်နိုင်ပါတယ်။

MAYUKI Faux Two-Piece Dress-Blue

dress

ဒီ ဂါဝန်လေးက အရောင်တွေထဲမှာမှ အငြိမ်ဆုံးအရောင်နှစ်ခု ကိုအသုံးပြုထားပါတယ်။ အပြာနဲ့အဖြူက မြင်သူရင်ကိုအေးစေပြီး အပြာရောင်က စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျစေတယ်လို့ ပြောစမှတ်ရှိတယ်။ သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါမှာ ခြေညှပ်ဖိနပ်အပါးလေးနဲ့ဖြစ်ဖြစ် တွဲပြီးဝတ်လို့ရပါတယ်နော်။

Generic Floral Print Dresses Women Sexy Spaghetti Strap V-neck Maxi Dress

summer dress

လျှော်ဖွပ်ခံတဲ့ အသားမျိုးကို အသုံးပြုထားတဲ့ဂါဝန်ရှည်ဖြစ်ပြီး ချည်စတွေထွက်တာလည်း မရှိပါဘူး။ ဒီချုပ်လုပ်ထားတာ သပ်ရပ်တဲ့ ဂါဝန်ရှည်အလှက ဝတ်ဆင်သူကို လူအများကြားမှာ ပေါ်လွင်စေမှာလည်းဖြစ်ပါတယ်။

Esprit Women’s Fine crêpe dress gathered sleeves – DARK PIN

summer dress

Vacation ထွက်တိုင်းဝတ်ဖြစ်မယ့် ဂါဝန်လေးဖြစ်ပါတယ်။ ဂါဝန် ကို Viscose အသားနဲ့ပြုလုပ်ထားပြီး သူ့အသားရဲ့ထူးခြားချက်က ပိုးသားထက်ပိုပြီး အကြမ်းခံခြင်းဖြစ်ပါတယ်။ မော်ဒယ်မင်းသမီးဝတ်ပြထားသလို သာမန် မိန်းကလေးတစ်ယောက် ကိုယ်မှာကော တကယ်ပဲ ဝတ်လိုက်ရင် လှပါ့မလားလို့ ဇဝေဇဝါဖြစ်တာ နားလည်ပါတယ်နော်။ ဒါပေမဲ့တကယ့်ကို အပြင်မှာဝတ်ရင်လည်းလှတဲ့ ဂါဝန် ဖြစ်ပါတယ်။

shop.com.mm မှာ ဂါဝန် တွေအများကြီးရှိပါတယ်။ အပေါ်မှာပြောသွားတဲ့ ဂါဝန်တွေမကြိုက်ရင် ဒီ Link ထဲကနေ စိတ်ကြိုက်ရွေးချယ်ဝယ်ယူ နိုင်ပါတယ်။ application ကနေ မှာရင် Delivery ခ မပေးရပါဘူးနော်။…

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *