International Fashion Brand ၆ခု ကိုဈေးတန်တန်နဲ့ Thingyan Sale အတွင်း ဝယ်ကြမယ်။ 0 462

သင်္ကြန်မှာလူအများကြားထင်ပေါ်တဲ့ သူတစ်ယောက်ဖြစ်ဖို့ရွှေမှုန်ရတီ ဘဏ်အကောင့်မလိုဘူးဆိုတာ သိပြီးပြီလား။ တချို့ကပြောကြတယ် သင်္ကြန်ရေစိုမှာပဲ ဖက်ရှင်တွေမလိုပါဘူးဆိုပြီးတော့ပေါ့နော်။ ဒါပေမဲ့ ဖက်ရှင်အကြောင်းကောင်းကောင်းနားလည်တဲ့သူတွေက ရေကစားတာတောင်မှ အထာကျကျဖက်ရှင်မပြတ် ကစားလို့ရတယ်ဆိုတာ သဘောပေါက်ကြပါတယ်။ ရေတွေရွှဲစိုနေတဲ့အချိန်မှာ စတိုင်ကျကျနေဖို့ဆိုတာ ရိုးရိုး skill လောက်နဲ့မရပါဘူးနော်။ သေချာဂရုမစိုက်ရင် လူတကာရယ်တဲ့ ဟာသတခုဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ခပ်မိုက်မိုက်စတိုင် ဖမ်းဖို့ နည်းလမ်းတွေအများကြီးရှိပါတယ်။

Thingyan Sale” ဆိုတာဘာလဲ။

Shop ကနေပြီးcustomersတွေအတွက် အတန်ဆုံးလျှော့ဈေးတွေ ကြိုးစားပြီး အမြဲတမ်း ပေးတယ်ဆိုတာ အများသိပြီးဖြစ်ပါတယ်။အခုလဲ လာမဲ့သင်္ကြန်ပွဲအတွက် Shopကနေပြီး ပတ်ပတ်စက်စက်လျှော့ထားတဲ့ ပစ္စည်းတွေကို ထိုင်ရာကမထ ဝယ်နိုင်တယ်ဆိုတာ လက်တို့လိုက်ပါတယ်နော်။ Thingyan Sale နဲ့ပတ်သက်ပြီး အံ့အားသင့်စရာကောင်းတဲ့သတင်း သုံးခုကိုပြောပြချင်ပါတယ်။ ဒုတိယအကြီးဆုံးဈေးရောင်းပွဲတော်တခုဖြစ်တဲ့ Thingyan sale မှာ အမျိုးအစား ၆မျိုးခွဲထားပါတယ်။ Grand Grocery Sale, Health & Beauty စသည်တို့ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ ဝယ်သမျှပစ္စည်းတိုင်းကို ပို့ခတွေ ဝန်ဆောင်ခတွေပေးစရာမလိုဘဲ အိမ်တိုင်ရာရောက်ပို့ပေးမှာပါ။ တနိုင်ငံလုံးမှာရှိနေတဲ့ Shop customers တွေကိုလဲ Shop ကကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရန်ကုန်နဲ့ ဝေးနေလို့ ပို့ခပိုကျတာမျိုးတွေ မရှိရအောင် ပို့ခမယူဘဲ ဂရုတစိုက်နဲ့ shop ကမှာထားတဲ့ပစ္စည်းတွေကို အိမ်တံခါးဝထိရောက်တဲ့ထိ ပို့ဆောင်ပေးမှာပါ။ တတိယနဲ့ အကောင်းဆုံးသတင်းတခုကတော့ Thingyan Sale ကာလအတွင်းနေ့စဉ်နီးပါးမှာ နာမည်ကြီးလူကြိုက်များတဲ့ brand ပစ္စည်းများကို အရေအတွက်အကန့်အသတ်၊ အချိန်အကန့်အသတ်နဲ့ လျှော့ဈေးများကိုပေးမှာဖြစ်ပါတယ်။

တနေကုန် ဒီအဝတ်အစားနဲ့နေရမယ်ပြီးတော့ စတိုင်လဲကျရမယ် ဒီကြားထဲသက်တောင့်သက်သာ လည်းရှိရမှာဆိုတော့ သင်္ကြန်မှာ ဘယ်လိုဝတ်ဆင်ရမလဲ ဘယ်လိုစတိုင်ကိုရွေးချယ်ရမလဲ ဆိုတာ နဲနဲတော့ခက်ခဲတဲ့ အလုပ်တခုဖြစ်ပါတယ်။ ဒါကြောင့်လည်း နိုင်ငံတကာအဆင့်မီ အသားကောင်းကောင်းနဲ့ချုပ်ထားပြီး ဒီဇိုင်းကအရမ်းကြီးလည်းမဆန်းပြားပဲ ရိုးရိုးလေးနဲ့ဆွဲဆောင်မှုရှိတဲ့ ပုံစံများကိုရွှေးချယ်ပေးလိုက်ခြင်းဖြစ်ပါတယ်

ESPRIT

thingyan

ESPRIT က  ၅၀%ထိလျှေ့ပေးမှာဖြစ်ပြီး ခပ်လန်းလန်း တီရှပ်တွေ ဘောင်းဘီတွေက သင်္ကြန်ပြီးရင်တောင် ခနခနဝတ်ဆင်လို့ရပါတယ်။ Vintage Style ကိုမှ နှစ်သက်သူဖက်ရှင်ချစ်သူများအတွက်လည်း ESPRIT ကထုတ်ထားပါသေးတယ်။ သင်္ကြန်ပြီးရင်ဝတ်ဆင်လို့ရတဲ့ Dress လှလှလေးတွေလဲ ESPRIT မှာရှိပါတယ်နော်။

ERKE

Thingyan

အားကစားဝတ်စုံတွေဒီဇိုင်းကမိုက်လွန်းတဲ့ အတွက်Gymမှာတင်မကဘဲ အပြင်မှာပါဒီဇိုင်းသစ်အနေနဲ့ ဝတ်ဆင်လို့ရပါတယ်။ နောက်ပြီး ERKE ကထုတ်တဲ့ဖိနပ်တွေကလည်း မြန်မာလူမျိုးတွေကြားထဲမှာ အကြမ်းခံပြီးပေါ့ပေါ့ပါးပါးစီးလို့ရတယ်လို့ နာမည်ရထားပါတယ်။ သူကကျတော့ ၆၀ရာခိုင်နူန်းထိလျှော့ပေးထားပါတယ်။

MDS

thingyan

တကယ့်ကိုမိန်းကလေးဆန်ဆန် နဲ့သင်္ကြန်မှာနူးနူးညံ့ညံ့လှချင်သူ ပျိုမေများအတွက် MDS ကအသင့်တော်ဆုံးဖြစ်ပါတယ်။ ဇာပါးပါးလေးတွေနဲ့ချုပ်ထားတဲ့စကပ်အရှည်ဝဲဝဲ လေးတွေက ချစ်စရာသွင်ပြင်ကိုရရှိစေမှာဖြစ်ပြီး ဘောင်းဘီတို အရောင်လှလှလေးတွေကလည်း နွေရာသီမှာဝတ်ဆင်လို့ရပါတယ်နော်။ စင်္ကာပူ Brand MDS ကိုတော့ ၅၀ ရာခိုင်နှုန်းထိလျှော့ပေးထားပါတယ်။

Cici

thingyam

မြန်မာဝတ်စုံဝတ်ရင်း ရေကစားတာအခုတလောမှ ပြန်လည်ခေတ်စားလာတဲ့ ဖက်ရှင်တခုဖြစ်ပါတယ်။ ဒီတော့ ခေတ်နောက်ကျတဲ့သူမဖြစ်ရအောင် CiCi ကဝမ်းဆက်တစုံလောက်ကို ဘီဒိုထဲကြိုသိမ်းထားလိုက်ပါနော်။ သုံးပေးထားတဲ့ အသားလေးတွေကလည်း ရာသီဥတုနဲ့ကိုက်ညီပြီး ဒီဇိုင်းသပ်သပ်ရပ်ရပ်ရှိတဲ့ Dressပုံစံလေးများလည်း ထုတ်ထားပါသေးတယ်။ Cici ကလဲ MDS နဲ့တူတူ ၅၀ ရာခိုင်နှုန်းပေးထားပါတယ်။

Timberland

thingyan

9/11 အဖြစ်အပျက်တုန်းက ကယ်ဆယ်ရေးလုပ်သားရာချီဟာ သူတို့မှာရှိနေတဲ့ဖိနပ်များက အပူဒဏ်မခံနိုင်ဘဲ ပျော်ကျသွားတာကြောင့် Timberland ဖိနပ်များကိုစီးရင်း ကယ်ဆယ်ရေးတွေလုပ်ခဲ့ရပါတယ်။ ဒီတော့ Timberland ဖိနပ်အကြမ်းခံမှုကပုံပြင်တခုမဟုတ်ပါဘူးနော်။ အကောင်းဆုံးဆိုတဲ့လည်သာ ကိုအထပ်ထပ်အခါခါစစ်ပြီး ကျေနပ်လောက်တော့မှ ဖိနပ်တရံဖြစ်လာတာပါ။ သူတိုရဲ့ ဖိနပ်တွေပဲ ဂန္ဓဝင်ဆန်တာမဟုတ်ပါဘူး တခြားဖက်ရှင်ပစ္စည်းတွေလည်း အရည်အသွေးအဆင့်အတန်းက ပြည့်မီတာထက်ကိုလွန်တယ်လို့ပြောလို့ရပါတယ်။

Quiksilver

thingyan

လူငယ်ဆန်ပြီးတက်ကြွတဲ့ပုံစံအပေါက်ဆုံးက Quiksilverပဲဖြစ်ပါတယ်။ စွပ်ကျယ်တွေ၊ ဘောင်းဘီတိုတွေ၊ နောက်ပြီး တီရှပ်အရောင်ဖျော့ဖျော့လေးတွေက နွေရာသီအတွက်သင့်တော်တဲ့ ဖက်ရှင်များဖြစ်ပါတယ်။ တနေကုန်နေပူထဲမှာ ရေကစားပြီးတဲ့ချိန်ကျရင် ဝတ်လို့သက်တောင့်သက်သာ ဖြစ်တဲ့အတွက်Quiksilver ကိုအထပ်ထပ်အခါခါ ကျေးဇူးတင်နေမယ်လို့ထင်ပါတယ်။

Health & Beauty

thingyan

ဒါလေးကတော့ ဖက်ရှင်နဲ့မသက်ဆိုင်ပါဘူးနော်။ ဒါပေမဲ့ ဖက်ရှင်အလန်းစားတွေဝတ်ပြီး ကျန်တဲ့အရေးကြီးတာတွေမေ့လို့မရပါဘူးနော်။ ဥပမာ နေပူထဲမှာရေစိုတော့မှာဆိုတော့ အသားကကျိန်းသေမည်းမှာဖြစ်ပါတယ်။ အသားမည်းတာကို တားလို့မရပေမဲ့ အများကြီးမည်းမသွားအောင်တော့ လုပ်လို့ရပါတယ်။ နေရောင်ခြည်ဒဏ်ကာကွယ်ပေးတဲ့ နေရောင်ခံလိမ်းဆေးတွေ နောက်ပြီး အသားအရေကိုထိန်းသိမ်းပေးတဲ့ SKIN CARE တွေ shop.com.mm မှာ အများကြီးရှိပါတယ်။ Authenticတွေချည်းပဲတင်တာမို့လို့ ပစ္စည်းစစ်မှာမစစ်မှာကို ပူစရာမလိုပါဘူးနော်။ နောက်ပြီး အသားအရေ ထိန်းသိမ်းပြီးရင် လူအများကြားထဲ ထင်းခနဲပေါ်စေမဲ့ ဆံပင်အရောင်ဆိုးဆေးတွေစတဲ့ အလှအပနဲ့ ပတ်သက်တာတွေအကုန်လုံးကို ၉၀%ထိလျှော့တုန်း မြန်မြန်ဝယ်လိုက်ပါမယ်နော်။

Shop ကတခြား ဖက်ရှင်ပစ္စည်းတွေ၊ အလှကုန်တွေကလဲ အရည်အသွေးပြည့်မီပြီး အဆင့်အတန်းမြင့်မားတဲ့အတွက် အပေါ်မှာ ညွှန်းထားတာလေးတွေကို မကြိုက်ရင် ဒီLink ကနေပြီး ရွေးချယ်လို့ရပါတယ်။ ရာခိုင်နူန်းအများကြီးလျှော့ထားတော့ မြန်မြန်ဝယ်ထားမှ စိတ်ချရပါမယ်။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *