၇၀ရာခိုင်နှုန်းထိလျှေ့ပေးတဲ့ Philips Week မတ်လ ၇ရက်နေ့အထိ တစ်နိုင်ငံလုံးကို ပို့ခ အခမဲ့နဲ့ပြန်လာပြီနော်။ 0 306

မနှစ်ကဒီလိုအချိန်မှာPhilips Week ကနေပြီးပစ္စည်းတွေဝယ်ရတဲ့ဈေးနဲ့တန်လိုက်တာကွာ ဆိုပြီးတဖွဖွရွတ်မိတယ်မှတ်လား။ စိတ်မပူပါနဲ့။ Shopကနေပြီး လျှော့ဈေးတွေကိုပြန်လည်အသက်သွင်းပေးလိုက်ပါပြီ။ ဒီနှစ်လည်းမနှစ်ကလိုပဲ ၇၀ရာခိုင်နှုန်းထိလျှော့ဈေးတွေကို ပေးသွားဦးမှာဖြစ်ပါတယ်။ အမြဲတမ်းစာဖတ်သူတွေကို အခွင့်အခါကောင်းတွေပဲ သယ်လာပေးဖို့စဉ်းစားနေတဲ့ကိုယ်တွေအတွက် ဒီလိုshopကနေပြီး Philips Week ပြန်လုပ်မယ်ဆိုတော့ စိတ်တွေလှုပ်ရှားပြီး အလျင်အမြန်ပဲ အချက်အလက်တွေကိုစုရေးပြီး သတင်းကောင်းလာပါးလိုက်တာပါ။ Philips ကကျွန်မတို့မြန်မာလူမျိုးတွေနဲ့ မိတ်ရင်းဆွေရင်းလို့တောင် သတ်မှတ်လို့ရပါတယ်နော်။ အရည်အသွေးမီပစ္စည်းမျာကိုးဈေးနှုန်းသက်သက်သာနဲ့ အမြဲဝယ်ယူအသုံးပြုလို့ရပါတယ်။ ဘယ်လောက်တောင် နာမည်ကြီးလဲဆို မင်္ဂလာဆောင်တွေမှာ ဆိုရင် Philips ပစ္စည်းအနည်းဆုံး တစ်ခုတော့ မင်္ဂလာလက်ဖွဲ့ အဖြစ် လက်ခံရလေ့ရှိပါတယ်။ လက်ဆောင်အဖြစ်လက်ခံရရှိတဲ့သူတွေကလဲ လိုလိုလားလားလက်ခံရလောက်တဲ့အထိ အရည်အသွေးပိုင်းစိတ်ချရတဲ့ လျှပ်စစ်ပစ္စည်းများဖြစ်ပါတယ်။ ဒီလိုအရည်အသွေးကောင်းတဲ့ပစ္စည်းတွေကို shopကဘယ်လိုတွေဈေးတွေချနေလဲ ဆိုတာအောက်မှာ အသေးစိတ် ပြောပြလိုက်ပါတယ်နော်။


Beauty & Health

Philips
အမျိုးသမီးတိုင်းက ကျန်းမာသန်စွမ်းတဲ့ဆံပင်ပုံစံကိုနှစ်သက်ကြပါတယ်။ယောက်ျားလေးတွေဆိုရင်လည်း ပါးသိုင်းမွှေးကို ပုံဖော်ပြီးစိတ်ကူးပေါက်ရင် ထားတတ်ကြပါသေးတယ်။ ဘယ်အရာကိုပဲစိတ်ဝင်စားပြီး ဆောင်ရွက်ပါစေ အသားအရေကို မထိခိုက်ဖို့ကနံပါတ်တစ်အရေးကြီးဆုံး ဖြစ်ပါတယ်နော်။ ဒါကို Philipsက အသိဆုံးလို့တောင်ယူဆနိုင်ပါတယ်။ Philips ပစ္စည်းမှန်သမျှက နှစ်သက်ရာဆံကေသာပုံစံကိုပုံဖော်ပေးနိုင်တဲ့အပြင် အသားအရေတို့ ဦးရေပြားတို့ကိုလည်း ပျက်စီးစေမှာမဟုတ်ပါဘူး။

Phones & Speakers

Philips

Philips နားကြပ်တွေကအကြမ်းခံတယ်ဆိုတာ ပြောစရာတောင်လိုမယ်မထင်ပါဘူးနော်။ နားဆို့တဖက်စီပြုတ်ထွက်သွားရင်တောင် အသံအရည်အသွေးက ကောင်းနေဆဲဖြစ်ပါတယ်။ ရိုးရိုးလေးနဲ့လူအများနှစ်သက်သဘောကျလောက်မဲ့ ဒီဇိုင်းမျိုးကိုအသုံးပြုလေ့ရှိပါတယ်။ဈေးကြီးတဲ့ earphonesတွေနဲ့ယှဉ်ရင် Philips နားကြပ်ကိုပဲရွေးသင့်ပါတယ်။ ဒီလိုဈေးနဲ့ အရည်အသွေးကို တခြားbrand တွေမှာရှာရ ခက်ပါလိမ့်မယ်။ Docking stationတွေကလဲတော်တော်လေးကို အဆင်ပြေတာတွေ့ရပါတယ်။ တချို့ဆို Deviceနှစ်ခုလုံး တပြိုင်တည်းစိုက်လို့ရတော့ တစ်လုံးအားသွင်းပြီး တစ်လုံးသီချင်းနားထောင်ဆိုပြီး နှစ်မျိုးသုံးလို့ရပါတယ်။ Alarm နာရီအဖြစ်လည်းအသုံးပြုလို့ရတော့ မနက်စောစောကို နှစ်သက်ရာသီချင်းနဲ့ နိုးထနိုင်ပါတယ်။

Kitchen Appliance

Philips
လီနင်သားလား၊ ချည်သားလား။ ဘယ်လိုအသားဖြစ်ပါစေ မီးကျွမ်းမှုမရှိစေဘဲ စိတ်ချလက်ချ တိုက်နိုင်တဲ့ Philips မီးပူမျိုးဖြစ်ပါတယ်။ မီးမချိန်တက်လို့ အင်္ကျီမီးပူကျွမ်းသွားတာမျိုးလည်း မဖြစ်တော့ပါဘူး။ နမော်နမဲ့နိုင်တဲ့ကိုယ်တွေလို လူမျိုးဆိုကြိုက်လွန်းလို့ မီးပူနှစ်ခုတောင် တပြိုင်နက်တိုက်လို့ရရင် တိုက်ချင်ပါတယ်။ ကော်ဖီဖျော်စက်လည်း Philips ကထုတ်ထားပါသေးတယ်။ သင်းပျံ့လာတဲ့ကော်ဖီနံ့က ကော်ဖီချစ်သူတွေကို သရေကျစေမှာပါ။

Audio & Video

Philips
လူတိုင်းသီချင်းနားထောင်ရတာကို နှစ်သက်ပါတယ်။ သီချင်းနားထောင်တဲ့ပုံစံပဲကွာတာပါ။CDချပ်ကြီးနဲ့သီချင်း နားထောင်လို့ Old-fashionလို့ခေါ်ခံရနိုင်ပါတယ်။ ဒါပေမဲ့90 သီချင်းတွေကိုနားထောင်တဲ့အခါမျိုးမှာ စီဒီလေးနဲ့သီချင်းနားထောင်ရတဲ့Feel ကဘာနဲ့မှမတူပါဘူး။ Prince တို့ Metallica လိုဂန္ထဝင်သီချုင်းတွေ နားထောင်တဲ့အခါမျိုးမှာ ပိုပြီးတော့ ခံစားမှုရသကွာပါတယ်။နောက်ပြီးတော့ စီဒီကနေထွက်တဲ့အသံစနစ်က အင်တာနက်ကနေနားထောင်ရတဲ့အသံစနစ်ထက်အများကြီးပိုကောင်းပါတယ်။ဒီတော့ Philips ကထုတ်တဲ့ ပစ္စည်းလေးတွေကို အသုံးပြုပြီး နှစ်သက်ရာသီချင်းကိုနားထောင်လိုက်ပါ။.

နာက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းက မတ်လ ၇ရက်နေ့မတိုင်မီ မှာတဲ့ပစ္စည်းအကုန်လုံး ကို တစ်နိုင်ငံလုံး Free Delivery ပို့ပေးမှာဖြစ်ပါတယ်။ ဒီတော့ မြန်မာနိုင်ငံအရပ်ရပ်မှာရှိတဲ့  Philips ချစ်သူတွေလဲ ခရီးစရိတ်မကုန်ကျဘဲ အိမ်တိုင်ရာရောက်လာပို့ပေးမှာဖြစ်ပါတယ်။ ဈေးနှုန်းလဲချို၊ အရည်အသွေးကလဲကောင်း၊ ပို့ခလဲအခမဲ့ဖြစ်တဲ့ Philips ပစ္စည်းလေးတွေကို Philips Week ကာလအတွင်းမှာယူလိုက်ကြပါစို့နော်။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *