OMG ကမ္ဘာ့အကြီးဆုံး အစားအသောက်ကုမ္ပဏီကြီးက shop မှာ Baby Fair လုပ်မယ်တဲ့။ 0 257

ကမ္ဘာပ်ါမှာ အကြီးဆုံးစားသောက်ကုန်ကုမ္ပဏီတစ်ခုအနေနဲ့ သတ်မှတ်ခံရတဲ့ Nestle’ ကုမ္ပဏီက shop နဲ့ပူးပေါင်းပြီး Baby Fair ကို မတ်လ ၁ရက်ကနေ၊ ၁၅ရက်နေ့ထိ ပြုလုပ်ပါမယ်။ Forbes မဂ္ဂဇင်း အရ Nestle’ ကုမ္ပဏီက ကမ္ဘာပေါ်မှာအကြီးဆုံးစားသောက်ကုန် ကုမ္ပဏီတစ်ခုအနေနဲ့ သတ်မှတ်ခံရတာ ၂၀၁၄ခုနှစ်ထဲကပါ။ Fair ဆိုတဲ့စကားလုံးက အမြဲတမ်းကောင်းတာတွေကိုယူဆောင်လာတတ်ပါတယ်။ အခုလဲ ဒီ Baby Fair ကနေပြီး လျှော့ဈေးတွေ၊ လက်ဆောင်ပစ္စည်းတွေကို ရရှိဦးမှာဖြစ်ပါတယ်။ ဒီတော့ ဖေဖေ၊ မေမေတို့အနေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့ လျှော့ဈေးတွေအကြောင်းကို ဆက်လက်ဖတ်ရှုလိုက်ပါနော်။

ရိုးရိုးသားသားပြောရရင် အခုစီးပွားခေတ်ကြီးမှာ ကလေးစရိတ်အလွန်ကြီးပါတယ်နော်။ ကလေးတစ်ယောက်အတွက် လိုအပ်တဲ့အသုံးအဆောင်တွေကိုဝယ်လိုက်တဲ့ အခါမျိုးမှာကုန်ကျစရိတ်က တိုးတိုးသွားတာမျိုးရှိတဲ့အတွက် ဖေဖေ၊ မေမေတို့အနေနဲ့အမြဲ ဈေးနှုန်းသက်သာပြီး ကွာလတီကောင်းတဲ့ကလေးပစ္စည်းတွေကို ရှာနေရတာပါ့နော်။ ဒါကြောင့်လည်းဒီသတင်းကောင်းလေးကို လက်တို့လိုက်ရခြင်းဖြစ်ပါတယ်။

Nestle ရဲ့ Lactogen3, Nutripuff Strawbery နဲ့ Multigranin တို့ကိုဝယ်ယူရင် ၂၅%ထိလျှော့ဈေးများရမဲ့အပြင် Lactogen3 150g ဒါမှမဟုတ် 600g ဝယ်ယူရင် Nutripuff Strawberry လက်ဆောင်ရမှာဖြစ်ပါတယ်။ Nutripuff Strawberry နဲ့ Multigranin တို့ကိုဝယ်ယူရင်တော့ Lactogen3 150g လက်ဆောင်နဲ့ Cerelac Club Membership အခွင့်အရေးတို့ကို ရရှိမှာ ဖြစ်ပါတယ်။

ကိုယ့်ကလေးကိုယ် အရည်အသွေးစိတ်ချမှုမရှိသော၊ အာမခံချက်မရှိသော အာဟာရမုန့်ကိုမကျွေးချင်တာ နားလည်ပါတယ်နော်။ ဒီတော့အာဟာရမုန့်လေးတွေရဲ့ ကောင်းတဲ့အချက်လေးတွေလေးကို ရှင်းပြပါမယ်။

Lactogen3

Nestle

အသက်နှစ်နှစ်အထက်ကလေးများ ကိုယ်ခန္ဓာဖွံဖြိုးဖို့အတွက် ထုတ်လုပ်ထားတဲ့နို့မှုန့်ဖြစ်ပါတယ်။ ဖော်မြူလာအသစ်နဲ့ထုတ်လုပ်ထားတဲ့ ဒီအာဟာရမှုန့်မှာ ကလေးတွေအတွက်လိုအပ်တဲ့ အာဟာရအစုံပါဝင်ပါတယ်။ နုနယ်တဲ့အစာခြေစနစ်ဖြစ်သောကြောင့်မကြေညက်နိုင်တဲ့ အစာများကိုကြေညက်စေဖို့ကူညီပေးပြီး ဝမ်းဗိုက်တွင်းအနေရမခက်အောင်လုပ်ပေးပါတယ်။

Nutripuff Strawbery

Nestle

Vitamin B1၊ သံဓာတ်၊ ဇင့်တို့စတဲ့ ကလေးငယ်အတွက် ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးဖို့လိုအပ်တဲ့ ဓာတ်များပါဝင်ပါတယ်။ ဗီတာမင်ဘီ က စွမ်းအင်စနစ်ကိုထောက်ပံ့ပေးပြီး၊ သံဓာတ်ကတော့ သွေးဆဲလ်များတည်ဆောက်မှုအတွက် ကောင်းမွန်ပါတယ်။ ဇင့်ဓာတ်က ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးဖို့အတွက် လိုအပ်တဲ့ဓာတ်ဖြစ်ပါတယ်။ အာဟာရမှုန့်စားပြီး Superman တန်းမဖြစ်နိုင်ပေမဲ့ ကလေးရဲ့ ကြီးထွားဖွံဖြိုးလာမှုကို သိသိသာသာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Multigranin

Nestle'

ဒီအာဟာရမှုန့်က ကလေးငယ်တွေအတွက်လိုအပ်တဲ့ သံဓာတ်လိုအပ်ချက်ထဲက ၅၀ရာခိုင်နှုန်းနီးပါးကို ပေးစွမ်းနိုင်ပါတယ်။ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးဖို့လိုအပ်တဲ့ ဗီတာမင် A, C နောက်ပြီး BifidusBL တခြားလိုအပ်သောဓာတ်များလည်း အာဟာရမှုန့်ထဲမှာပါရှိပါတယ်။ BifidusBLဆိုတာ စင်ဒရဲလားဇာတ်လမ်းထဲက Fairy Godmotherဆိုတဲ့သီချင်းနာမည်မဟုတ်ပါဘူးနော်။ BifidusBLက အူအတွင်းပိုင်းကျန်းမာအောင်လုပ်ပေးတဲ့နေရာမှာ အလွန်ကောင်းတဲ့ဓာတ်တစ်မျိုးဖြစ်ပါတယ်။

Baby Fair က အံ့သြစရာကောင်းတဲ့ လျှော့ဈေးတွေကို ဒီအတိုင်းကြည့်မနေဘဲ Cart လေးထဲထည့်ပြီး အချိန်မီအော်ဒါတင်လိုက်ဖို့ တိုက်တွန်းပါရစေနော်။

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *