ချစ်သူကောင်မလေးက “Saranghae Oppa”လို့ပြောစေရမည့် Valentine’s Day လက်ဆောင်(၇)ခု 0 303

ကိုးရီးယားကားကြည့်ရတာကို အလွန်နှစ်သက်သော ချစ်သူကောင်မလေး ရှိပါသလား။ တခါတလေကျရင် ကိုယ့်ထက်ပိုပြီးကိုးရီးယားမင်းသားတွေကို နှစ်သက်နေပြီလားလို့တောင်သံသယဝင်မိလို့ မေးလိုက်မိရင်လည်း “ဟုတ်တယ်သဘောကျတယ်” ဆိုပြီးရွဲ့သလိုလိုချိတ်သလိုလို အပြောခံရတာမျိုးရှိပါတယ်။ သူမပြောတဲ့ကိုးရီးယားမင်းသား၊အဆိုတော်နာမည်တွေကို မမှတ်မိရင်စိတ်ဆိုးစိတ်ကောက်မှာကို စိုးရိမ်တာကြောင့်  လူနဲ့နာမည်တွဲမိအောင်လည်း အမြဲမှတ်ရပါတယ်။ကံကောင်းစွာနဲ့သင့်ကောင်မလေးရဲ့မျက်နှာသာပေးမှုကို ဒီနှစ် Valentine’s day မှာရနိုင်ပါပြီ။အဲ့ဒါကတော့သူမကျိန်းသေနှစ်သက်သဘောကျလောက်တဲ့ ကိုးရီးယားနဲ့သက်ဆိုင်သော လက်ဆောင်လေးတွေကို Surprise အဖြစ်ပေးဖို့ဖြစ်ပါတယ်။

Shop.com.mm မှာ Korean Mall ရှိပါတယ်။ ရှော့ပင်းမောတွေလို ဓတ်လှေကားတို့ခေါင်မိုးတို့နဲ့မဟုတ်ပေမဲ့ ကိုးရီးယားပစ္စည်းစစ်စစ်များကိုသာရောင်းချပေးနေတဲ့ အွန်လိုင်းဈေးဝယ်စင်တာတခုဖြစ်ပါတယ်။ Korean mall နဲ့ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဒီblog About Korean Mall လေးမှာဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။ စိတ်လှုပ်ရှားစရာကောင်းတဲ့နောက်ထပ်သတင်း တခုက Korean Mallမှာရှိတဲ့ပစ္စည်းတွေကို 40%ထိတောင်လျှော့ပေးနေလို့ Valentine’s day လက်ဆောင်ကိုအများကြီးပိုက်ဆံကုန်ခံစရာမလိုတော့ဘူးပေါ့နော်။အခုချစ်သူကောင်မလေး နှစ်သက်သဘောကျလောက်မဲ့ပစ္စည်းလေး(၇)မျိုးကို ပြောပြပေးလိုက်ပါတယ်။

Long Sleeve Knitted Sweater – Blue

လက်ဖမိုးပေါ်ကိုဆွယ်တာလက်ရှည် ဖရိုဖရဲကျနေတဲ့ပုံစံကဘယ်မိန်းကလေးကိုမဆိုချစ်စရာကောင်း သွားအောင်ပြုလုပ်နိုင်ပါတယ်။ဒီလိုနူးနူးညံ့ညံ့နဲ့ချစ်စရာကောင်းတဲ့အသွင်ဖြစ်နိုင်တယ်ဆိုတာကို မိန်းကလေးတော်တော်များများလည်းသိတဲ့အတွက် ဒီဆွယ်တာလေးကိုလက်ဆောင်ပေးခြင်းဖြင့်သူမရဲ့ အလေးပေးမှုကိုရယူလိုက်ပါ။

Valentine's day and Korea Fashion

Long Sleeve Sweater

Edge Taping Open Jacket – Grey

ကိုးရီးယားနိုင်ငံရဲ့ နောက်ဆုံးပေါ်ဖက်ရှင်ဒီဇိုင်းတွေထဲကတခုဖြစ်တဲ့ ဒီအပေါ်ဝတ်လေးကို လက်ဆောင်အဖြစ် ပေးတဲ့အတွက်သင်ကကိုးရီးယားဖက်ရှင်ကိုမနှစ်သက်ပေမဲ့ သူမတစ်ယောက်တည်းအတွက် အမြဲ စောင့်ကြည့်နေပါလားဆိုပြီး ထင်မြင်သွားစေမဲ့လက်ဆောင်ပစ္စည်းတခုလည်းဖြစ်ပါတယ်။

Valentine's day and Korea Fashion

Overcoat

Etude House Dear Darling Oil Tint

Etude House အလှကုန်များကို အကောင်းဆုံးကုန်ကြမ်းများဖြင့်သာ ထုတ်လုပ်ထားတယ်ဆိုတာ မိန်းကလေးတော်တော်များများသိပါတယ်။ ဒီတော့ Etude House brand နှုတ်ခမ်းနီကိုသာ လက်ဆောင်အဖြစ်ပေးလိုက်မယ်ဆိုရင် သူမအပျော်ကသင့်ဆီကိုတောင်ကူးစက်လာနိုင်ပါတယ်။ Bonusအဖြစ်အနေနဲ့ဆိုးထားတဲ့နူတ်ခမ်းလေးကနူးညံ့ပြီး kissable ဖြစ်နေမှာသေချာပါတယ်နော်။

Etude House Lip Tint

Aqua Set

Skin careပစ္စည်းတွေကို မိန်းကလေးတွေကလက်ဆောင်အဖြစ်လက်ခံရတာ သိပ်သဘောကျပါတယ်။Skin care setလိုက်ပေးတယ်ဆိုရင်တော့ အိမ်မှာထမင်းဖိတ်ကျွေးချင်လောက်တဲ့အထိ ကျေးဇူးတင်ပြီး သဘောကျကြပါတယ်။ဒီSetမှာအဓိကသုံးထားတဲ့ပစ္စည်းတွေက ဝါးနဲ့ Birchအပင်ကရတဲ့ကုန်ကြမ်းပစ္စည်း တို့ဖြစ်ပါတယ်။ Birch ပင်ဆိုတာဘာကြီးလဲဆိုပြီးမတွေးခင် ရှင်းပြပါမယ်နော်။ သူကမြောက်ပိုင်းဒေသတွေမှာ ပေါက်ပြီး အသားအရေကိုသန့်စင်ပေးတဲ့နေရာမှာ အကောင်းဆုံးပါဝင်ပစ္စည်းတခုဖြစ်တယ်လို့လေ့လာမှုများအရ တွေ့ရှိရပါတယ်။အခုပြောပြပေးလိုက်တဲ့ informationကိုအသုံးပြုပြီး ချစ်သူကောင်မလေးကို ခပ်တည်တည်နဲ့ လက်ဆောင်ပေးရင်းရှင်းပြပါက သူမအနေနဲ့သင်ကသူမအပေါ်အရမ်းဂရုစိုက်တာကို သတိထားမိပါလိမ့်မယ်။

Valentine's day and Korea Fashion

Skin Care Set

Star-chained diamond necklace – Bermuda Blue

Swarovski တံဆိပ်ဆွဲကြိုးလေးများကို တကမ္ဘာလုံးမှာရှိတဲ့မိန်းကလေးအများစု မျက်စိကျပါတယ်။ သူတို့ကထုတ်လုက်တဲ့ ခရစ်စတယ်ကျောက်များဟာ အလှဆွဲကြိုးတွေတင်မကဘဲ တယ်လီစကုတ်တွေ မှန်ဘီလူးတွေမှာပါ အသုံးပြုရတဲ့အထိ မာကျောမှုရှိပါတယ်။ စိပ်းပြာရောင်လဲ့လဲ့ ကြယ်ပုံကျောက်ကလေးများသုံးပွင့်ဒီဇိုင်းနဲ့ လည်ဆွဲလေးကဓာတ်ပုံထဲမှာတင်  ကြည့်ကောင်းတာမဟုတ်ဘဲ အပြင်မှာလည်းကျက်သရေရှိရှိ လှပါတယ်။လည်တိုင်ကျော့ကျော့မှာဆွဲလိုက်ရင် သင်တင်မကသူမကိုယ်တိုင်တောင်သူ မကြိုက်ချင်သွားပါလိမ့်မယ်။

Valentine's day and Korea Fashion

Diamond Necklace

Innisfree Green Tea Seed Serum – 80ml

Innisfreeကို နုပျိုပြီးအပြစ်ကင်းတဲ့အသားအရေဖန်တီးတဲ့နေရာမှာ အသုံးပြုကြပါတယ်။ အပိုလုပ်ပြီးအသိပေးတာမျိုးမဟုတ်ပေမဲ့ နည်းနည်းတော့သတိလေးပေးစရာတခုရှိပါတယ်။ လက်ဆောင်ပေးတဲ့အခါမှာ “ဒီပစ္စည်းကချစ်ကို ပိုပြီးနုသွားစေမှာကွ” လို့ပြောပြီးပေးရင်ကောင်မလေးက ဒါငါ့ကို ရုပ်ရင့်တယ်လို့စောင်းပြောတာဟုထင်ကောင်းထင်နိုင်ပါတယ်။ ဒီGreen Tea Seed Serum က အသားထဲကိုစိမ့်ဝင်နေအောင်ရေဓာတ်ဖြည့်ပေးပြီး အသားအရေကိုရေဓာတ်အပြည့်အဝပေးနိုင်တယ်လို့ ပြောရင်လုံလောက်ပါတယ်။

Valentine's day and Korea Fashion

Green Tea Seed Serum

Seaweed

ချစ်သူကောင်မလေးကို အပျော်ရွှင်ဆုံးဖြစ်အောင်လုပ်ပေးနိုင်တာကတော့ အစားအစာပဲဖြစ်ပါတယ်။အိမ်မှာပဲ သင်ကိုယ်တိုင်ချက်ကျွေးတဲ့ ထမင်းလိပ်ဖြစ်ဖြစ်၊ ရေညှိဟင်းရည်ဖြစ်ဖြစ်ကို အတူတကွစားသုံးရင်း Valentine’s day ကို ရိုမန်တစ်ဆန်ဆန်ဖြတ်သန်းနိုင်ပါတယ်။

Valentine's day and Korea Fashion

Seaweed

အပေါ်ကပြောတဲ့လက်ဆောင်လေးတွေကို အကြိုက်မတွေ့ဘူးဆိုရင်လည်း ဒီလင့်လေးKorean Mallကနေတဆင့် စိတ်ကြိုက်မွှေနှောက်ရှာဖွေပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ရိုမန်တစ်လို့ရပါတယ်။ နောက်ဆုံးအနေနဲ့ Valentine’s day နေ့တရက်ထဲမှာမဟုတ်ဘဲ နေ့စဉ်သင့်ရဲ့ဝင်သက်ထွက်သက်တိုင်းမှာ သူမကအရေးပါဆုံးပုဂ္ဂိုလ် ဖြစ်ကြောင်းနဲ့ မြတ်မြတ်နိုးနိုးတန်ဖိုးထားရပါတယ် ဆိုတာချစ်သူကောင်မလေးကို အသိပေးဖို့လိုအပ်ပါတယ်နော်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *