Valentine’s Day နေ့ကို Gigi Hadid၊ Kendall Jenner တို့ကဲ့သို့ဖြတ်သန်းချင်ပါသလား။ 0 316

Valentine’s day နေ့ကရောက်တော့မှာဖြစ်ပါတယ်။ ချစ်သူတွေကလဲဘယ်အချိန် ဘယ်နေရာသွားပြီး ဒီနေ့ကိုဖြတ်သန်းရမလဲဆိုတာကိုကြိုစဉ်းစားနေကြပြီ။ ချစ်သူကိုဘယ်လိုsurprise လုပ်ရမလဲကိုလည်းရင်ခုန်စွာ နဲ့ကြိုပြီးတွေးနေကြပြီ။တချို့တွေကချောကလတ်တွေတောင် ဝယ်စုနေပြီးလောက်ပါပြီ။ဒီလိုနေ့မှာ မိန်းကလေးတွေအများဆုံးရင်ဆိုင်ရတဲ့ အခက်ခဲဆုံးပြသာနာကတော့ Valentine’s dayမှာဘယ်လိုမျိုးအလှဆုံးဝတ်ရမလဲဆိုပြီးဖြစ်ပါတယ်။ကိုယ့်မှာရှိနေတဲ့အလှဆုံးအဝတ်အစားတွေဆိုတာလည်း အဲ့နေ့အတွက်ဆိုရင်တော့ကိုယ်နဲ့ေ  တ်ာတော်ကိုအဆင်မပြေဘူးလို့ မြင်လာပြီးမကြိုက်တော့တာတွေရှိပါတယ်။

အလှဆုံးပြင်ဆင်တာချစ်သူနဲ့ selfieပုံ လှလှလေးထွက်ဖို့ ဒါမှမဟုတ် ချစ်သူသဘောကျအောင် ဝတ်စားတာမျိုးလည်း မဟုတ်ပါဘူး။ အဓိကဒီအဝတ်အစားကိုပြန်ဝတ်တိုင်း သူကိုယ့်ဘေးမှာရှိသလို ဖြတ်သန်းခဲ့ဖူးတဲ့ Valentine’s dayကိုပြန်လည်သတိရပြီးကြည်နူးဖို့ဖြစ်ပါတယ်။ချစ်သူမရှိသူပျိုမေများ လည်းဝတ်ဆင်နိုင်ပါတယ်။သူများသဘောကျအောင်မွေးဖွားလာတဲ့သူတွေမဟုတ်တဲ့အတွက်ကိုယ်နှစ်သက်ရာ ဝတ်စုံကို နှစ်သက်သလိုဝတ်ဆင်နိုင်ပါတယ်။

အောက်ပါဝတ်စုံလေးများက Kendall Jenner၊ Kylie Jenner ၊Taylor Swift နှင့်Gigi Hadidတို့ ဝတ်ဆင်ခဲ့တဲ့ဝတ်စုံပုံစံတူလေးများဖြစ်ပါတယ်။ကံကောင်းစွာနဲ့ shop.com.mm မှာ၎င်းတို့လေးဦးဝတ်ဆင်ခဲ့တဲ့ ဝတ်စုံပုံစံခပ်ဆင်ဆင်လေးများက အဆင်သင့်ရှိနေပါတယ်။ အဝတ်အစားလေးများက အရမ်းကြီးလည်းformalမကျဘဲ နောက်တခါပြန်ဝတ်လို့ရနိုင်တဲ့ပုံစံလေးများကို ရွေးချယ်ပေးထားပါတယ်။ဒီတော့ Valentine’s dayပြီးလည်း ထပ်ပြီးဝတ်ဆင်နိုင်ပါတယ်။

Gigi Hadid

Gigi Hadid and Valentine's day

Gigiက street styleနဲ့ပတ်သက်ပြီးအဆန်းထွင်သူလို့နာမည်ကြီးပါတယ်။ဒါပေမဲ့ သူမဝတ်စားထားပုံကတော့ ပေါ့ပေါ့ပါးပါးနဲ့လူငယ်ဆန်ဆန်လေးဖြစ်နေပါတယ်။ကျွန်မတို့မိန်းကလေးတွေက လှလည်းလှချင်တယ်ကိုယ်ပေါ်မှာလည်း သက်တောင့်သက်သာဖြစ်တဲ့အဝတ်အစားမျိုးကို အလွန်ပဲသဘောကျ ကြပါတယ်။ဒီအဖြူရောင်ရှပ်လေးရယ် ဂျင်းပြာဖျော့လေးကိုအပေါ်ကနေ ကုတ်အနက်လေးထပ်ဝတ်ပြီး bootအနက်ရောင်လေးစီးလိုက်ရင်တော့ ချစ်သူကောင်လေးရှေ့မှာ ရိုးရိုးလေးနဲ့အထာကျမှာဖြစ်ပါတယ်။

Shop Link – Boots, White Top, Pants , Jacket

Kendall Jenner

Kendall Jenner and Valentine's day

Kendall Jennerဆီကနေသင်ယူစရာတခုရှိပါတယ်။ အဲ့ဒါကတော့ဘယ်လောက်ပဲ ဖက်ရှင်ဒီဇိုင်းဆန်းဆန်းတွေထွက်ထွက် ဂျင်းဘောင်းဘီကဘယ်တော့မှ ခေတ်နောက်မကျသွားဘူး ဆိုတာပါပဲ။သူမဝတ်ထားတဲ့ပုံစံလေးက ရိုးရိုးလေးနဲ့ကျော့ရှင်းလှပနေပါတယ်။ ဂျင်းဘောင်းဘီကိုအပေါ်ကနေ ပန်းရောင်ဖျော့ဖျော့လက်ပြတ်ကလေးနဲ့ ဖိနပ်ဖြူလေးကိုပေါင်းပြီးဝတ်လိုက်ရင် ချစ်သူကောင်လေးကသင့်ဆီကနေဘယ်လိုမှ မျက်ဝန်းတွေမခွာနိုင်ဖြစ်နေပါလိမ့်မယ်။

Shop Link – Top, Jeans , Shoes , Belt

Kylie Jenner

Kylie Jenner and Valentine's Day

Kylie ဝတ်တဲ့ပုံစံမျိုးတော့ တထပ်ထည်းမဟုတ်ပေမဲ့ ကိုယ်တွေဘက်ကတီထွင်ပြီးဝတ်လို့ရပါတယ်။ ဆွဲဆောင်မှုရှိတဲ့ခြေထောက်တွေကို ဂျင်းစကပ်တိုလေးနဲ့ပြပြီး အပေါ်ကနေ ကိုယ့်ဘာသာ စတစ်ကာနဲ့အလှဆင်ထားတဲ့ ဂျက်ကတ်လေးထပ်ဝတ်ပြီး ဆောင်းဥတုအအေးဓာတ်သဲ့သဲ့ကို အံတုလိုက်ပါ။ အဖြူရောင်လက်ရှည်လေးကမည်သည့် ခန္ဓာကိုယ်နဲ့မဆိုလိုက်တဲ့အတွက် သက်တောင့်သက်သာနဲ့ Valentine’s day ကိုဖြတ်သန်းနိုင်ပါတယ်။

Shop Link – Coat , Skirt , White Top, Sticker

Taylor Swift

Taylor Swift and Valentine's Day

Taylor Swift ရဲ့စတိုင်ကသူမရဲ့ ဂီတလမ်းကြောင်းပြောင်းလဲမှုနဲ့တူလှုပ်ရှားနေတယ်လို့ပြောစမှတ်ရှိပါတယ်။ ဒီဝတ်စုံလေးကို သူမရဲ့ Red World Tour မှာဝတ်ဆင်ခဲ့ပြီး ပေါ့ပေါ့ပါးပါးလေးလည်းဖြစ်တဲ့အတွက် အိနြေ္ဒကြီးတခွဲသားနဲ့နေစရာမလိုဘဲ ချစ်သူနဲ့ KFC မှာကြက်ကြော် ၆တုံး၊၇တုံးလောက်လွတ်လွတ်လပ်လပ် စားနိုင်ပါတယ်။

Shop Link – Stripes Top, Short Pants, Shoes , Lipstick

ဒီလို အလန်းဇယားအဝတ်အစားတွေနဲ့ဆိုရင်တော့ သင့်ချစ်သူမပြောနဲ့ဖြတ်သွားဖြတ်လာတွေတောင်မှ နောက်တခေါက်ပြန်ကြည့်ရမယ့် မိန်းကလေးတစ်ယောက်ဖြစ်နေပါလိမ့်မယ်။

 

 

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *