ဆောင်းရာသီက အေးမြပြီးနေလို့ထိုင်လို့ကောင်းတဲ့ရာသီဖြစ်ပေမယ့် အသားအရေအတွက်တော့ ဆိုးကျိုးအနည်းငယ်ရှိတဲ့ ရာသီဥတုဖြစ်ပါတယ်။ ဒါကြောင့် ပုံမှန်သုံးနေကျ Skincare တွေထက် ဆောင်းတွင်းမှာပိုမိုထိရောက်ပြီး ပိုမိုအသုံးတည့်မယ့် Skincare ပစ္စည်းတွေ၊ အသားအရေထိန်းသိမ်းမှုပုံစံတွေကို အနည်းငယ်ပြောင်းပေးဖို့လိုပါမယ်။ အေးအေးချမ်းချမ်းလေးနဲ့ ရှိုးထုတ်လို့ကောင်းမယ့်ရာသီမျိုးမှာ ကိုယ့်အသားအရေမွဲခြောက်နေတာမျိုး၊ အပေါ်ယံအရေပြားတွေကွာလာတာမျိုးက တကယ်ကို စိတ်ရှုပ်စရာကောင်းပါတယ်။ ဆောင်းလေက နဂိုထက် အေးမြခြောက်သွေ့နေတဲ့အတွက် ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရေဓာတ်ဆုံးရှုံးမှုပမာဏက သာမန်အချိန်တွေထက် ပိုမိုမြန်ဆန်ပါတယ်။ ဒါကြောင့် အသားတင်းပြီးခြောက်လာတာမျိုး၊ အရေခွံကွာမျိုး၊ နှုတ်ခမ်းကွဲတာမျိုး စတဲ့အရေပြားပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။
ဒီပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ???
နေ့စဉ်လုပ်နေကြဖြစ်တဲ့ Cleansing & Moisturizing step တွေအတိုင်းဖြေရှင်းနိုင်ပါတယ်။ ဆောင်းရာသီမှာ ပုံမှန်ထက်အသားခြောက်တတ်တာကြောင့် Moisturizing step ကိုတော့ သေချာမဖြစ်မနေလုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
Mild ဖြစ်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုကြမယ်။
ဆပ်ပြာမပါဝင်ဘဲ Mild ဖြစ်တဲ့ Liquid type, gel type ဒါမှမဟုတ် creamy foam မျက်နှာသစ်ဆေးတွေကို အသုံးပြုပေးနိုင်ပါတယ်။ ဘက်တီးရီးယားတွေကို သတ်ပေးနိုင်တဲ့ Anti-bacterial facial cleanser တွေက အသားအရေကို ပိုမိုခြောက်သွေ့စေပြီး ရှိသင့်ရှိထိုက်တဲ့အဆီတွေကိုပါ ဖယ်ရှားပစ်နိုင်တဲ့အတွက် ဆောင်းတွင်းမှာအသုံးမပြုသင့်ပါဘူးနော်။ ဒါ့အပြင် အရမ်းအေးလွန်း ပူလွန်းတဲ့ရေနဲ့ မျက်နှာသစ်ခြင်းက အသားအရေကို နီမြန်းစေခြင်း၊ ယားယံစေခြင်းမျိုးတွေဖြစ်စေနိုင်တဲ့အတွက် ရှောင်ရှားသင့်ပါတယ်။
L’Oreal Paris White Perfect Anti-Dullness Scrub Foam (100ml)
Exfoliation လုပ်ပေးဖို့ကလဲ အရေးကြီးပါတယ်။
Exfoliation ကဆဲလ်အသေတွေကို ဖယ်ရှားပေးပြီး ဆဲလ်အသစ်တွေပြန်လည်ဖြစ်ပေါ်စေတဲ့အတွက် ဆောင်းရာသီမှာတင်မဟုတ်ဘဲ အမြဲပုံမှန်လုပ်သွားပေးဖို့လိုတဲ့အဆင့်ပါ။ တစ်ပတ်တစ်ကြိမ်ပုံမှန်လုပ်ပေးသင့်ပြီး နေ့တိုင်းလိုလိုခဏခဏလုပ်ပေးဖို့တော့ မလိုပါဘူးနော်။ Exfoliation လုပ်လိုက်တဲ့အခါ ဆောင်းတွင်းမှာဖြစ်တတ်တဲ့ အရေပြားအဖတ်ကွာတာတွေကို ဖယ်ရှားပေးပြီး လိုးရှင်းလိမ်းတဲ့အခါ အရေပြားအတွင်းပိုင်းအထိ လွယ်လွယ်ကူကူစိမ့်ဝင်စေပါတယ်။
Body Lotion တွေက မသုံးမဖြစ်သုံးရမယ့်အရာတွေပါ။
အထူးသဖြင့်ဆောင်းတွင်းအသားပတ်တာမျိုးအတွက် Body Lotion လိမ်းပေးခြင်းက အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းတစ်ခုဖြစ်တဲ့အပြင် အသားအရေကို တစ်နေကုန်အစိုဓာတ်ထိန်းပေးနိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားက နေရောင်ခြည်နဲ့ အထိတွေ့ဆုံးဖြစ်တဲ့အတွက် ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်တဲ့ Body Lotion တွေက အကောင်းဆုံးဖြစ်ပါတယ်။ ဒါကြောင့် အစိုဓာတ်ထိန်းပေးနိုင်တဲ့အပြင် နေလောင်ဒဏ်မှ ကာကွယ်နိုင်တဲ့ SPF ပါတဲ့ Body Lotion တွေကို Highly recommend လုပ်ပါတယ်နော်။
Vaseline Intensive Care Deep Restore Body Lotion (400ml)
နှုတ်ခမ်းသားကို အထူးဂရုစိုက်ပေးရန်
ဆောင်းတွင်းရဲ့ အဓိကပြဿနာကတော့ အသားပတ်တာနဲ့ နှုတ်ခမ်းကွဲတာပါပဲ။ ဒါကြောင့် အစိုဓာတ်ပြည့်ဝနေပြီး နှုတ်ခမ်းကွဲခြင်းကိုကာကွယ်ပေးနိုင်တဲ့ Lip Balm လေးတွေ ဆောင်ထားဖို့မမေ့နဲ့နော်။
အလှဆီသုံးပေးခြင်းကလဲ တကယ်ကိုထိရောက်ပါတယ်။
စေးကပ်ကပ်ဖြစ်တဲ့အထိအတွေ့ကြောင့် Skin Essential Oil တွေကို တော်တော်များများ အသုံးပြုဖို့ လက်တွန့်နေတတ်ပါတယ်။ ဆောင်းရာသီမှာတော့ အသားလှဆီတွေက တကယ်ပဲ အသားအရေကို စိုပြေနူးညံ့စေတဲ့အပြင် ကြည်လင်ဝင်းပစေပြီး Breakout ဖြစ်တာတွေကို သက်သာစေပါတယ်။ Skin Therapy Oil, အာဂန်သီးအဆီ၊ ထောပတ်သီးအဆီ၊ သံလွင်သီးအဆီနဲ့ အုန်းဆီတွေဟာ အသားအရေအတွက် အကောင်းဆုံးသဘာဝအဆီတွေပဲ ဖြစ်ပါတယ်။
Palmer’s Skin Therapy Oil 60 ml
Serum ကလဲမရှိမဖြစ်ပါ။
Serum က အစိုဓာတ်ထိန်းပေးတဲ့အပြင် ရောင်ရမ်းခြင်း၊ အသားအရေမွဲခြောက်ခြင်း၊ ကြမ်းတမ်းခြင်းတွေအတွက် အထိရောက်ဆုံး Moisturizer တစ်မျိုးဖြစ်ပါတယ်။ ဒါအပြင့် အသားအရေကို ကြည်လင်ဝင်းပစေပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးတဲ့အတွက် အသားအရောက်ညီညာစေပြီး အရေးအကြောင်းတွေကို လျော့ပါးသက်သာစေပါတယ်။
Skinfood Black Sugar Perfect First Serum 2X – 120ml
မိမိကိုယ်ကိုယ်အစိုဓာတ်ပြည့်ဝအောင်နေပါ။
ဒီအဆင့်ကတော့ အကုန်အကျအနည်းဆုံးနဲ့ အလွယ်ကူဆုံးပါ။ ဘယ်သွားသွားရေဘူးဆောင်သွားပြီး ရေများများသောက်ပေးရုံနဲ့ ခန္ဓာကိုယ်ကိုယ်ရေဓာတ်ဖြည့်တင်းပေးနိုင်ပြီး အသားအရေကိုကြည်လင်လာစေမှာဖြစ်ပါတယ်။