Black Friday 2017 ကာလအတွင်း Facebook မှာ QR Code scan ဖတ်ပြီး အပို ၅၀၀၀ ကျပ်လျှော့ဈေးကူပွန် ရယူလိုက်ရအောင်… 0 306

တစ်နှစ်တာရဲ့ အကြီးကျယ်ဆုံးအွန်လိုင်းဈေးရောင်းပွဲတော်ဖြစ်တဲ့ Shop.com.mm ရဲ့ Black Friday 2017 ပွဲဟာဆိုရင် မကြာမီအချိန်အတွင်းမှာ စတင်တော့မှာဖြစ်ပါတယ်။ Black Friday 2017 ပွဲတော်ကို နိုဝင်ဘာလ ၂၂ရက်နေ့မှ ၃၀ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ၉၀% အထိလျှော့ဈေးတွေနဲ့ နေ့စဉ် Flash Sales အစီအစဉ်တွေလဲ ပါဝင်မှာဖြစ်ပါတယ်။ Black Friday ဈေးရောင်းပွဲတော်ကာလအတွင်း အထူးအစီအစဉ်တစ်ရပ်အနေနဲ့ Facebook messenger မှာ Shop.com.mm ရဲ့ Black Friday QR code ကို scan လုပ်လိုက်ရုံဖြင့် ငွေကျပ် ၂၅၀၀၀ ဖိုးနဲ့အထက် ဝယ်ယူမှုအတွက် ၅၀၀၀ ကျပ်လျှော့ဈေးကူပွန်ကုဒ်ကို ပေးသွားမှာဖြစ်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ အောက်မှာဆက်ကြည့်လိုက်ရအောင်နော်…

Brand အလိုက် QR code discount နဲ့ ပတ်သက်တာတွေကို Shop.com.mm ရဲ့ Facebook ပေ့ခ်ျမှာ တင်ပေးသွားမှာဖြစ်တဲ့အပြင် မိတ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ KFC, JCGV နဲ့ အခြားဆိုင်တွေမှာလည်း Vinyl, stand တွေထောင်ပြီး ကြေငြာထားပေးမှာဖြစ်ပါတယ်။ ဒါကြောင့် Shop.com.mm Facebook ကို အမြဲမပြတ်စောင့်ကြည့်နေပြီး KFC, JCGV စတဲ့နေရာတွေမှာလည်း Shop’s Black Friday နဲ့ ပတ်သက်တာတွေကို သတိထားကြည့်ပေးဖို့လိုပါတယ်နော်။

Step 1 :
သင့်လက်ကိုင်ဖုန်းထဲက Facebook messenger ကိုဝင်ပြီး People icon လေးကို ကလစ်နှိပ်လိုက်ပါ။

Step 2 :
ထို့နောက် “Scan Messenger Code” ကို တစ်ချက်နှိပ်ပြီး ကင်မရာကို QR code ရှေ့မှာထားပြီး Scan လုပ်လိုက်ပါ။

Step 3 :
ပြီးတဲ့အခါမှာတော့ Shop.com.mm ရဲ့ Chat Box ကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပြီး သင့်ထံကို မက်ဆေ့ခ်ျတစ်စောင်ရောက်လာမှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျရောက်လာတဲ့အခါ ပထမဆုံး “Get Started” ကိုနှိပ်ပြီး ထို့နောက် “Get BlackFriday Code” ကို ရွေးလိုက်ပါ။

Step 4 :
Yayyy….အခုဆိုရင်တော့ သင်ဟာ Lucky Winner ဖြစ်သွားပါပြီ။ ရရှိထားတဲ့ Voucher code ကို အော်ဒါတင်တဲ့အခါ Voucher ထည့်ရန်ဆိုတဲ့အကွက်မှာ ထည့်ပေးလိုက်ရုံနဲ့ အနည်းဆုံး ၂၅၀၀၀ ကျပ်ဖိုးဝယ်ယူမှုအတွက် ၅၀၀၀ ကျပ်လျှော့ဈေးရရှိမှာဖြစ်ပါတယ်။ Voucher code ကို ၂၂ရက်နေ့မှ ၃၀ရက်နေ့အထိ Black Friday ကာလအတွင်းသာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဈေးဝယ်တဲ့အခါ လွယ်ကူမြန်ဆန်စွာ ဝယ်ယူနိုင်ဖို့အတွက် Shop.com.mm Application ဒေါင်းလုပ်လုပ်ထားဖို့ မမေ့နဲ့နော်။ အောက်မှာဖော်ပြထားတဲ့ လင့်ခ်ကနေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
For both Android & iOS >>> https://www.shop.com.mm/en/mobile-apps/

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *