Black Friday 2017 ဈေးရောင်းပွဲတော်အတွင်း Visa card နဲ့ ဘယ်လိုငွေပေးချေကြမလဲ ? 0 290

Black Friday 2017 ဈေးရောင်းပွဲတော်ကာလအတွင်း ဈေးဝယ်သူတွေ ပိုမိုလွယ်ကူစွာ ဝယ်ယူနိုင်ရန် Shop.com.mm မှ Visa card ဖြင့် ငွေပေးချေနိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ Visa ကဒ်ဖြင့် ငွေပေးချေခြင်းက ပိုမိုယုံကြည်စိတ်ချရပြီး လွယ်ကူမြန်ဆန်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ Visa ကဒ်အသုံးပြုသူတွေအတွက် သတင်းကောင်းတစ်ခုကတော့ Shop.com.mm နဲ့ Visa တို့ပူးပေါင်းပြီး ဈေးဝယ်သူတွေကို ပိုမိုသက်သာစေရန်အတွက် Visa ကဒ်ဖြင့်ဝယ်ယူပါက သတ်မှတ်ထားတဲ့ဈေးနှုန်းထပ် ၅ ရာခိုင်နှုန်းထပ်ဆောင်းလျှော့ဈေးပေးသွားမှာဖြစ်ပါတယ်။ ဝယ်ယူပုံအဆင့်ဆင့် အသေးစိတ်ကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်နော်…

Step – 1

ပထမဦးဆုံး မိမိဝယ်ယူလိုတဲ့ဖုန်းကို ရွေးချယ်ပြီး “BUY NOW” ကို ကလစ်နှိပ်ပါ။

Step – 2

အစိမ်းရောင်အကွက်လေးပေါ်လာပါက “CHECKOUT” ကိုနှိပ်ရန် သို့မဟုတ် ဈေးဝယ်လှည်းပုံကို တစ်ချက်နှိပ်ရပါမယ်။

Step – 3

ဈေးဝယ်လှည်းကိုနှိပ်ပြီးတဲ့အခါ ဝယ်ယူထားတဲ့ အချက်အလက်တွေကို တွေ့မှာဖြစ်ပြီး “ငွေပေးချေရန်” ကို နှိပ်ရပါမယ်။

Step – 4

Email နဲ့ Password ဖြည့်ရန် အကွက်တစ်ကွက်ပေါ်လာမှာဖြစ်ပြီး Email မသုံးပါက Facebook ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။

Step – 5

ဈေးဝယ်သူရဲ့ နာမည်၊ လိပ်စာနဲ့ ဖုန်းနံပတ်အပြည့်အစုံကို ဖြည့်ပြီး “သိမ်းဆည်းပြီး နောက်တစ်ဆင့်သို့သွားမည်” ကိုနှိပ်ပေးရပါမယ်။

Step – 6

ထို့နောက် အသေးစိတ်အော်ဒါအချက်အလက်တွေကို တွေ့ရမှာဖြစ်ပြီး မှန်ကန်ပါက “သိမ်းဆည်းပြီး နောက်တစ်ဆင့်သို့သွားမည်” ကို နှိပ်ရပါမယ်။

Step – 7

ငွေပေးချေမှုစနစ်ကို ရွေးချယ်တဲ့အခါ “Pay by VISA Card” ကို ရွေးချယ်ပြီး “ပစ္စည်းအော်ဒါအမှာအား အတည်ပြုမည်” ကို နှိပ်လိုက်ပါ။

Step – 8

နောက်ဆုံးအဆင့်အနေနဲ့ သင့်ရဲ့ VISA ကဒ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို ဖြည့်စွက်ပြီး နောက်တစ်ဆင့်ကို ဆက်လက်လုပ်ဆောင်ရမှာပါ။ (မှတ်ချက် – MAB, AYA, KBZ, CB မည်သည့်ဗီဇာကဒ်ကိုမဆို အသုံးပြုနိုင်ပါတယ်။)

Step – 9

Continue Payment ကို နှိပ်ပြီးတဲ့အခါ Added Protection ဆိုတဲ့ နောက်ထပ် ပေ့ခ်ျတစ်ခုကို တွေ့ရမှာဖြစ်ပြီး OTP ကုဒ်ဖြည့်ပေးဖို့လိုပါတယ်။ OTP ကုဒ်ကို Message နဲ့ပို့မှာဖြစ်တာကြောင့် Message ဝင်မဝင်စစ်ပြီး ကုဒ်ဖြည့်ပေးရမှာပါ။ သတိထားရမှာက OTP ကုဒ်ဖြည့်တဲ့အခါ ၃မိနစ်အတွင်းသာ ဖြည့်ရမှာဖြစ်ပါတယ်။ ပြီးရင်တော့ Submit ကိုနှိပ်ပေးပါ။ သင့်ရဲ့ အွန်လိုင်းကနေ VISA ကဒ်ဖြင့် ငွေချေခြင်းလုပ်ငန်းစဉ်ပြီးဆုံးပြီဖြစ်ပါတယ်။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *