ကျန်းမာလှပသည့်အသားအရေအတွက် မရှိမဖြစ် Body Lotion 0 315

အခုလိုပူအိုက်တဲ့ရာသီအတွက် အသားအရေကိုဘယ်လိုထိန်းသိမ်းကြမလဲ၊ နေလောင်ဒဏ်မှ ဘယ်လိုကာကွယ်ကြမလဲဆိုတာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုဖြစ်လာပါတယ်။ အများအားဖြင့် အိမ်ထဲမှာနေရုံ အပြင်သွားရင် အင်္ကျီလက်ရှည်ဝတ်ရုံလောက်နဲ့တော့ နေလောင်ဒဏ်ကာကွယ်ဖို့မလုံလောက်ပါဘူး…ပုံမှန်အားဖြင့် ဘယ်သူမဆို နေပူထဲမှာ အမြဲသွားလာလှုပ်ရှားနေရတာကြောင့် ကိုယ်သတိမထားမိလိုက်တဲ့အချိန်မှာ ဖြစ်သွားတဲ့ အသားအရေပျက်စီးမှုတွေကို မကြာခဏ ကြုံတွေ့ရတတ်ပါတယ်..ဒါကြောင့် ပျက်စီးနေတဲ့အသားအရေကို ပြန်လာကောင်းမွန်လာအောင် ပြုပြင်ပေးဖို့၊ ထပ်ပြီးမပျက်စီးစေရန်ကာကွယ်ပေးဖို့အတွက် နည်းလမ်းကောင်းတွေ လိုအပ်ပါတယ်။ ဒီဘလော့လေးနဲ့အတူ မိတ်ဆက်ပေးမှာကတော့ အရည်အသွေးစိတ်ချရပြီး လွယ်လွယ်ကူကူအသုံးပြုနိုင်တဲ့ နာမည်ကြီး Vaseline product လေးတွေအကြောင်းဖြစ်ပါတယ်။ ကမ္ဘာ့နံပတ် ၁ Body and skin care brand လို့ ကျော်ကြားတဲ့ Vaseline ထုတ်ကုန်တွေရဲ့ ကောင်းကြောင်းကတော့ အထူးပြောစရာမလိုအောင် Beauty junkies တွေနဲ့ အလှအပကိုချစ်မြတ်နိုးတဲ့ ပျိုပျိုတွေကြားမှာ ရေပန်းစားနေလျက်ရှိပါတယ်။ ကမ္ဘာ့နံပတ် ၁ ဆိုလို့ ဈေးကြီးမယ်မထင်လိုက်နဲ့နော်..ဈေးနှုန်းသက်သာပြီး တကယ်ကိုအရည်အသွေးကောင်းမွန်တဲ့အတွက် စမ်းသုံးကြည့်သင့်တဲ့ Product လေးတွေဖြစ်ပါတယ်။

အလှအပရဲ့ လျှို့ဝှက်ချက်က မျက်နှာတစ်ခုတည်းမဟုတ်တဲ့အတွက် သင့်အသားအရေနဲ့ သင့်ခန္ဓာကိုယ်ကိုလည်း အထူးဂရုစိုက်ပေးဖို့လိုပါတယ်…သင့်အသားအရေလှပစေဖို့ အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းကတော့ အရည်အသွေးပြည့်မီတဲ့ Body Lotion ကို ပုံမှန်သုံးစွဲပေးခြင်းဖြစ်ပါတယ်…အမျိုးအစားများစွာသော ဘော်ဒီလိုးရှင်းတွေထဲကမှ လူကြိုက်များတာတွေက ဘာတွေဖြစ်မလဲ…သင့်အသားအရေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ဘော်ဒီလိုးရှင်းကို ဘယ်လိုရွေးချယ်သုံးမလဲဆိုတာ အောက်မှာဆက်ကြည့်လိုက်ရအောင်…

အစိုဓာတ်ထိန်း Body Moisturizer

ရှားစောင်းလက်ပတ်ရဲ့ အဆီအနှစ်တွေ အဓိကပါဝင်တဲ့အတွက်ကြောင့် အသားအရေကို ကြည်လင်အေးမြစေပြီး ရေဓာတ်ပြည့်ဝစေနိုင်ပါတယ်။ Vaseline ရဲ့ အဖိုးတန် Pertroleum jelly လေးတွေနဲ့ ဖော်စပ်ထားတဲ့အတွက်ကြောင့် အသားအရေရဲ့ အတွင်းပိုင်းကို မြန်မြန်ဆန်ဆန်စိမ့်ဝင်သွားစေပြီး အသားအရေကိုပြန်လည်ကောင်းမွန်လာစေပါတယ်။ အသားအရေခြောက်သွေ့သူတွေနဲ့ အရေပြားယားယံတတ်သူတွေအတွက် အထူးသင့်တော်ပါတယ်။

 

အသားအရေကို ကြည်လင်ဝင်းပလာစေနိုင်တဲ့အပြင် Sunscreen အနေနဲ့အသုံးပြုလို့ရမယ့် Body Lotion

ဗီတာမင် B3 နဲ့ Vaseline ရဲ့ နာမည်ကျော် Petroleum jelly တို့ဖြင့် အဓိကဖော်စပ်ထုတ်လုပ်ထားပြီး နေလောင်ဒဏ်မှ ၃ဆကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတို့ပါဝင်တဲ့အတွက် အသားအရေကို ကြည်လင်ဝင်းပစေပြီး ပျက်စီးနေတဲ့အသားအရေကို ပြန်လည်ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။ အသားအရေအမျိုးအစားမရွေးအသုံးပြုနိုင်ပြီး နေပူထဲအထွက်များတဲ့သူတွေအတွက် Sunscreen Body Lotion တစ်ခုအနေနဲ့ သုံးပေးနိုင်ပါတယ်။

 

အသားအရေပျက်စီးခြင်းမှ ကာကွယ်ပေးမယ့် Body Lotion

Vaseline ရဲ့ Intensive Care Deep Restore ဘော်ဒီလိုးရှင်းက Sensitive ဖြစ်ပြီး အသားခြောက်လွန်းသူများအတွက် အသင့်တော်ဆုံးပါ။ Glycerin နဲ့ Vaseline Jelly ပါဝင်တာကြောင့် မွဲခြောက်ပျက်စီးနေတဲ့အသားအရေကို အချိန်တိုအတွင်း ရေဓာတ်ပြည့်ဝလာစေပြီး ပြန်လည်ကောင်းမွန်လာစေပါတယ်။ အသားထဲသို့စိမ့်ဝင်လွယ်ပြီး စေးကပ်ကပ်ဖြစ်နေတာမျိုး၊ အဆီပြန်နေတာမျိုး မရှိစေနိုင်တဲ့ Body Lotion တစ်မျိုးပါ။

ဒီလိုအရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာတဲ့ Vaseline အလှကုန်တွေကို အွန်လိုင်းကနေလွယ်လွယ်ကူကူ ဝယ်ယူမယ်ဆိုရင်တော့ ….. https://goo.gl/3AKdXq ဒီလင့်ခ်လေးမှာဝင်ရောက်ဝယ်ယူနိုင်ပါတယ်။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *