SCCS 2017 by Shop.com.mm 0 311

Shop.com.mm မှ MITV entertainment channel, Jovago Travel Agency နှင့် Sule Shangri-La Hotel တို့နှင့်ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပထမဆုံး Shop Championship Case Study ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ Shop Championship Case Study ပြိုင်ပွဲကြီးအတွက် ရန်ကုန်နှင့် မန္တလေးမြို့ရှိ တက္ကသိုလ်ကျောင်းပေါင်း ၁၅ ကျောင်းတွင် Shop.com.mm အကြောင်း၊ Marketing, Operation, Sales Force, Commercial နှင့် IT စတဲ့အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး သွားရောက်ဟောပြောခဲ့ပါတယ်။

ပြိုင်ပွဲရဲ့ ပထမအဆင့်တွင် အဖွဲ့ ၄၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်ဖို့အတွက် အဖွဲ့ ၁၅ဖွဲ့ရွေးချယ်ခဲ့ပါတယ်။ ဒုတိယအဆင့်ကို တက်ရောက်နိုင်တဲ့ ပြိုင်ပွဲဝင်တွေက ပိုပြီးအသေးစိတ်တဲ့ Case study တွေနဲ့ ယှဉ်ပြိုင်ရပြီး ယင်း ၁၅ဖွဲ့ထဲကမှ အဖွဲ့ ၈ဖွဲ့ကို နောက်ဆုံးအဆင့် Presentation အတွက် ရွေးချယ်ခဲ့ပါတယ်။ ရွေးချယ်ခံထားရတဲ့ အဖွဲ့၈ဖွဲ့ကို Shop.com.mm မှ သက်ဆိုင်ရာ Department Head တွေက Presentation အတွက် လိုအပ်သည်များနှင့် လုပ်ငန်းခွင်နှင့်ပတ်သက်ပြီး သိထားသင့်သည်များကို ရှင်းလင်းပြောပြခဲ့ပါတယ်။

နောက်ဆုံးအဆင့် Grand Finale ကို ရန်ကုန်မြို့ Sule Shangri-La ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပြီး Shop Management Team နှင့် Unilever Marketing တို့မှ တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်များကို အကဲဖြတ်ရွေးချယ်ခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေရဲ့ Presentation အပြီးမှာတော့ Judge များရဲ့ ရွေးချယ်မှုအရ အကောင်းဆုံးအဖွဲ့ဖြစ်တဲ့ Team Lumos က ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ငွေကျပ်သိန်း ၂၀ကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။ ဒုတိယဆု ငွေကျပ် ဆယ်သိန်းကို Team Youngtrepreneurs မှရရှိခဲ့ပြီး တတိယဆုငွေကျပ် ငါးသိန်းကိုတော့ Team Triangle အဖွဲ့မှ ဆွတ်ခူးရရှိခဲ့ပါတယ်။

အခုလိုမျိုး Shop Championship Case Study ပြိုင်ပွဲကြီးကို အောင်အောင်မြင်မြင်ကျင်းပပြုလုပ်နိုင်အောင် အဖက်ဖက်မှ ပူးပေါင်းပါဝင်ပေးခဲ့တဲ့ Business အဖွဲ့အစည်းများနဲ့ တက္ကသိုလ်ကျောင်းများကို Shop.com.mm မှ အထူးပင် ကျေးဇူးတင်ရှိပါတယ်။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *