Android ဖုန်းအသုံးပြုသူတွေကြားမှာ ရေပန်းအစားဆုံးအမှတ်တံဆိပ်တွေထဲက တစ်ခုကတော့ Xiaomi အမှတ်တံဆိပ်ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ နာမည်ကြီးပြီးသား တခြားအမှတ်တံဆိပ်တွေထက်စာလျှင် Xiaomi ဖုန်းတွေက ဈေးနှုန်းသက်သာပြီး အရည်အသွေးကောင်းမွန်တဲ့အတွက် အချိန်တိုလေးအတွင်းမှာ သုံးစွဲသူတွေကြား တဟုန်ထိုးနာမည်ကြီးလာရခြင်းဖြစ်ပါတယ်။ အခြားထိပ်တန်းနာမည်ကြီးဖုန်းတွေမှာသာ ပါဝင်တဲ့ အဆင့်မြင့်လုပ်ဆောင်ချက်တွေကို Xiaomi ဖုန်းတွေမှာ ထည့်သွင်းထားပြီး တော်တော်များများတတ်နိုင်တဲ့ဈေးနှုန်းနဲ့သာ ရောင်းချပေးတဲ့အတွက် သုံးစွဲသူတွေကို ပိုမိုအဆင်ပြေပြီး ငွေကုန်ကြေးကျသက်သာစေပါတယ်။ တရုတ်အမှတ်တံဆိပ် Xiaomi ဖုန်းတွေက ၂၀၁၆ ခုနှစ်ကစပြီး မြန်မာနိုင်ငံမှာ နာမည်ကြီးလာပြီး ဈေးနှုန်းသက်သာပြီး အဆင့်မြင့်နည်းပညာတွေကို ထည့်သွင်းအသုံးပြုထားတဲ့အတွက် Android user တွေနဲ့ နည်းပညာကျွမ်းကျင်သူတွေကြားမှာ မြန်မြန်ဆန်ဆန်ရေပန်းစားလာခဲ့ပါတယ်။ Xiaomi ဖုန်းတွေရဲ့ အားသာချက်တွေဖြစ်တဲ့ ဘက်ထရီသက်တမ်းကြာရှည်မှု၊ မြန်ဆန်သွက်လက်တဲ့စက်ပိုင်းဆိုင်ရာလည်ပတ်မှုနဲ့ အကောင်းဆုံးဖုန်းကင်မရာအရည်အသွေးတို့က သုံးစွဲသူတွေကြား ပိုမိုနာမည်ကြီးလာစေတဲ့ အကြောင်းအရင်းတွေ ဖြစ်ပါတယ်။
Shop.com.mm ရဲ့ Mobile Week 2017 ၆ရက်မြောက်နေ့မှာ Xiaomi ဖုန်းတွေကို ၂၈ ရာခိုင်နှုန်းအထိ လျှော့ဈေး တွေနဲ့ အဓိကရောင်းချပေးသွားမှာဖြစ်ပြီး Visa ကဒ်ဖြင့် ဝယ်ယူပါက ဒီထက်ပိုမိုသက်သာတဲ့ ဈေးနှုန်းတွေပေးသွားမှာပါ။ ပုံမှန်လုပ်နေကျ Flash Sale ပြုလုပ်မှုအစီအစဉ်ကို နေ့လည် ၂နာရီမှ ၅နာရီအထိ ပြုလုပ်ပေးသွားမှာဖြစ်ပြီး RedMi Note 4 (4G) Dual Sim ငွေရောင် , RedMi Note 4 (4G) Dual Sim ရွှေရောင် နှင့် RedMi 4A (4G) Dual Sim ရွှေရောင်တို့ကို ပိုမိုသက်သာတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးသွားဖြစ်ပါတယ်။ အရေအတွက် ကန့်သတ်ထားတဲ့အတွက်ကြောင့် မြန်မြန်ဝယ်မှ စိတ်ချရမယ်နော်…အကောင်းဆုံးဖုန်းတွေကို သာမန်ထက်ပိုမိုသက်သာတဲ့ ဈေးနှုန်းတွေနဲ့ ဝယ်ယူနိုင်ဖို့ Shop.com.mm ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက်ကြည့်ရှုပြီး သင့်စိတ်ကြိုက်ဖုန်းတွေကို အော်ဒါတင်နိုင်ပါပြီ။ ဈေးနှုန်းတွေကို သိချင်ရင်တော့ https://goo.gl/KmS4FG ဒီလင့်ခ်လေးမှာဖြစ်ဖြစ် ပုံတွေကို ကလစ်နှိပ်ပြီးဖြစ်ဖြစ် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။