Mobile Week 2017 : Singtech Day 0 337

Shop.com.mm ရဲ့ Mobile Week 2017 ကို ကျင်းပခဲ့တာ အခုဆိုရင် လေးရက်မြောက်နေ့ရှိပါပြီ။ Mobile Week ဆိုတာ Brand အမျိုးမျိုးက ဖုန်းတွေကို ဘယ်မှာမှမရနိုင်တဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချပေးနေတဲ့ မိုဘိုင်းလ်ဖုန်းအရောင်းပွဲတော်ဖြစ်ပြီး ဈေးကြီးတဲ့ High-end ဖုန်းတွေကနေ ဈေးသက်သာတဲ့ Budget ဖုန်းတွေအထိ အကောင်းဆုံးဈေးနှုန်းတွေနဲ့ အရေအတွက် ကန့်သတ်ထားပြီး ရောင်းချနေတာဖြစ်ပါတယ်။ Shop.com.mm မှ Mobile Week ဈေးရောင်းပွဲကို နှစ်တိုင်းကျင်းပလျက်ရှိပြီး ယခုနှစ်မှာဆိုရင် ဖုန်းနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို ၆၀% အထိလျှော့ဈေးတွေနဲ့ ရောင်းချပေးလျက်ရှိပါတယ်။ Mobile Week 2017 မှာ သတ်မှတ်ထားတဲ့ အမှတ်တံဆိပ်တစ်မျိုးချင်းစီကို ရက်အလိုက် အဓိကထား ရောင်းချသွားမှာဖြစ်ပါတယ်။ Mobile Week 2017 ပွဲရဲ့ ၃ရက်တာကာလကျော်လွန်သွားပြီဖြစ်သော်လည်း အထူးလျှော့ဈေးနဲ့ ရောင်းချနေတဲ့ ဖုန်းတော်တော်များများ ကျန်ရှိနေသေးတဲ့အတွက် https://goo.gl/45gF7q ဝက်ဘ်ဆိုဒ်ကိုဝင်ကြည့်ပြီး ဝယ်ယူနိုင်ပါတယ်။ အရေအတွက် ကန့်သတ်ထားတာကြောင့် မြန်မြန်ဝယ်ယူမှ စိတ်ချရမယ်နော်…

အရည်အသွေးကောင်းကောင်းဖုန်းတစ်လုံးကို ဈေးနှုန်းချိုသာစွာနဲ့ ဝယ်ယူချင်ရင်တော့ အခုပဲ Shop.com.mm မှာ ဝင်ရောက်ရှာဖွေဝယ်ယူလိုက်ပါ။ Mobile Week ရဲ့ လေးရက်မြောက်နေ့မှာ အရည်အသွေးကောင်းပြီး ဈေးနှုန်းသက်သာတဲ့ Singtech ဖုန်းတွေကို အဓိကရောင်းချသွားမှာဖြစ်ပြီး ပုံမှန် Mobile Week deals တွေအနေနဲ့ ၅၄ ရာခိုင်နှုန်းအထိလျှော့ဈေးတွေ၊ လက်ဆောင်ပစ္စည်းတွေကို ပေးသွားမှာပါ။ Day 4 ရဲ့ ၄နာရီကနေ ၇နာရီအချိန်အတွင်း ပုံမှန်လျှော့ဈေးမှာမပါဝင်တဲ့ Singtech ဖုန်းတွေကို ၁၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ ရောင်းချပေးမှာဖြစ်ပါတယ်။ Singtech ဖုန်းတွေက တစ်သိန်းကျပ် ပတ်ဝန်းကျင်သာရှိပြီး Official 1 Year Warranty ပေးတဲ့အတွက် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။ အရည်အသွေးနဲ့ယှဉ်ရင် ဈေးနှုန်းသက်သာတဲ့ ဖုန်းတွေဖြစ်တာကြောင့် ကွာလတီကောင်းကောင်းဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ လိုချင်သူတွေအတွက် သင့်တော်ပါတယ်နော်…

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *