
လေဒီတို့ရေ…ဒီတခါမှာတော့ မကြာသေးခင်က Shop.com.mm ဝက်ဘ်ဆိုဒ်မှာ စတင်ရောင်းချလိုက်တဲ့ Uptownie 101 ဖက်ရှင်အမှတ်တံဆိပ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီတံဆိပ်ကို မြန်မာပြည်မှာ သိတဲ့သူရှားပါလိမ့်မယ်…သူက အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ခေတ်စားနေတဲ့ဖက်ရှင်ဒီဇိုင်းတွေကို အခြေခံကာ အနောက်တိုင်းဆန်တဲ့ အဝတ်အထည်တွေနဲ့ ဖက်ရှင်ပစ္စည်းတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Uptownie 101 အမှတ်တံဆိပ်ကနေ ဂါဝန်၊ စကပ်၊ ဘောင်းဘီရှည်၊ အင်္ကျီစတဲ့ အဝတ်အထည်တွေကို အဓိက ထုတ်လုပ်နေပြီး ပွဲတက်ဝတ်ဖို့ဖြစ်ဖြစ်..ထသွားထလာ ပေါ့ပေါ့ပါးပါးဝတ်ဖို့ဖြစ်ဖြစ် သင့်တော်တဲ့ဖက်ရှင်ပါ။ အရည်အသွေးကောင်းမွန်တဲ့ ခေတ်ပေါ်ဖက်ရှင် အမိုက်စားတွေကို သင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့ ဝယ်ယူချင်တယ်….ဝတ်နေကျပုံစံကနေ ခွဲထွက်ပြီး ဒီဇိုင်းဆန်းဆန်းလေးတွေ ဝတ်ချင်တယ်ဆိုရင်တော့ Uptownie 101 က ရွေးချယ်သင့်တဲ့ Brand တစ်ခုပါ။ Uptownie 101 ဒီဇိုင်းတွေအများကြီးထဲကမှ အကြိုက်ဆုံး ဒီဇိုင်းတချို့ကို ရွေးချယ်ပေးလိုက်ပါတယ်…
အဖြူနဲ့အနက်က ဘယ်တော့မှမရိုးနိုင်တဲ့ တွဲစပ်မှုပုံစံပါ…ခန္ဓာကိုယ်အလှကို ပေါ်စေနိုင်တဲ့ Bodycon ဂါဝန်တွေက ဘယ်တော့မဆို သင့်ကိုစတိုင်လ်ကျနေစေမှာပါ။
ရှေ့ကွဲဒီဇိုင်းဆန်းဆန်းလေးဝတ်ရအောင်….ပူအိုက်တဲ့အချိန်တွေမှာ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်လ်ကျကျ ဝတ်နိုင်ဖို့အတွက် ဒီဇိုင်းဆန်းဆန်းအင်္ကျီလေးတွေကို ဂျင်းဘောင်းဘီရှည် ဒါမှမဟုတ် ဘောင်းဘီတိုတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
ပုခုံအပေါက်ဒီဇိုင်းလေးက သင့်ကို တမူထူးခြားစွာ ဆွဲဆောင်မှုရှိစေပါတယ်။ အလွှာထပ်လက်ဒီဇိုင်းနဲ့ ဗြောင်ဂါဝန်အကားလေးက ဝတ်လိုက်တဲ့အခါ ချစ်စရာကောင်းတဲ့ အသွင်အပြင်ရစေပါတယ်။ ခါးကြိုးစည်းပါတာကြောင့် ပွယောင်းယောင်းဖြစ်နေမှာ စိုးရိမ်စရာမလိုဘဲ သင့်ခန္ဓာကိုယ်ကို ပုံကျလှပနေစေမှာပါ။
စတိုင်လ်ကျကျ လှနေစေဖို့ Jumpsuit တွေကို ရွေးချယ်ဝတ်ဆင်တတ်ဖို့လိုပါတယ်။ မိန်းကလေးတိုင်းနဲ့ လိုက်ဖက်ညီပြီး ပေါ့ပေါ့ပါးပါးဝတ်နိုင်တဲ့ ခေတ်ပေါ်ဖက်ရှင်ကတော့ Jumpsuit တွေပါ။
ဘယ်သွားသွားဝတ်နိုင်တဲ့ Printed ဖက်ရှင်…ဂျင်းဘောင်းဘီ ဒါမှမဟုတ် ဘောင်းဘီတိုလေးတွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်တဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်ဖြစ်ပါတယ်။
တခြားဒီဇိုင်းတွေနဲ့ သိချင်တာတွေရှိရင် အောက်မှာပေးထားတဲ့ လင့်ခ်လေးမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
မှတ်ချက် – နိုင်ငံခြားကနေ တိုက်ရိုက်မှာယူရတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ခန့်မှန်းခြေ ပိုဆောင်ချိန် ၈ရက်မှ ၁၀ရက်အထိ ကြာမြင့်နိုင်ပါတယ်။