လူငယ်တွေကြားမှာ လတ်တလောရေပန်းအစားဆုံးဖြစ်တဲ့ Fidget spinner လေးအကြောင်း သိပြီးကြပြီလား… 0 256

Fidget spinner ဆိုတာက အခုနောက်ပိုင်း အရမ်းခေတ်စားလာတဲ့ ကစားစရာတစ်မျိုးဖြစ်ပြီး အရင်တုန်းက နာမည်ကြီးခဲ့တဲ့ Yoyo လို ကစားစရာလေးပါ။ နောက်ဆုံးပေါ်တီထွင်မှုတွေထဲက အကျော်ကြားဆုံးဖန်တီးမှုတစ်ခုဖြစ်ပြီး ကမ္ဘာတဝှမ်းက လူအများအပြားကို ဂယက်ထသွားစေလောက်အောင် နာမည်ကြီးလာပါတယ်။

Fidget spinner ဆိုတာကဘာလဲ?

Fidget spinner ဆိုတာက အခြေခံအားဖြင့် စိတ်ဖိစီးမှုပြေပျောက်စေတဲ့ ကစားစရာတစ်မျိုးဖြစ်ပြီး လက်ချောင်းနှစ်ချောင်းကြားထဲမှာ ငြိမ်အောင်ညှပ်ပြီး လှည့်ဆော့ရတာမျိုးပါ။ Fidget spinner ကို 1990 ဝန်းကျင်မှာ တီထွင်ခဲ့ပြီး 2017 ခုနှစ် Forbes မဂ္ဂဇင်းမှာ ဖော်ပြလိုက်တဲ့အခါမှာတော့ တဟုန်ထိုးကျော်ကြားလာခဲ့ပါတယ်။ Fidget spinner ကို ဖန်တီးဖြစ်ခဲ့တဲ့အကြောင်းက တစ်ရက်မှာ Israel နိုင်ငံမှာ လူငယ်လေးတချို့က ရဲတွေကို ခဲနဲ့ပေါက်နေတဲ့မြင်ကွင်းကို  Catherine Hettinger က မြင်သွားပြီး သူဟာ ကလေးငယ်တွေရဲ့ ထိန်းချုပ်ထားတဲ့ ဒေါသစိတ်ကို အာရုံပြောင်းသွားစေဖို့အတွက် ဒါကို တီထွင်ခဲ့ပါတယ်။

 

Fidget spinner ကို ဘာအတွက်သုံးတာလဲ?

Fidget spinner ကို စိတ်ဂနာမငြိမ်ဖြစ်တတ်သူ၊ စိတ်ဝေဒနာခံစားနေရသူ၊ လက်သည်းကိုက်တတ်သူတွေ၊ စိတ်ကစဥ့်ကလျားဖြစ်တတ်သူတွေနဲ့ အခြားအကျင့်ဆိုးရှိသူတို့အတွက် ရည်ရွယ်ထုတ်လုပ်ထားပြီး အာရုံစူးစိုက်မှုအားကို ပိုမိုကောင်းမွန်လာစေပါတယ်။ အခုဆိုရင် ကျောင်းသားလူငယ်တွေကြားမှာတင်မကဘဲ အလုပ်ခွင်မှာလဲ Stress ပြေပျောက်စေတဲ့ ကစားစရာတစ်မျိုးအဖြစ် အရမ်းကိုခေတ်စားလာပါတယ်။ ၂၀၁၆ ဒီဇင်ဘာလမှာဆိုရင် Forbes မဂ္ဂဇင်းက Fidget spinner တွေဟာ ၂၀၁၇ ခုနှစ်ရဲ့ မရှိမဖြစ် ရုံးသုံးကစားစရာတစ်မျိုးဖြစ်တယ်လို့ ကြေငြာလိုက်ပြီး အဲ့နောက်မှာ Social media အသုံးပြုသူတွေကနေအစပြုကာ အရမ်းကို ကျော်ကြားလာခဲ့ပါတယ်။

 

Fidget spinner တွေရဲ့လုပ်ဆောင်ချက်

Fidget spinner လေးတွေက အိတ်ဆောင်အရွယ်အစားသာရှိတဲ့အတွက် ဘယ်သွားသွားယူသွားနိုင်ပါပြီး လက်ချောင်းကြားထဲညှပ်ကာ လွယ်လွယ်ကူကူလှည့်ကစားနိုင်တဲ့ ပစ္စည်းလေးပါ။ အလုပ်လုပ်နေရင်း ပင်ပန်းလာတဲ့အချိန်မှာဖြစ်ဖြစ်၊ အနားယူနေတဲ့အချိန်မှာဖြစ်ဖြစ် ကစားနိုင်ပြီး တစ်ခုခုကြောင့် ကိုယ်စိတ်အနှောင့်အယှက်ဖြစ်လာတဲ့အခါ တခြားသူကို မထိခိုက်စေဘဲ စိတ်ဖိစီးမှုဖြေလျှော့နိုင်တဲ့ ကစားစရာတစ်မျိုးဖြစ်ပါတယ်။

အောက်မှာပြထားတဲ့ ဗီဒီယိုလေးကတော့ Fidget spinner ကို လွယ်လွယ်ကူကူကစားနိုင်မယ့် နည်းလမ်းလေးတွေပါ…ဗီဒီယိုထဲကအတိုင်း လိုက်လုပ်ကြည့်ကြပါဦးနော်…

Fidget spinner လေးတွေဝယ်ယူချင်တယ်ဆိုရင်တော့ https://goo.gl/LxH6cX မှာ သင့်စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *