ထူးခြားဆန်းပြား ကိုရီးယားအလှကုန်များ 0 343

ကိုရီးယားအလှကုန်ပစ္စည်းတွေက ကမ္ဘာတဝှမ်းမှာ စိတ်ဝင်စားစရာအကောင်းဆုံးနဲ့ လူကြိုက်အများဆုံးပစ္စည်းတွေ ဖြစ်ပါတယ်။ အစွမ်းသတ္တိပြည့်ဝတဲ့ Skin care ပစ္စည်းတွေ၊ ထူးခြားဆန်းကြယ်တဲ့အလှကုန်တွေနဲ့ ကလေးအသားအရေလို နူးညံ့လှပစေမယ့် ပစ္စည်းတွေကြောင့် ကမ္ဘာတဝှမ်းမှာ နာမည်ကြီးလာခဲ့ပါတယ်။ ကိုရီးယားနိုင်ငံက အမေရိကန်နိုင်ငံထက် ဆယ်စုနှစ်တစ်ခုလောက်စောပြီး Skin care ပစ္စည်းတွေ ထုတ်လုပ်ခဲ့ပြီး Foot masks, bb cushion လို နာမည်ကြီးအလှကုန်တွေက K-beauty အလှကုန်တွေဖြစ်ပါတယ်။ ရှားပါးဆန်းကြယ်တဲ့ ပါဝင်ပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ K-beauty ပစ္စည်းတွေက ဈေးကွက်ထဲမှာ အခုနောက်ပိုင်း တော်တော်နာမည်ရလာပါတယ်။

အံ့သြစရာကောင်းလောက်အောင် ထူးခြားဆန်းကြယ်တဲ့ K-beauty products တွေရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အောက်မှာရှင်းပြပေးလိုက်ပါတယ်။

မြည်းနို့

အီဂျစ်ဘုရင်မ ကလီယိုပတ်ထရာက မြည်းနို့နဲ့  နေ့စဉ် ရေချိုးလေ့ရှိတယ်လို့ ကြားဖူးကြမှာပါ။ ဒီနေ့ခေတ်မှာဆိုရင်တော့ ကိုရီးယားလူမျိုးတွေက ကလီယိုပတ်ထရာဘုရင်မရဲ့ အလှအပလျှို့ဝှက်ချက်ဖြစ်တဲ့ မြည်းနို့ကိုအခြေခံကာ အလှကုန်ပစ္စည်းများစွာ ထုတ်လုပ်လျက်ရှိပါတယ်။ မြည်းနို့ရဲ့ ဗီတာမင်စီပါဝင်မှုက နွားနို့ထက် အဆ ၆၀ ပိုများပြီး အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပြည့်ပြည့်ဝဝပေးစွမ်းနိုင်ပါတယ်။ ဗီတာမင်စီနဲ့ Fatty acid က အသားအရေကို အစိုဓာတ်ထိန်းပေးနိုင်တဲ့အတွက် အကောင်းဆုံး Moisturizer တစ်မျိုးဖြစ်ပါတယ်။

ကစော်ဖောက်ခြင်း

Skin care ပစ္စည်းတွေထဲမှာ တဆေး၊ ပဲနဲ့ ဆန်တွေကို အချဉ်ဖောက်ထားတာကို ထည့်သွင်းအသုံးပြုခြင်းက အသားအရေကို ကောင်းမွန်စေတဲ့ လျှို့ဝှက်ချက်တစ်ခုဖြစ်ပါတယ်။ Fermentation အသုံးပြုထားတဲ့ အလှကုန်ပစ္စည်းတွေက အသားအရေအတွင်းပိုင်းအထိ စိမ့်ဝင်လွယ်ပြီး အသားအရေကို တင်းရင်းလှပစေပါတယ်။ ရေရှည်သုံးစွဲပေးပါက အသားအရည်ကို ဝင်းပစိုပြေလာစေပါတယ်။

ခရု၏အကျိအချွဲ

တွေးကြည့်ရင်တော့ ရွံစရာကောင်းသလိုလိုနဲ့ အသည်းယားစရာပါပဲ…ဒါပေမယ့် ခရုရဲ့အချွဲအကျိတွေက သိပ္ပံနည်းကျစမ်းသပ်ချက်တွေအရ အသားအရေကို ပြုပြင်ထိန်းသိမ်းပေးပြီး အစိုဓာတ်ထိန်းပေးကာ ဝက်ခြံတွေကို လျော့ပါးသက်သာစေပါတယ်။ ဒါ့အပြင် ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်တဲ့အတွက် အသားအရည်နီစပ်စပ်ဖြစ်နေတဲ့အခါမျိုးမှာ သုံးပေးသင့်ပါတယ်။

မြင်းအဆီ

အာရှတဝှမ်းမှာ ရာစုနှစ်တော်တော်ကြာအောင် မြင်းမှရတဲ့အဆီကို ထုတ်ယူပြီး ထိခိုက်ရှနာရာတွေ၊ မီလောက်ဒဏ်ရာတွေ၊ အမာရွတ်ကျန်တာတွေနဲ့ ကြွက်သားများနာကျဉ်ခြင်းတို့ကို ကုသရန်အသုံးပြုခဲ့ပါတယ်။ Horse oil ပါဝင်တဲ့အလှကုန်တွေက အဆီမပြန်စေဘဲ အသားအရေကို အစိုဓာတ်ထိန်းပေးကာ အသားအရေရောင်ရမ်းခြင်း၊ နာကျဉ်ခြင်းတို့ကို ကုသပေးနိုင်ပါတယ်။

ပျားမှရသည့်အဆိပ်

နောက်ထပ်ထူးဆန်းတဲ့ ပါဝင်ပစ္စည်းတစ်မျိုးကတော့ ပျားရဲ့အဆိပ်ဖြစ်ပါတယ်။ ထူးထူးခြားခြား ဆိုးရွားတဲ့အဆိပ်ကို မျက်နှာပေါ်မှာ လိမ်းပေးရမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ လေ့လာစမ်းသပ်ချက်တွေအရ ပျားရဲ့အဆိပ်က ကော်လဂျန်ထုတ်လုပ်မှုအားကို ပိုမိုကောင်းမွန်စေတဲ့အတွက် အသားအရေကို ချောမွေ့တင်းရင်းစေပါတယ်။ ပျားရဲ့အဆိပ်ကိုအသုံးပြုပြီး ထုတ်လုပ်ထားတဲ့ Eye cream, lip plumper နဲ့ အသားအရေကို တင်းရင်းစေတဲ့ Moisturizer တွေက ကမ္ဘာတဝှမ်းမှာ အသုံးများလျက်ရှိပါတယ်။

သင်သိတဲ့ တခြားထူးဆန်းတဲ့ Beauty ingredient တွေကို အောက်မှာ comment ပေးသွားဦးနော်…

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *