Shhhh……Beauty Sleep! 0 316

အသားအရေလှပခြင်းရဲ့ အဓိကလျှို့ဝှက်ချက်တစ်ခုက အိပ်ရေးဝဝအိပ်စက်ခြင်းဖြစ်ပြီး အိပ်ပျော်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကနေ ကော်လဂျင်အသစ်တွေထုတ်လုပ်ပေးတဲ့အတွက် အသားအရေကို ပြုပြင်ထိန်းသိမ်းပေးနိုင်ပါတယ်။ အိပ်ရေးဝဝအိပ်ပျော်ပြီး ကျန်းမာလှပတဲ့ အသားအရေအတွက် Golden Milk လေးကို အိပ်ရာမဝင်ခင် သောက်သုံးပေးသင့်ပါတယ်။ ပြုလုပ်ပုံအဆင့်ဆင့်ကို အောက်မှာပြောပြပေးမယ်နော်…

Golden Milk ဆိုတာက ဟိုးအရင်ကတည်းက အိန္ဒိယနိုင်ငံမှာ နှစ်ပေါင်း ၅၀၀၀ ကျော် ခေတ်စားခဲ့တဲ့ အာယုဇီဝဆေးနည်းတစ်မျိုးဖြစ်ပါတယ်။ နွားနို့ထက်ပိုမိုအရသာရှိပြီး အစာခြေချက်အားကောင်းတဲ့အတွက် ခေတ်အဆက်ဆက်သုံးစွဲခဲ့ကြပါတယ်။ Golden Milk တစ်ခွက်ကို အိပ်ယာမဝင်ခင် နေ့စဉ်ပုံမှန်သောက်သုံးပေးခြင်းက သွေးအတွင်းသန့်စင်ပေးခြင်း၊ အိပ်ရေးဝစေခြင်း၊ အစာခြေအားကောင်းစေခြင်းနဲ့ အသားအရေကိုပိုမိုကြည်လင်လှပလာစေခြင်း စတဲ့အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ပါတယ်။ Golden Milk မှာ အကောင်းဆုံး Antioxidant တစ်မျိုးဖြစ်တဲ့ နနွင်းအဓိကပါဝင်ပြီး အသားအရေကို ကြည်လင်လှပလာစေပါတယ်။ နနွင်းက အသားအရေအတွက်ကောင်းပေမယ့် ဒီတိုင်းသောက်ဖို့မကောင်းတဲ့အတွက် Golden milk အဖြစ် ဖော်စပ်သောက်သုံးနိုင်ပါတယ်။

Golden Milk လုပ်ဖို့နည်းလမ်းတွေ အမျိုးမျိုးရှိတဲ့အထဲကမှ ပြုလုပ်ရလွယ်ကူပြီး ရိုးရှင်းတဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်နော်…

ပြုလုပ်ရန်ကြာချိန် – ၁၅ မိနစ်

ပမာဏ – တစ်ခွက်စာ

ပြုလုပ်ပုံအဆင့်ဆင့်

ပထမအဆင့် – ရွှေအိုရောင်အနှစ်လုပ်ရန်

  •     နနွင်းမှုန့် ခွက်၏ ၄ပုံ ၁ပုံခန့်
  •     ငရုပ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်
  •     ရေခွက်တစ်ဝက်ခန့်

 

နနွင်းမှုန့်၊ ငရုပ်ကောင်းမှုန့်နဲ့ ရေတို့ကို အိုးထဲမှာရောစပ်ပြီး သမအောင်မွှေပေးရပါမယ်။ အပူချိန်ကို အလယ်အလတ်လောက်သာထားပြီး အနှစ်ဖြစ်လာသည်အထိ မွှေပေးပါ။ အရမ်းခြောက်နေရင်တော့ ရေနည်းနည်းထပ်ရောပေးနိုင်ပါတယ်။ ထို့နောက် အအေးခံပြီး အဖုံးပါတဲ့ ခွက်တစ်ခုခုထဲကိုထည့်ပြီး ရေခဲသေတ္တာထဲမှာ နှစ်ပတ်ခန့်ထားနိုင်ပါတယ်။

  • နနွင်းမှုန့်က စွန်းထင်းနိုင်တဲ့အတွက် ပြုလုပ်နေစဉ်အတွင်းမှာ ရှေ့ဖုံးခါးစည်းဝတ်ပေးရန် လိုပါသည်။

ဒုတိယအဆင့် – Golden Milk ပြုလုပ်ရန်

  • နွားနို့လက်ဖက်ရည်ခွက်တစ်ခွက် (နွားနို့မသုံးချင်ပါက အုန်းနို့ သို့မဟုတ် rice milk ကို အသုံးပြုနိုင်သည်။)
  • အုန်းဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  •  အပေါ်မှာပြုလုပ်ထားသည့် နနွင်းအနှစ် ၄ပုံ၁ပုံ
  • သဘာဝပျားရည်စစ်စစ်
  • သစ်ကြံပိုးခေါက်အမှုန့်အနည်းငယ်

 

ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်မှလွဲ၍ ကျန်တာတွေအားလုံးကို အိုးထဲသို့ထည့်လိုက်ပါ။ အပူပေးပြီး အဆက်မပြတ်မွှေပေးရန်လိုအပ်ပါတယ်။ အချိန်တော်တော်ကြာအပူပေးပါက နနွင်းရဲ့ အစွမ်းသတ္တိလျော့ကျသွားစေနိုင်တဲ့အတွက် ပွက်ပွက်ဆူသည်အထိ မထားမိရန်သတိပြုပါ။ ထို့နောက် မီးပိတ်လိုက်ပြီး ပျားရည်လိုသလောက်ထည့်ကာ သစ်ကြံပိုးခေါက်မှုန့် အနည်းငယ်ဖြူးပေးပါ။

တတိယအဆင့် – ထို့နောက် အရသာရှိသည့် Golden Milk ကို သောက်သုံးနိုင်ပါပြီ။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *