မျက်နှာတစ်ခုလုံးကို ခြုံကြည့်လိုက်ရင် ပထမဆုံး ထင်းထင်းလင်းလင်းမြင်ရမယ့် အစိတ်အပိုင်းက မျက်ခုံးလှလှလေးတွေဖြစ်ပါတယ်။ မျက်လုံးကို ဘယ်လောက်ပဲဆွဲဆောင်မှုရှိအောင်ခြယ်ခြယ် မျက်ခုံးကို လှအောင်မခြယ်နိုင်ရင် သင့်ရဲ့မိတ်ကပ်က ပေါ်လွင်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် မျက်ခုံးလေးတွေကို သေသေချာချာပုံဖော်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒီတော့ အောက်မှာပြထားတဲ့ အဆင့်လေးတွေအတိုင်း ဆွဲကြည့်ရအောင်…
အသုံးပြုထားတဲ့ပစ္စည်းတွေကတော့…
- Milani Brow Fix brow shaping kit in the shade “Medium”
- Éditor eyebrow pencil in the shade “Red Brown”
- E.L.F. Small Angled Brush
- E.L.F. Concealer Brush
- E.L.F. Spoolie Brush
- Brow razor
၁။ ပထမဆုံးအနေနဲ့ မျက်ခုံးမွေးရိတ်ပေးရပါမယ်။
မျက်ခုံးမွေးရိတ်ဓားကိုအသုံးပြုပြီး မျက်ခုံးအောက်ဘက်မှာ ပြန့်ပြီးပေါက်နေတဲ့ အမွေးလးတွေကို နဂိုမျက်ခုံးပုံစံမပျက်စေဘဲ အောက်ဘက်ကို ဆွဲချပြီး ရိတ်တဲ့ပုံစံအတိုင်း ရိတ်ပေးဖို့လိုပါတယ်။ အလွံအကျွံမရိတ်မိစေဖို့ သတိထားရပါမယ်။
၂။ အောက်ခြေလိုင်းဆွဲပေးရပါမယ်။
မျက်ခုံးမွေးဆွဲတံကို အသုံးပြုပြီး မျက်ခုံးအောက်ဘက်ကို လိုင်းတစ်ကြောင်းဆွဲပေးရပါမယ်။ မျက်ခုံးမွေးဆွဲတံကို မျက်ခုံးအရောင်နဲ့ တစ်ထပ်တည်းကျတဲ့အရောင်ကို သုံးပေးမယ့်အစား နဲနဲဖျော့တဲ့အရောင်ကို သုံးပေးသင့်ပါတယ်။
၃။ အပေါ်လိုင်းဆွဲပေးမယ်။
အပေါ်လိုင်းဆွဲတဲ့နေရာမှာတော့ အပြည့်ဆွဲစရာမလိုဘဲ အပြင်ဘက်တစ်ဝက်သာ ဆွဲပေးဖို့လိုပါတယ်။ အဆုံးသတ်ပိုင်းကိုဆွဲပေးတဲ့အခါ ပြေပြေလေးဖြစ်နေစေဖို့ အနည်းငယ် ဖိဆွဲပေးပါ။
၎။ အပြင်ဘက်ကို အရောင်ဖြည့်ပေးမယ်။
တခြမ်းစောင်းမျက်ခုံးမွေးဆွဲဘရပ်ရှ်ကို အသုံးပြုပြီး အပြင်ဘက်တစ်ဝက်ကို အညိုရင့်ရောင် ထည့်ပေးရပါမယ်။ မျက်ခုံးလေးကို သဘာဝဆန်ဆန်လှနေဖို့အတွက် နဂိုမျက်ခုံးမွေးပေါက်ရာလိုင်းအတိုင်း ဆွဲပေးဖို့လိုပါတယ်။
၅။ အတွင်းဘက်ကို အရောင်ဖြည့်ပါမယ်။
အညိုရောင်ခပ်ဖျော့ဖျော့ကိုတော့ မျက်ခုံးအတွင်းဘက်ပိုင်းကို အရောင်ဖြည့်ဖို့ သုံးပါမယ်။ ဒီလိုခြယ်ပေးတဲ့အတွက် မျက်ခုံးကို ဖိဆွဲထားသလို ထင်းမနေစေဘဲ ပိုပြီး သဘာဝကျကျလှစေပါတယ်။
၆။ ပိုမိုပုံကျသွားစေဖို့ setting ချပေးပါမယ်။
Spoolie ဘရပ်ရှ်လေးကို အသုံးပြုပြီး မျက်ခုံးမွေးတွေကို အပေါ်ကိုပြန်သပ်ပေးခြင်းက မျက်ခုံးမွေးဆွဲထားတဲ့ ပေါင်ဒါအမှုန့်တွေကို ညီညာသပ်ရပ်သွားစေပြီး မျက်ခုံးမွေးတွေကို နေရာတကျဖြစ်စေပါတယ်။
၇။ မျက်ခုံးကို ထင်းထင်းလေးနဲ့ ကြွနေသယောင် ခြယ်ပေးမယ်။
Concealer ဘရပ်ရှ်ကို အသုံးပြုပြီးတော့ မျက်ခုံးရိုးတလျှောက် Highlight powder ထည့်ပေးပါမယ်။ (တခြား eyeshadow ဘရပ်ရှ်တွေသုံးပေးလဲရပါတယ်) မျက်ခုံးရိုးတလျှောက် Highlight ထည့်ပေးခြင်းက မျက်ခုံးကို ပိုမိုပေါ်လွင်စေပြီး ကြွနေသယောင် ထင်ရစေပါတယ်။
၈။ အခုဆိုရင်တော့ သင့်ရဲ့အလှကို ပြီးပြည့်စုံစေမယ့် မျက်ခုံးတစ်စုံ ပိုင်ဆိုင်နိုင်ပါပြီ…
ဒီပိုစ့်က မျက်ခုံးမွေးလှလှဆွဲချင်သူတွေအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်နော်…လိုအပ်တဲ့ပစ္စည်းလေးတွေ ဝယ်ချင်ရင်တော့ အောက်မှာပေးထားတဲ့ လင့်ခ်လေးမှာ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။