စတိုင်ကျလှပတဲ့ ဆံကေသာရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေက ဘာဖြစ်မလဲ? 0 335

ဆံကေသာနဲ့ပတ်သက်ပြီး Martin Luther ရဲ့ ဆိုရိုးစကားတစ်ခုရှိခဲ့ပါတယ်။ “မိန်းကလေးတစ်ယောက်အတွက် ဆံပင်ဆိုတာက အကောင်းဆုံးအဆင်တန်ဆာတစ်ခုပါ” တဲ့။ ခန္ဓာကိုယ်ကြံ့ခိုင်သန်စွမ်းဖို့အတွက် အာဟာရဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို နေ့စဉ်စားသုံးပေးဖို့လိုအပ်သလို ဆံပင်ကိုလဲ အလားတူ အာဟာရဓာတ်ဖြည့်ပေးဖို့ လိုအပ်ပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်မှ သုံးကြိမ်ခေါင်းလျှော်ခြင်း၊ Hair Dryer တွေသိပ်မသုံးပေးခြင်း၊ တစ်နေ့နှစ်ကြိမ်ခေါင်းဖြီးပေးခြင်း၊ ဆံကေသာလိမ်းအလှဆီတွေနဲ့ Dry shampoo သုံးပေးခြင်း စတာတွေက ဆံကေသာကို ထိန်းသိမ်းပေးဖို့ အခြေခံအားဖြင့် လိုအပ်တဲ့အချက်တွေပါ။ ဒါပေမယ့် ဆံကေသာအလှကုန်တွေ သုံးစွဲတဲ့အခါ အရည်အသွေးကောင်းမွန်ပြီး မှန်ကန်တဲ့ ပစ္စည်းတွေကို သုံးပေးဖို့ကတော့ အရေးကြီးပါတယ်နော်။

ဒီပိုစ့်လေးမှာတော့ ဈေးလဲမကြီးပဲ အရည်အသွေးကောင်းတဲ့ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြီး BBlunt ဆံကေသာအလှကုန် အမှတ်တံဆိပ်တစ်ခုနဲ့ မိတ်ဆက်ပေးမှာဖြစ်ပါတယ်။ BBlunt hair care product တွေက ဈေးနှုန်း ၁၀၀၀၀ ကျပ် ဝန်းကျင်သာရှိပြီး အရည်အသွေးစိတ်ချရတဲ့ ပစ္စည်းတွေပါ။ အိန္ဒိယလူမျိုးတွေရဲ့ ဦးရေပြားနဲ့ ဆံသားကို အခြေခံကာ သေသေချာချာ လေ့လာထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဖြစ်ပြီး Bollywood stars တွေ လက်စွဲဖြစ်တာကြောင့် အရည်အသွေးပိုင်းဆိုင်ရာကိုတော့ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။

BBlunt ဆံကေသာသုံးပစ္စည်းတွေကို Prep, Style & Transform ဆိုတဲ့ product line ၃မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Hair care နဲ့  styling product တွေကို အမျိုးအစားစုံစုံလင်လင် ထုတ်လုပ်ထားတာကြောင့် Hair stylist တွေ Hair expert တွေမလိုဘဲ အိမ်မှာတင် လိုသလို လွယ်လွယ်ကူကူ အသုံးပြုနိုင်ပါတယ်။

Prep line မှာတော့ Dry Shampoo, Shampoo နဲ့ Conditioner တွေပါဝင်ပြီး Moisturizing, Deep Moisturizing, Volumizing, Strengthening ဆိုပြီး အမျိုးမျိုးခွဲခြားထုတ်လုပ်ထားပါတယ်။

Style line မှာပါဝင်တာတွေကတော့ ဆံပင်ပုံသွင်းဖို့အတွက် Volumizing Spray, Curl-defining Cream, Anti-frizz Leave-in Cream, Hair Polish, Hair Gel, Wax Paste, Moulding Clay, Fiber Paste, Hair Dryer, Hair Straightener, Hair Curling Wand တွေပါ။

Transform ဆိုတာ သင့်ဆံပင်ပုံစံကို ပြောင်းလဲသွားအောင် စွမ်းဆောင်ပေးနိုင်တဲ့ Temporary Hair Curler နဲ့ Clip-on Hair Extensions လို ပစ္စည်းမျိုးတွေဖြစ်ပါတယ်။

အရောင်တွေကို လိုသလိုကစားရတာ ကြိုက်တယ်ဆိုရင်တော့ BBlunt ရဲ့ One Night Stand temporary hair color လေးက အကောင်းဆုံးပါ။ ယာယီဆံပင်ဆိုးဆေးဖြစ်တာကြောင့် ဆံသားမပျက်စီးစေဘဲ သင့်စိတ်ကြိုက်လိုသလို အသုံးပြုနိုင်ပါတယ်။ အပြာရောင်၊ အနီရောင်၊ အစိမ်းရောင်၊ နီညိုရောင်နဲ့ ကြေးနီရောင်ဆိုပြီး ၄မျိုးထွက်ရှိပြီး တစ်ရောင်ထဲ ဆိုးဖို့ဖြစ်ဖြစ်၊ အရောင်စပ်ဆိုးဖို့ဖြစ်ဖြစ် သင့်တော်တဲ့ အရောင်လေးတွေပါ။ လိုသလိုအရောင်ဆိုးထားပြီး ရေနဲ့ပြန်လျှော်လိုက်တာနဲ့ အရောင်ကျွတ်တာကြောင့် သုံးရလွယ်ကူပါတယ်။ အပျော်သဘောပဲဖြစ်ဖြစ် ဆံပင်ဆေးဆိုးကြည့်ချင်တယ်ဆိုရင်တော့ One Night Stand Temporary Hair Color လေးကို Recommend ပေးပါတယ်နော်။

BBlunt hair product တွေကို စိတ်ဝင်စားတယ်..ဒါပေမယ့် ဘယ်ဟာက ကိုယ့်ဆံသားအတွက်အသင့်တော်ဆုံးလဲမသိ ဖြစ်နေရင်တော့ http://www.bblunt.com/bsystem/# မှာ ပေးထားတဲ့ မေးခွန်းလေးတွေဖြေကြည့်ပြီး မိမိနဲ့သင့်တော်တဲ့ product ကို ရွေးချယ်နိုင်ပါတယ်။ အကြိုက်လဲတွေ့ပြီ…ကိုယ်တိုင်လဲ စမ်းသုံးကြည့်ချင်တယ်ဆိုရင် https://goo.gl/zSuu5q ဒီလင့်ခ်လေးမှာ ဝယ်လို့ရနိုင်ပါတယ်…

 

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *