ဘယ်တော့မှရိုးမသွားနိုင်တဲ့ မိတ်ကပ်ပုံစံများ 0 298

Gradient lips

ဒါကတော့ ကိုရီးယားကားတွေမှာ ပါနေကြဖြစ်တဲ့ နှုတ်ခမ်းကို အရောင်ဖျော့ဖျော့နဲ့ အတွင်းသားလေးတွေကိုသာ ရဲနေအောင်ဆိုးတဲ့ပုံစံမျိုးဖြစ်ပါတယ်။ Lollipop ကိုစုပ်လိုက်ရင် နှုတ်ခမ်းမှာဖြစ်သွားတဲ့ ပုံစံလေးအတိုင်း အရမ်းကို ချစ်စရာကောင်းပြီး သဘာဝဆန်တဲ့ ပုံစံလေးဖြစ်လို့ Celebrity တော်တော်များများနဲ့ ကောင်မလေးတွေရဲ့ အသည်းစွဲဖြစ်နေတာပေါ့ရှင်။ ဒီလိုနှုတ်ခမ်းနီဆိုးတဲ့ပုံစံနဲ့ လိုက်ဖက်တာကတော့ ခပ်ဖျော့ဖျော့အရောင်တွေနဲ့ Nude color ကိုသာ အဓိကအသုံးပြုပြီး ခြယ်ထားတဲ့ မိတ်ကပ်ပုံစံပါ။ ကိုယ်သုံးနေကျ နှုတ်ခမ်းနီအရောင်တွေနဲ့ Concealer ပဲအဓိကလိုတာကြောင့် အရမ်းလွယ်ကူပြီး နေ့စဉ်ဆိုးလို့ရနိုင်ပါတယ်။ အနီရောင်၊ လိမ္မော်ရောင်၊ မက်မွန်သီးရောင်နဲ့ ပန်းရောင်ဘက်သန်းတဲ့ နှုတ်ခမ်းနီအရောင်တွေက Gradient lips look အတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ပိုပြီး ကြာရှည်ခံတဲ့ ပုံစံမျိုးကို လိုချင်ရင်တော့ Lip tint ကို သုံးပေးနိုင်ပါတယ်။ ပထမဦးဆုံး အတွင်းသားလေးတွေကို ဆိုးပေးပြီး အပြင်ဘက်ကို နည်းနည်းဖြန့်ထုတ်လိုက်ပါ။ ပြီးရင်တော့ ပိုမိုသပ်ရပ်ပြီး ခပ်ပါးပါး သဘာဝဆန်တဲ့ နှုတ်ခမ်းသားအတွက် Concealer ကို နှုတ်ခမ်းသားအပြင်ဘက်တွင် အနားသပ်ရန် ခပ်ပါးပါးသုံးပေးပါ။

Puppy eye

Puppy eye ဆိုလို့ အထူးတဆန်း မထင်လိုက်နဲ့နော်။ ဒါက K-beauty trend တစ်ခုဖြစ်တဲ့ မျက်လုံးပိုမိုဝိုင်းစေပြီး ကြီးသယောင်ထင်ရစေအောင် ဆိုးတဲ့ပုံစံမျိုးပါ။ ပုံမှန်ဆိုးနေကြ Eyeliner (Pen, gel, pencil type) တစ်ခုခုကိုသုံးပြီး မျက်ခွံအပေါ် Lash line တလျှောက် အတွင်းပိုင်းကနေ အပြင်ပိုင်းကို ဆိုးပေးရမှာပါ။ မျက်လုံးထောင့်လေးကို ရောက်သွားရင်တော့ Cat eyeliner ဆွဲသလိုအပေါ်ဘက်ကို ဆွဲမတင်ဘဲ မျက်လုံးရဲ့ နဂိုပုံစံအတိုင်း အောက်ဘက်ကိုသာ ဆွဲပေးရမှာပါ။ မျက်လုံးအောက်ပိုင်းက Tight line နဲ့ ဆက်ချင်ရင်လည်း အနည်းငယ်ဆက်ပေးနိုင်ပါတယ်။ အရမ်းကို လွယ်ကူတဲ့အပြင် ဒီလို Eyeliner ဆွဲတယ်ပုံစံလေးက ပိုပြီး လူငယ်ဆန်စေပါတယ်။

Cat eye

Cat eye  ကတော့ တော်တော်များများသိကြတဲ့အတိုင်း Wing ထုတ်ပြီးဆွဲတဲ့ Eyeliner ပုံစံမျိုးပါ။ Cat eyeliner က မျက်လုံးမှေးတဲ့ Shape မျိုးကို ပိုပြီးဆွဲဆောင်မှုရှိတဲ့ ပုံစံဖြစ်စေပါတယ်။ လွယ်သယောင်ထင်ရပေမယ့် သေချာတိကျလှပတဲ့ ပုံစံရဖို့ကတော့ သိပ်မလွယ်ကူပါဘူး။ ပထမဦးဆုံး မျက်ခွံပေါ်က tightline တလျှောက်ကို Eyeliner ခြယ်လိုက်ပြီး မျက်လုံးထောင့်စွန်းကို ရောက်တဲ့အခါမှာတော့ ခပ်ပါးပါးလိုင်းတစ်လိုင်းကို အပေါ်ဘက် ပင့်တင်ဆွဲလိုက်ပါ။ ပြီးရင်တော့ ခပ်ထူထူလိုင်းတစ်ခု ထပ်ဆွဲပေးပြီး အတွင်းဘက်ကို အရောင်ဖြည့်ပေးပါ။ Beauty guru တော်တော်များများကတော့ တိကျညီညာတဲ့ပုံစံရဖို့အတွက် Tape သုံးပြီး ခြယ်ကြပါတယ်။ Eyeshadow နဲ့ eyeliner မဆွဲခင် မျက်လုံးထောင့်လေးမှာ ကိုယ်ဆွဲမယ့်ပုံစံကို လိုက်ပြီး Tape ကပ်လိုက်ရုံပါပဲ။

Matte makeup

မိတ်ကပ်သားကို သဘာဝအတိုင်း ခပ်စိုစိုလေးဖြစ်အောင် ပြင်တဲ့ပုံစံက အာရှဘက်မှာခေတ်စားတဲ့ Trend ဆိုရင် Matte makeup look ကတော့ အနောက်တိုင်းမှာ ခေတ်စားတဲ့ မိတ်ကပ်ပုံစံပဲဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ Matte နှုတ်ခမ်းနီတွေ ခေတ်စားလာတာနဲ့အမျှ Matte makeup ပြင်တဲ့ပုံစံကလည်း Trend တစ်ခုဖြစ်လာပါတယ်။ Matte makeup က သာမန်ထက်ပိုပြီး Long-lasting ဖြစ်တဲ့အပြင် အဆီပြန်တာကိုလဲ ထိန်းပေးနိုင်ပါတယ်။ Matte အမျိုးအစား မိတ်ကပ်သား၊ Eyeshadow နဲ့ နှုတ်ခမ်းနီတွေက Shimmer effect မပါတဲ့အတွက် ပြောင်မနေဘဲ နွေရာသီဖက်ရှင်နဲ့ အတော်လေးလိုက်ဖက်ညီပါတယ်။ အဆီပြန်ပြီး ချွေးထွက်လွယ်သူတွေအတွက်ကတော့ Matte makeup က အရမ်းသင့်တော်ပါတယ်။ ပင်ကိုယ်အသားအရောင်ကို အခြေခံထားတဲ့ Nude look နဲ့ ခပ်မိုက်မိုက်ပုံစံပေါက်သွားအောင် အနီမှိုင်းမှိုင်းဘက်သွားတဲ့အရောင်တွေကို သုံးထားတဲ့ Burgundy look ကတော့ အရမ်းကို ခေတ်စားနေတဲ့ ပုံစံပဲဖြစ်ပါတယ်။

အပေါ်မှာပြောထားတဲ့ မိတ်ကပ်ပြင်ပုံလေးတွေက အရမ်းကိုလွယ်ကူပြီး ခေတ်စားနေတဲ့ ပုံစံလေးတွေဖြစ်လို့ အိမ်မှာစမ်းလုပ်ကြည့်ဖို့ မမေ့နဲ့နော်။

Previous ArticleNext Article

Leave a Reply

Your email address will not be published. Required fields are marked *