Formal wear လို့ ပြောလိုက်မယ်ဆိုရင် မိန်းကလေးတွေအတွက်တော့ ဘလော့စ်တစ်ထည်ကို Pants နဲ့ တွဲဝတ်ပြီး အပေါ်ကုတ်ထပ်လိုက်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ရိုးရှင်းလှပတဲ့ ဂါဝန်တစ်ထည်ကိုဖြစ်ဖြစ် မြင်မိကြမှာပါ။ ဒါပေမယ့် Justin O’Shea ကတော့ အဲ့ဒီပုံစံတွေကနေ ခွဲထွက်ပြီး Trend တစ်ခုအနေနဲ့ အသစ်ထွင်လိုက်ပါပြီ။ အမျိုးသားဝတ် Formal suit ကို အမျိုးသမီးခန္ဓာကိုယ်ပေါ်မှာ ဝတ်ပေးလိုက်ရင် ဘယ်လိုဖြစ်သွားမလဲ…သေချာပါတယ်..မိန်းကလေးဆန်တဲ့အသွင်မျိုး ပေါက်မသွားစေနိုင်ပေမယ့် အမြင်ဆန်းပြီး အရမ်းကိုစမတ်ကျပြီး Strong ဖြစ်တဲ့ဖက်ရှင်ဖြစ်စေမှာပါ။
Justin O’Shea ဆိုသူကတော့ အီတလီနိုင်ငံထုတ် အမျိုးသားဝတ်အမှတ်တံဆိပ်တစ်မျိုးဖြစ်တဲ့ Brioni အမှတ်တံဆိပ်ရဲ့ Creative Director ပါ။ ငယ်ရွယ်နုပျိုပြီး တက်ကြွလန်းဆန်းတဲ့ အသွင်ကိုပေါ်လွင်စေဖို့အတွက် မကြာသေးခင်က ထုတ်လုပ်လိုက်တဲ့ Collection မှာ ခပ်ဖျော့ဖျော့အရောင်တွေကို အဓိထားအသုံးပြုပြီး ကြယ်သီးတစ်လုံးတပ် ဂျက်ကက်တွေကို စတိုင်လ်ဘောင်းဘီတွေနဲ့တွဲကာ Classic ဖြစ်တဲ့ပုံပေါ်အောင် ဖန်တီးပေးထားပါတယ်။ ဒီလိုပုံစံတွေက အနောက်တိုင်းဆန်ပြီး အဆင့်မြင့်ဖက်ရှင်တစ်မျိုးဖြစ်တာကြောင့် ဝတ်လိုက်တဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေနိုင်တဲ့အပြင် ထူးခြားမှုတစ်ခုခုတော့ ပေးစွမ်းနိုင်မှာပါ။
အပေါ်မှာပြထားတဲ့ ပုံလေးတွေကိုကြည့်ပြီး Formal wear အတွက် အိုင်ဒီယာအသစ်အဆန်းလေးတွေ ရမယ်လို့ မျှော်လင့်ပါတယ်…တမူထူးခြားတဲ့ ဒီဇိုင်းတွေနဲ့အတူ သင့်ရဲ့ ဖက်ရှင်အမြင်ကို ထုတ်ဖော်ပြလိုက်ရအောင်…