Hello !!! နှစ်သစ်ကို ပိုစ့်အသစ်လေးတစ်ခုနဲ့ ကြိုဆိုလိုက်ပါတယ်…နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်ပြီဆိုတော့ နောက်ဆုံးပေါ်ဖက်ရှင်အသစ်လေးတွေနဲ့ ပြန်စကြရအောင်…၂၀၁၇ ရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး Pantone ကနေ အသစ်ရွေးချယ်လိုက်တဲ့ အရောင်လေးအကြောင်းစပြောမယ်နော်…ဒီနှစ်ကတော့ မနှစ်ကနဲ့ မတူပဲ အရောင်တစ်ရောင်ထဲကိုသာ ရွေးချယ်ထားပါတယ်။ ၂၀၁၆ တုန်းက Pantone ကရွေးချယ်လိုက်တဲ့ Rose Quartz ပန်းနုရောင်လေးနဲ့ Serenity အပြာနုရောင်က တစ်နှစ်ပတ်လုံး နေရာတိုင်းမှာ တွေ့နေရလောက်အောင် ခေတ်စားခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ Greenery လို့ခေါ်တဲ့ အစိမ်းရောင်လေးက တဖန်ပြန်ခေတ်စားမှာ ဖြစ်ပါတယ်။
Pantone ဆိုတာဘာလဲ…Pantone ဆိုတာက နှစ်စဉ်နှစ်တိုင်း ဖက်ရှင်၊ ဒီဇိုင်း၊ Home decoration နဲ့ အခြားနေရာတွေမှာ ခေတ်စားလာမယ့် အရောင်ကို ရွေးချယ်ပေးရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဒီနှစ်ကတော့ အစိမ်းရောင်ချစ်သူတို့အတွက် သတင်းကောင်းပါ။ Pantone ကနေ Greenery ကို Color of the year 2017 အဖြစ်ရွေးချယ်ပေးထားတဲ့အတွက် တစ်နှစ်ပတ်လုံး အစိမ်းရောင်ကိုမရိုးတမ်းသုံးပြီး ရှိုးထုတ်နိုင်ပါပြီ…အစိမ်းရောင်က လူသားတို့နဲ့ သဘာဝပတ်ဝန်းကျင်ကြားက ဆက်နွယ်မှုတစ်ခုရဲ့ အမှတ်သင်္ကေကတစ်ခုဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ထင်ဟပ်စေတဲ့အရောင်ဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်မှာလဲ အစိမ်းရောင်ကို နေရာတော်တော်များများမှာ မြင်ရအုံးမှာပါ…
အစိမ်းရောင်ကို ဘယ်လိုဝတ်ရကောင်းမလဲ စဉ်းစားနေကြသူတွေအတွက် နာမည်ကျော်မော်ဒယ်တွေ ဝတ်ပြထားတဲ့ Runway ပေါ်ကဖက်ရှင်ပုံရိပ်လေးတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်…